တာခ်ီလိတ္တြင္ ေနအိမ္အတြင္း ၀င္ခိုးသည့္ သူခိုးအား တားျမစ္စဥ္ အိမ္ရွင္အစ္ကို ဓါးထိုးခံရၿပီး ေဆး၀ါးကုသမႈ ခံယူေနရင္း ေဆးရံုတြင္ ေသဆံုး

တာခ်ီလိတ္တြင္ ေနအိမ္အတြင္း ၀င္ခိုးသည့္ သူခိုးအား တားျမစ္စဥ္ အိမ္ရွင္အစ္ကို ဓါးထိုးခံရၿပီး ေဆး၀ါးကုသမႈ ခံယူေနရင္း ေဆးရံုတြင္ ေသဆံုး
စက်တင်ဘာ 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေနအိမ္အတြင္း ဝင္ခိုးသည့္ လူငယ္ကို တားျမစ္ရာမွ ဓါးထိုး ခံရသူမွာ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၆)ရက္ေန႔ နံနက္တြင္ ေသဆံုးသြားသည့္ အတြက္ အမႈဖြင့္ ဖမ္းဆီးထားသည့္ အဆိုပါ လူငယ္အား လူသတ္မႈသို႔ ေျပာင္းလဲ စစ္ေဆးေနေၾကာင္း သိရသည္။

“လူေသသြားတဲ့ အတြက္ မူလပုဒ္မကေန လူသတ္မႈ ပုဒ္မ (၃၀၂)ကို ေျပာင္းၿပီး စစ္ေဆးေနတာပါ”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆန္ဆိုင္း(က)ရပ္ကြက္၊ (၉)လမ္းရိွေနအိမ္အတြင္း စက္တင္္ဘာလ(၅)ရက္ေန႔ ည(၉)နာရီဝန္းက်င္၌ ပစၥည္းဝင္ခိုးသည့္ အသက္(၁၇)ႏွစ္အရြယ္လူငယ္ကို တားျမစ္ရန္ႀကိဳးစားစဥ္ အိမ္ရွင္၏အစ္ကိုျဖစ္သူမွာ ဓါးျဖင့္ထုိးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါးထိုးခံရသည့္လူနာအား လူနာရွင္မ်ားက တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ၿပီး ယင္းမွတစ္ဆင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ေဆးရံုသို႔ ပို႔ေဆာင္ကုသမႈခံယူရာမွ စက္တင္ဘာလ(၆)ရက္ေန႔တြင္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“လူနာကို ဒီေဆးရံုကို ေခၚလာၿပီး သူတို႔ မယ္ဆုိင္ဘက္ကို ျပန္ေခၚသြားၾကတယ္။ လူနာဆံုးသြားၿပီးေတာ့ ဒီေဆးရံုကို ျပန္ေခၚလာၾကတယ္”ဟု တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက ေျပာသည္။

ေနအိမ္အတြင္း ဝင္ေရာက္ခိုးယူၿပီး တားျမစ္သူကို ဓါးျဖင့္ထိုးသည့္ ေဝဇင္ၿဖိဳး(ခ)အပြားေလးကို တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၂၉၈/၂၀၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၈၂ ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ၿပီး လူနာေသဆံုးသြားၿပီးေနာက္ ပုဒ္မ ၃၀၂ ျဖင့္ ေျပာင္းလဲစစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နေအိမ်အတွင်း ဝင်ခိုးသည့် လူငယ်ကို တားမြစ်ရာမှ ဓားထိုး ခံရသူမှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့ နံနက်တွင် သေဆုံးသွားသည့် အတွက် အမှုဖွင့် ဖမ်းဆီးထားသည့် အဆိုပါ လူငယ်အား လူသတ်မှုသို့ ပြောင်းလဲ စစ်ဆေးနေကြောင်း သိရသည်။

“လူသေသွားတဲ့ အတွက် မူလပုဒ်မကနေ လူသတ်မှု ပုဒ်မ (၃၀၂)ကို ပြောင်းပြီး စစ်ဆေးနေတာပါ”ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆန်ဆိုင်း(က)ရပ်ကွက်၊ (၉)လမ်းရှိနေအိမ်အတွင်း စက်တင်ဘာလ(၅)ရက်နေ့ ည(၉)နာရီဝန်းကျင်၌ ပစ္စည်းဝင်ခိုးသည့် အသက်(၁၇)နှစ်အရွယ်လူငယ်ကို တားမြစ်ရန်ကြိုးစားစဉ် အိမ်ရှင်၏အစ်ကိုဖြစ်သူမှာ ဓားဖြင့်ထိုးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဓားထိုးခံရသည့်လူနာအား လူနာရှင်များက တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ယင်းမှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူရာမှ စက်တင်ဘာလ(၆)ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“လူနာကို ဒီဆေးရုံကို ခေါ်လာပြီး သူတို့ မယ်ဆိုင်ဘက်ကို ပြန်ခေါ်သွားကြတယ်။ လူနာဆုံးသွားပြီးတော့ ဒီဆေးရုံကို ပြန်ခေါ်လာကြတယ်”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။

နေအိမ်အတွင်း ဝင်ရောက်ခိုးယူပြီး တားမြစ်သူကို ဓားဖြင့်ထိုးသည့် ဝေဇင်ဖြိုး(ခ)အပွားလေးကို တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ) ၂၉၈/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး လူနာသေဆုံးသွားပြီးနောက် ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲစစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~