တာခ်ီလိတ္တြင္ ေသနတ္ျဖင့္ပစ္၍ ဆုိင္ကယ္လုယက္မႈႏွင့္ ေရႊဆုိင္လုယက္မႈတို႔၌ အသံုးျပဳခဲ့သည့္ ေသနတ္ႏွင့္က်ည္ ဝယ္ယူေရးပူးေပါင္းကူညီေပးသူ (၅)ဦးကို ဖမ္းမိ

တာခ်ီလိတ္တြင္ ေသနတ္ျဖင့္ပစ္၍ ဆုိင္ကယ္လုယက္မႈႏွင့္ ေရႊဆုိင္လုယက္မႈတို႔၌ အသံုးျပဳခဲ့သည့္ ေသနတ္ႏွင့္က်ည္ ဝယ္ယူေရးပူးေပါင္းကူညီေပးသူ (၅)ဦးကို ဖမ္းမိ
စက်တင်ဘာ 2, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဆုိင္ကယ္တကၠစီသမားအား ေသနတ္ျဖင့္ပစ္၍ ဆိုင္ကယ္လုယက္မႈႏွင့္ ေရႊဆိုင္ကို ေသနတ္ျဖင့္ဝင္ေရာက္လုယက္မႈတို႔တြင္ က်ဴးလြန္သူအသံုးျပဳသည့္ ေသနတ္ႏွင့္က်ည္မ်ားဝယ္ယူရာတြင္ ပူးေပါင္းကူညီခဲ့သူ(၅)ဦးအား ေဖၚထုတ္ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

ဆိုင္ကယ္လုယက္မႈႏွင့္ ေရႊဆိုင္လုယက္မႈတို႔အား က်ဴးလြန္သူ စိုင္းလွဝင္း(ခ)အုိက္ဝင္းကို အခင္းျဖစ္ပြားၿပီး ရက္(၂၀)အၾကာ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၉)ရက္ေန႔တြင္ မုိင္းပ်ဥ္းၿမိဳ႕နယ္ တာေကာ္(၂)မိုင္ရြာတြင္ ဖမ္းဆီးရမိၿပီးေနာက္ ေသနတ္ႏွင့္က်ည္မ်ား ေရာင္းခ်သူမ်ားကို ဆက္လက္ေဖၚထုတ္ႏုိင္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

စိုင္းလွဝင္း(ခ)အုိက္ဝင္းသည္ အခင္းျဖစ္စဥ္မ်ား၌ အသံုးျပဳခဲ့သည့္ (.၂၂)ေသနတ္ႏွင့္ က်ည္မ်ားကို အစ္မျဖစ္သူ နန္းေမြေအာင္ (ခ)အင္ႏွင့္ သူငယ္ခ်င္းမ်ားျဖစ္ေသာ နန္းေအးဝင္းဟမ္(ခ)လန္း၊ စိုင္းခမ္းေဌး၊ စိုင္းမန္ဆာ(ခ)အားေပါင္၊ စိုင္းျမင့္ေအာင္(ခ) ဖန္တီတို႔ႏွင့္ ခ်ိတ္ဆက္၍ ထုိင္းဘတ္ေငြ (၄၀၀၀၀)ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္နက္ႏွင့္ က်ည္မ်ားကို လက္ဝယ္ထားရိွသူ အသက္(၂၂)ႏွစ္အရြယ္ စိုင္းလွဝင္း(ခ)အုိက္ဝင္းအား ၁၉၂၄ ခုႏွစ္၊ ရွမ္းျပည္နယ္လက္နက္အမိန္႔ အပိုဒ္ ၁၂(က)အရလည္းေကာင္း၊ လက္နက္ႏွင့္က်ည္မ်ား ဝယ္ယူေရးကို ပူးေပါင္းကူညီခဲ့ၾကသည့္ အသက္(၂၄)ႏွစ္အရြယ္ နန္းေမြေအာင္(ခ)အင္၊ အသက္(၂၄)ႏွစ္အရြယ္ နန္းေအးဝင္းဟမ္(ခ)လန္း၊ အသက္(၂၂)ႏွစ္အရြယ္ စိုင္းခမ္းေဌး၊ အသက္(၂၂)ႏွစ္အရြယ္ စိုင္းမန္ဆာ(ခ)အားေပါင္၊ အသက္(၂၅)ႏွစ္အရြယ္ စိုင္းျမင့္ေအာင္(ခ)ဖန္တီတို႔အား ၁၉၂၄ ခုႏွစ္၊ ရွမ္းျပည္နယ္လက္နက္အမိန္႔အပိုဒ္ ၁၂(ခ)/၁၂(ဂ)အရလည္းေကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

အဆိုပါ (၆)ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၈၉/၂၀၁၈၊ ရွမ္းျပည္နယ္လက္နက္အမိန္႔ အပိုဒ္ ၁၂(က)/၁၂(ခ)/၁၂(ဂ)ျဖင့္ ၾသဂုတ္လ(၃၀)ရက္ေန႔တြင္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

စိုင္းလွဝင္း(ခ)အုိက္ဝင္းကို  ၾသဂုတ္လ(၁၀)ရက္ေန႔ညပိုင္းက ေရႊတာခ်ီဆိုင္ကယ္တကၠစီအသင္းမွ ဆုိင္ကယ္ငွားစီးသြားၿပီး ဆိုင္ကယ္သမား၏လည္ပင္းကို အေနာက္မွေန၍ ေသနတ္ျဖင့္ပစ္ကာ ဆုိင္ကယ္လုယူသြားမႈႏွင့္ပတ္သက္၍ (ပ)၂၆၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄ ျဖင့္လည္းေကာင္း၊ ၾသဂုတ္လ (၁၈)ရက္ေန႔ နံနက္အေစာပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕လယ္ရိွ ဒိုင္းမြန္းေရႊဆုိင္တြင္ ေသနတ္ျဖင့္ ဝင္ေရာက္အႏုၾကမ္းစီးရာ ေရႊလာဝယ္သည့္ အမ်ိဳးသမီးငယ္တစ္ဦး ဒဏ္ရာရသြားမႈႏွင့္ပတ္သက္၍ (ပ)၂၇၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄/၄၂၇ ျဖင့္လည္းေကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားျခင္းျဖစ္သည္။

စိုင္းလွဝင္း(ခ)အုိက္ဝင္းႏွင့္အတူ တကၠစီသမားထံမွ လုယူသြားၿပီး ေရာင္းခ်ထားသည့္ ဆုိင္ကယ္၊ ေရႊဆုိင္ဝင္ေရာက္လုယက္စဥ္က ဝတ္ဆင္ထားသည့္ အဝတ္အစားမ်ား၊ ပိြဳင့္ ၂၂ ေသနတ္၊ က်ည္ (၁၃)ေတာင့္တို႔ကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္။

အဆိုပါ လုယက္မႈ(၂)ခုအတြင္း ဆိုင္ကယ္တကၠစီသမားတြင္ ဂုတ္ပိုး၌ ေသနတ္ဒဏ္ရာရသြားၿပီး ဒဏ္ရာအားခြဲစိတ္ကုသမႈ လုပ္ပါက အသက္အႏၱရာယ္ရိွႏိုင္သျဖင့္ က်ည္အား ခြဲထုတ္ႏုိင္ျခင္းမရိွေသးေၾကာင္း သိရၿပီး ေရႊဆုိင္လုယက္စဥ္က ေရႊထည္ပစၥည္းမ်ား ပါသြားျခင္းမရိွေသာ္လည္း ေရႊလာဝယ္သည့္ အမ်ိဳးသမီးငယ္မွာ လက္ေမာင္းတြင္ ေသနတ္ဒဏ္ရာရသြားျခင္းျဖစ္သည္။
Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် သေနတ်ဖြင့်ပစ်၍ ဆိုင်ကယ်လုယက်မှုနှင့် ရွှေဆိုင်လုယက်မှုတို့၌ အသုံးပြုခဲ့သည့် သေနတ်နှင့်ကျည် ဝယ်ယူရေးပူးပေါင်းကူညီပေးသူ (၅)ဦးကို ဖမ်းမိ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်တက္ကစီသမားအား သေနတ်ဖြင့်ပစ်၍ ဆိုင်ကယ်လုယက်မှုနှင့် ရွှေဆိုင်ကို သေနတ်ဖြင့်ဝင်ရောက်လုယက်မှုတို့တွင် ကျူးလွန်သူအသုံးပြုသည့် သေနတ်နှင့်ကျည်များဝယ်ယူရာတွင် ပူးပေါင်းကူညီခဲ့သူ(၅)ဦးအား ဖေါ်ထုတ်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဆိုင်ကယ်လုယက်မှုနှင့် ရွှေဆိုင်လုယက်မှုတို့အား ကျူးလွန်သူ စိုင်းလှဝင်း(ခ)အိုက်ဝင်းကို အခင်းဖြစ်ပွားပြီး ရက်(၂၀)အကြာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ် တာကော်(၂)မိုင်ရွာတွင် ဖမ်းဆီးရမိပြီးနောက် သေနတ်နှင့်ကျည်များ ရောင်းချသူများကို ဆက်လက်ဖေါ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စိုင်းလှဝင်း(ခ)အိုက်ဝင်းသည် အခင်းဖြစ်စဉ်များ၌ အသုံးပြုခဲ့သည့် (.၂၂)သေနတ်နှင့် ကျည်များကို အစ်မဖြစ်သူ နန်းမွေအောင် (ခ)အင်နှင့် သူငယ်ချင်းများဖြစ်သော နန်းအေးဝင်းဟမ်(ခ)လန်း၊ စိုင်းခမ်းဌေး၊ စိုင်းမန်ဆာ(ခ)အားပေါင်၊ စိုင်းမြင့်အောင်(ခ) ဖန်တီတို့နှင့် ချိတ်ဆက်၍ ထိုင်းဘတ်ငွေ (၄၀၀၀၀)ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်နှင့် ကျည်များကို လက်ဝယ်ထားရှိသူ အသက်(၂၂)နှစ်အရွယ် စိုင်းလှဝင်း(ခ)အိုက်ဝင်းအား ၁၉၂၄ ခုနှစ်၊ ရှမ်းပြည်နယ်လက်နက်အမိန့် အပိုဒ် ၁၂(က)အရလည်းကောင်း၊ လက်နက်နှင့်ကျည်များ ဝယ်ယူရေးကို ပူးပေါင်းကူညီခဲ့ကြသည့် အသက်(၂၄)နှစ်အရွယ် နန်းမွေအောင်(ခ)အင်၊ အသက်(၂၄)နှစ်အရွယ် နန်းအေးဝင်းဟမ်(ခ)လန်း၊ အသက်(၂၂)နှစ်အရွယ် စိုင်းခမ်းဌေး၊ အသက်(၂၂)နှစ်အရွယ် စိုင်းမန်ဆာ(ခ)အားပေါင်၊ အသက်(၂၅)နှစ်အရွယ် စိုင်းမြင့်အောင်(ခ)ဖန်တီတို့အား ၁၉၂၄ ခုနှစ်၊ ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ် ၁၂(ခ)/၁၂(ဂ)အရလည်းကောင်း တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အဆိုပါ (၆)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၈၉/၂၀၁၈၊ ရှမ်းပြည်နယ်လက်နက်အမိန့် အပိုဒ် ၁၂(က)/၁၂(ခ)/၁၂(ဂ)ဖြင့် သြဂုတ်လ(၃၀)ရက်နေ့တွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းလှဝင်း(ခ)အိုက်ဝင်းကို  သြဂုတ်လ(၁၀)ရက်နေ့ညပိုင်းက ရွှေတာချီဆိုင်ကယ်တက္ကစီအသင်းမှ ဆိုင်ကယ်ငှားစီးသွားပြီး ဆိုင်ကယ်သမား၏လည်ပင်းကို အနောက်မှနေ၍ သေနတ်ဖြင့်ပစ်ကာ ဆိုင်ကယ်လုယူသွားမှုနှင့်ပတ်သက်၍ (ပ)၂၆၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့်လည်းကောင်း၊ သြဂုတ်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းတွင် တာချီလိတ်မြို့လယ်ရှိ ဒိုင်းမွန်းရွှေဆိုင်တွင် သေနတ်ဖြင့် ဝင်ရောက်အနုကြမ်းစီးရာ ရွှေလာဝယ်သည့် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရသွားမှုနှင့်ပတ်သက်၍ (ပ)၂၇၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၄၂၇ ဖြင့်လည်းကောင်း တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

စိုင်းလှဝင်း(ခ)အိုက်ဝင်းနှင့်အတူ တက္ကစီသမားထံမှ လုယူသွားပြီး ရောင်းချထားသည့် ဆိုင်ကယ်၊ ရွှေဆိုင်ဝင်ရောက်လုယက်စဉ်က ဝတ်ဆင်ထားသည့် အဝတ်အစားများ၊ ပွိုင့် ၂၂ သေနတ်၊ ကျည် (၁၃)တောင့်တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုယက်မှု(၂)ခုအတွင်း ဆိုင်ကယ်တက္ကစီသမားတွင် ဂုတ်ပိုး၌ သေနတ်ဒဏ်ရာရသွားပြီး ဒဏ်ရာအားခွဲစိတ်ကုသမှု လုပ်ပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် ကျည်အား ခွဲထုတ်နိုင်ခြင်းမရှိသေးကြောင်း သိရပြီး ရွှေဆိုင်လုယက်စဉ်က ရွှေထည်ပစ္စည်းများ ပါသွားခြင်းမရှိသော်လည်း ရွှေလာဝယ်သည့် အမျိုးသမီးငယ်မှာ လက်မောင်းတွင် သေနတ်ဒဏ်ရာရသွားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ ရဲတပ်ဖွဲ့
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~