တာခ်ီလိတ္ၿမိဳ႕နယ္ ဧဒင္ေက်းရြာတြင္ မူးယစ္ေဆးေရာင္းခ်သည့္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕နယ္ ဧဒင္ေက်းရြာတြင္ မူးယစ္ေဆးေရာင္းခ်သည့္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိ
စက်တင်ဘာ 14, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊  ဖန္မင္ေက်းရြာအုပ္စု၊ ဧဒင္ေက်းရြာတြင္ မူးယစ္ေဆးေရာင္းခ်ေနသည့္ အမ်ိဳးသားတစ္ဦးကို မူးယစ္ေဆးအနည္းငယ္ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ပူးေပါင္းအဖြဲ႕သည္ မူးယစ္သတင္းရသည့္ ဖန္မင္ေက်းရြာအုပ္စု၊ ဧဒင္ေက်းရြာရိွ အားဂ်ယ္၏ေနအိမ္အား ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၄)ရက္ေန႔ ေန႔လယ္ (၁၁)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ဝင္ေရာက္ရွာေဖြရာ အားဂ်ယ္ကို ေနအိမ္ေရွ႕လမ္းမ၌ေတြ႔ရၿပီး ေနအိမ္အတြင္း ဆက္လက္ရွာေဖြရာ WY စိတ္ၾကြရူးသြပ္ေဆးျပား (၁၉၄)ျပားႏွင့္ မူးယစ္ေဆးသံုးစြဲသည့္ ဆက္စပ္ပစၥည္းမ်ားကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အားဂ်ာသည္ အဆိုပါစိတ္ၾကြေဆးျပားမ်ားကို ေရာင္းခ်ေနျခင္းျဖစ္သည္ဟု ထြက္ဆိုေၾကာင္း သိရၿပီး မူးယစ္ေဆးေရာင္းခ်သည့္ အသက္(၄၂)ႏွစ္အရြယ္ အားဂ်ယ္ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၇၈/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

အဆိုပါဖမ္းဆီးမႈအား မူးယစ္တပ္ဖြဲ႕စု(၃၀)၊ ခရိုင္ရဲတပ္ဖြဲ႕(မႈ/ႏွိမ္)၊ ေဟာင္လိတ္ရဲကင္းစခန္း၊ ရပရ(မႈ/ကူ)၊ စရဖ(တသခ)စု-၂တို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ရွာေဖြၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ် ဧဒင်ကျေးရွာတွင် မူးယစ်ဆေးရောင်းချသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊  ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာတွင် မူးယစ်ဆေးရောင်းချနေသည့် အမျိုးသားတစ်ဦးကို မူးယစ်ဆေးအနည်းငယ်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များပါဝင်သည့်ပူးပေါင်းအဖွဲ့သည် မူးယစ်သတင်းရသည့် ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာရှိ အားဂျယ်၏နေအိမ်အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့ နေ့လယ် (၁၁)နာရီ (၄၅)မိနစ်အချိန်တွင် ဝင်ရောက်ရှာဖွေရာ အားဂျယ်ကို နေအိမ်ရှေ့လမ်းမ၌တွေ့ရပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ WY စိတ်ကြွရူးသွပ်ဆေးပြား (၁၉၄)ပြားနှင့် မူးယစ်ဆေးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အားဂျာသည် အဆိုပါစိတ်ကြွဆေးပြားများကို ရောင်းချနေခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရပြီး မူးယစ်ဆေးရောင်းချသည့် အသက်(၄၂)နှစ်အရွယ် အားဂျယ်ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါဖမ်းဆီးမှုအား မူးယစ်တပ်ဖွဲ့စု(၃၀)၊ ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)၊ ဟောင်လိတ်ရဲကင်းစခန်း၊ ရပရ(မှု/ကူ)၊ စရဖ(တသခ)စု-၂တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေကြခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~