မူးယစ္ေဆးသယ္လာသူ (၃)ဦးကို တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေရွ႕တန္းတပ္စခန္းနယ္ေျမတြင္ ဖမ္းမိ

မူးယစ္ေဆးသယ္လာသူ (၃)ဦးကို တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေရွ႕တန္းတပ္စခန္းနယ္ေျမတြင္ ဖမ္းမိ
စက်တင်ဘာ 15, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ က်ထီးနားေက်းရြာအနီး၊ ေရွ႕တန္းတပ္စခန္းနယ္ေျမ ေအာင္ေျမ(၂)တြင္ ဆိုင္ကယ္ႏွစ္စီးျဖင့္ မူးယစ္ေဆးသယ္လာသူ (၃)ဦးကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၄)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္းသိရသည္။

ေအာင္ေျမ(၂) က်ထီးနားလမ္းေၾကာင္းအတိုင္း ေမာင္းႏွင္လာသည့္ ဆုိင္ကယ္ႏွစ္စီးကို ညေန(၅)နာရီအခ်ိန္၌ ေတြ႔ရသျဖင့္ က်ထီးနားေရွ႕တန္းတပ္စခန္းတာဝန္က်အဖြဲ႕က စစ္ေဆးရာ က်ရွီးေမာင္းႏွင္ၿပီး ရွန္ငင္း(ခ)က်ပိုလိုက္ပါလာသည့္ ဆုိင္ကယ္ကို ရွာေဖြရာ ဆိုင္ကယ္ေရွ႕ျခင္းအတြင္းထည့္လာသည့္ အိတ္အတြင္းမွ WY စာတမ္းပါစိတ္ၾကြရူးသြပ္ေဆးျပား (၁၂၁၀၀)ျပား၊ ဘိန္းစိမ္း (၁.၃၀၆၄)ဂရမ္၊ ဘိန္းျဖဴ (၀.၁)ဂရမ္ႏွင့္ ရွန္ငင္း(ခ)က်ပိုထမ္းလာသည့္ တူမီးေသနတ္တစ္လက္တို႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ က်ေတာေမာင္းႏွင္လာသည့္ ဆုိင္ကယ္ေရွ႕ျခင္းအတြင္းမွ WY စိတ္ၾကြေဆးျပား(၁၅)ျပားႏွင့္ ေဆးရႈကိရိယာတို႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

သိမ္းဆည္းရမိသည့္ သက္ေသခံပစၥည္းမ်ားႏွင့္ ဖမ္းဆီးရမိသူ(၃)ဦးတို႔ကို ေအာင္ေျမ(၂)ေရွ႕တန္းတပ္စခန္းမွ တာဝန္ရိွသူမ်ားက မူးယစ္တပ္ဖြဲ႕စု(၃၀)သို႔ ည(၁၁)နာရီ (၅၀)မိနစ္အခ်ိန္တြင္ လႊဲေျပာင္းေပးအပ္ခဲ့သျဖင့္ မူးယစ္ေဆးသယ္ေဆာင္လာသည့္ က်ရွီးႏွင့္ ရွန္ငင္း(ခ)က်ပိုအား မယ(ပ)၇၉/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၂(ခ)/၂၁ျဖင့္လည္းေကာင္း က်ေတာအား မယ(ပ)၈၀/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(ဂ)ျဖင့္လည္းေကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု-ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မူးယစ်ဆေးသယ်လာသူ (၃)ဦးကို တာချီလိတ်မြို့နယ်အတွင်း ရှေ့တန်းတပ်စခန်းနယ်မြေတွင်  ဖမ်းမိ
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကျထီးနားကျေးရွာအနီး၊ ရှေ့တန်းတပ်စခန်းနယ်မြေ အောင်မြေ(၂)တွင် ဆိုင်ကယ်နှစ်စီးဖြင့် မူးယစ်ဆေးသယ်လာသူ (၃)ဦးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့က ဖမ်းဆီးရမိကြောင်းသိရသည်။

အောင်မြေ(၂) ကျထီးနားလမ်းကြောင်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးကို ညနေ(၅)နာရီအချိန်၌ တွေ့ရသဖြင့် ကျထီးနားရှေ့တန်းတပ်စခန်းတာဝန်ကျအဖွဲ့က စစ်ဆေးရာ ကျရှီးမောင်းနှင်ပြီး ရှန်ငင်း(ခ)ကျပိုလိုက်ပါလာသည့် ဆိုင်ကယ်ကို ရှာဖွေရာ ဆိုင်ကယ်ရှေ့ခြင်းအတွင်းထည့်လာသည့် အိတ်အတွင်းမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား (၁၂၁၀၀)ပြား၊ ဘိန်းစိမ်း (၁.၃၀၆၄)ဂရမ်၊ ဘိန်းဖြူ (ဝ.၁)ဂရမ်နှင့် ရှန်ငင်း(ခ)ကျပိုထမ်းလာသည့် တူမီးသေနတ်တစ်လက်တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကျတောမောင်းနှင်လာသည့် ဆိုင်ကယ်ရှေ့ခြင်းအတွင်းမှ WY စိတ်ကြွဆေးပြား(၁၅)ပြားနှင့် ဆေးရှုကိရိယာတို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများနှင့် ဖမ်းဆီးရမိသူ(၃)ဦးတို့ကို အောင်မြေ(၂)ရှေ့တန်းတပ်စခန်းမှ တာဝန်ရှိသူများက မူးယစ်တပ်ဖွဲ့စု(၃၀)သို့ ည(၁၁)နာရီ (၅၀)မိနစ်အချိန်တွင် လွှဲပြောင်းပေးအပ်ခဲ့သဖြင့် မူးယစ်ဆေးသယ်ဆောင်လာသည့် ကျရှီးနှင့် ရှန်ငင်း(ခ)ကျပိုအား မယ(ပ)၇၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)/၂၁ဖြင့်လည်းကောင်း ကျတောအား မယ(ပ)၈၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့်လည်းကောင်း တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ-ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~