တာခ်ီလိတ္တြင္ ေက်ာင္းသားတစ္ဦးကို တုိက္ေျပးသည့္ယာဥ္ႏွင့္ ယာဥ္ေမာင္းကို (၈)ရက္ေျမာက္ေန႔တြင္ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ေက်ာင္းသားတစ္ဦးကို တုိက္ေျပးသည့္ယာဥ္ႏွင့္ ယာဥ္ေမာင္းကို (၈)ရက္ေျမာက္ေန႔တြင္ ဖမ္းဆီးရမိ
စက်တင်ဘာ 12, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေက်ာင္းသားတစ္ဦးကို တိုက္မိထြက္ေျပးသြားသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ယာဥ္ေမာင္းကို စက္တင္ဘာလ (၁၂)ရက္ေန႔တြင္ ဖမ္းဆီးရမိထားၿပီး ေဆးကုသမႈခံယူေနရဆဲေက်ာင္းသားအတြက္ ေဆးကုသမႈမ်ားကို ယာဥ္တုိက္မိသူ၏မိသားစုက တာဝန္ယူေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

 “မ်က္ျမင္သက္ေသေကာင္ေလးတစ္ေယာက္ရိွေတာ့ ကားထြက္သြားတဲ့ လမ္းေၾကာင္းကိုရတယ္။ အဲဒီလမ္းေၾကာင္းတစ္ေလွ်ာက္ စီစီတီဗီြမွတ္တမ္း စုစုေပါင္း (၁၅)လံုးေလာက္လုိက္ေတာ့ ကားနံပါတ္ ရလာတယ္။ ခရီးသည္တင္ကားဆိုတာ သိတယ္။ ပို႔ဆက္ကေန ဆက္လုိက္ေတာ့ ဒီကားက ရန္ကုန္လုိင္စင္ျဖစ္ေနလို႔ လုပ္ငန္းလုိင္စင္ေပးမထားေသးတာရတယ္။ ေနာက္ဆံုးက်ေတာ့ ဒီကားက ေက်းသီး၊ ဝမ္ဟိုင္းဘက္ဆြဲတဲ့ကားဆိုတာ သိရတယ္။ ကားက တုိက္တဲ့ေန႔ညေန မယ္ယန္းဂိတ္ပိတ္ခ်ိန္မွာ ထြက္သြားတာ သိရတယ္။ ကားပိုင္ရွင္ေတြသိေတာ့ ဒီမွာက်န္ခဲ့တဲ့ သူတုိ႔သမီးကေနတစ္ဆင့္ ခ်ိတ္ခိုင္းေတာ့ သူတုိ႔ လာခဲ့တာပါ။ ဝမ္ဟိုင္းက SSA နယ္ေျမဆိုေတာ့ ကၽြန္ေတာ္တုိ႔လည္း ဝင္ဖမ္းလုိ႔မရဘူး။ တုိ္က္ခံရတဲ့ ကေလးကလည္း ဆရာေတာ္ေတြ ေစာင့္ေရွာက္ထားတဲ့ မိဘမဲ့ကေလးဆိုေတာ့ သူတို႔လည္း ျပန္လာပါတယ္။ ကားကလည္း သူတုိ႔က အခုမွ ဝယ္ထားတုန္းရိွေသးတယ္လုိ႔ သိရတယ္။ အခု ကေလးက ခ်င္းရိုင္းေဆးရံုကေန မယ္ဆုိင္ေဆးရံုကို ေရႊ႕ၿပီး ကုသမႈခံယူေနတယ္လုိ႔ သိရတယ္။ ဒီကေလးအတြက္လည္း ေဆးကုသမႈကို သူတုိ႔ တာဝန္ယူခ်င္တယ္ ေျပာထားတယ္။ ယာဥ္တုိက္မႈကေတာ့ ကၽြန္ေတာ္တုိ႔ အမႈဖြင့္ထားတဲ့အတုိင္း ဆက္အေရးယူမွာပါ”ဟု အမွတ္(၁၁၇) ယာဥ္ထိန္းတပ္ဖြဲ႕စု(တာခ်ီလိတ္ခရိုင္) တပ္ဖြဲ႕စုမွဴး ဒုရဲမွဴး ေဇာ္မင္းသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ယာဥ္တုိက္မႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္းျဖစ္သူ ပီဆန္ဆိုက္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္စစ္ေဆးေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ရိွ ေနာင္ခမ္းေအာင္ဆုပန္ ပရဟိတဘုန္းေတာ္ႀကီးေက်ာင္းတြင္ ေနထုိင္ၿပီး အေျခခံပညာ အထက္တန္းေက်ာင္း(ေဟာင္လိတ္)တြင္ နဝမတန္းတက္ေနသည့္ ေမာင္ေအာင္ဆန္းမွာ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ (၅)ရက္ေန႔က ဘုန္းႀကီးေက်ာင္းတြင္ ေန႔လယ္စာစားၿပီး စက္ဘီးျဖင့္ ေက်ာင္းသို႔အျပန္တြင္ ေမာ္ေတာ္ယာဥ္တစ္စီးက ဝင္တုိက္မိၿပီး ထြက္ေျပးေမာင္းႏွင္သြားခဲ့ျခင္းျဖစ္သည္။

ယာဥ္တုိက္မႈေၾကာင့္ ေမာင္ေအာင္ဆန္းတြင္ နားရြက္တစ္ဖက္ျပတ္ထြက္ကာ ဒဏ္ရာအျပင္းအထန္ ရသြားသျဖင့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ထုိင္းႏုိင္ငံ မယ္ဆုိင္ေဆးရံုသို႔ ကူညီပို႔ေဆာင္ေပးကာ ယင္းမွတစ္ဆင့္ ခ်င္းရိုင္းေဆးရံုတြင္ ေနာင္ခမ္းေအာင္ဆုပန္ ပရဟိတ ဘုန္းေတာ္ႀကီးေက်ာင္းမွ ဆရာေတာ္မ်ား လုိက္ပါေစာင့္ေရွာက္ကုသေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ကျောင်းသားတစ်ဦးကို တိုက်ပြေးသည့်ယာဉ်နှင့် ယာဉ်မောင်းကို (၈)ရက်မြောက်နေ့တွင် ဖမ်းဆီးရမိ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျောင်းသားတစ်ဦးကို တိုက်မိထွက်ပြေးသွားသည့် မော်တော်ယာဉ်နှင့်ယာဉ်မောင်းကို စက်တင်ဘာလ (၁၂)ရက်နေ့တွင် ဖမ်းဆီးရမိထားပြီး ဆေးကုသမှုခံယူနေရဆဲကျောင်းသားအတွက် ဆေးကုသမှုများကို ယာဉ်တိုက်မိသူ၏မိသားစုက တာဝန်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 “မျက်မြင်သက်သေကောင်လေးတစ်ယောက်ရှိတော့ ကားထွက်သွားတဲ့ လမ်းကြောင်းကိုရတယ်။ အဲဒီလမ်းကြောင်းတစ်လျှောက် စီစီတီဗွီမှတ်တမ်း စုစုပေါင်း (၁၅)လုံးလောက်လိုက်တော့ ကားနံပါတ် ရလာတယ်။ ခရီးသည်တင်ကားဆိုတာ သိတယ်။ ပို့ဆက်ကနေ ဆက်လိုက်တော့ ဒီကားက ရန်ကုန်လိုင်စင်ဖြစ်နေလို့ လုပ်ငန်းလိုင်စင်ပေးမထားသေးတာရတယ်။ နောက်ဆုံးကျတော့ ဒီကားက ကျေးသီး၊ ဝမ်ဟိုင်းဘက်ဆွဲတဲ့ကားဆိုတာ သိရတယ်။ ကားက တိုက်တဲ့နေ့ညနေ မယ်ယန်းဂိတ်ပိတ်ချိန်မှာ ထွက်သွားတာ သိရတယ်။ ကားပိုင်ရှင်တွေသိတော့ ဒီမှာကျန်ခဲ့တဲ့ သူတို့သမီးကနေတစ်ဆင့် ချိတ်ခိုင်းတော့ သူတို့ လာခဲ့တာပါ။ ဝမ်ဟိုင်းက SSA နယ်မြေဆိုတော့ ကျွန်တော်တို့လည်း ဝင်ဖမ်းလို့မရဘူး။ တိုက်ခံရတဲ့ ကလေးကလည်း ဆရာတော်တွေ စောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေးဆိုတော့ သူတို့လည်း ပြန်လာပါတယ်။ ကားကလည်း သူတို့က အခုမှ ဝယ်ထားတုန်းရှိသေးတယ်လို့ သိရတယ်။ အခု ကလေးက ချင်းရိုင်းဆေးရုံကနေ မယ်ဆိုင်ဆေးရုံကို ရွှေ့ပြီး ကုသမှုခံယူနေတယ်လို့ သိရတယ်။ ဒီကလေးအတွက်လည်း ဆေးကုသမှုကို သူတို့ တာဝန်ယူချင်တယ် ပြောထားတယ်။ ယာဉ်တိုက်မှုကတော့ ကျွန်တော်တို့ အမှုဖွင့်ထားတဲ့အတိုင်း ဆက်အရေးယူမှာပါ”ဟု အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ပီဆန်ဆိုက်အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ နောင်ခမ်းအောင်ဆုပန် ပရဟိတဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ပြီး အခြေခံပညာ အထက်တန်းကျောင်း(ဟောင်လိတ်)တွင် နဝမတန်းတက်နေသည့် မောင်အောင်ဆန်းမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့က ဘုန်းကြီးကျောင်းတွင် နေ့လယ်စာစားပြီး စက်ဘီးဖြင့် ကျောင်းသို့အပြန်တွင် မော်တော်ယာဉ်တစ်စီးက ဝင်တိုက်မိပြီး ထွက်ပြေးမောင်းနှင်သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် မောင်အောင်ဆန်းတွင် နားရွက်တစ်ဖက်ပြတ်ထွက်ကာ ဒဏ်ရာအပြင်းအထန် ရသွားသဖြင့် တာချီလိတ်နာရေးကူညီမှုအသင်းက ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ ကူညီပို့ဆောင်ပေးကာ ယင်းမှတစ်ဆင့် ချင်းရိုင်းဆေးရုံတွင် နောင်ခမ်းအောင်ဆုပန် ပရဟိတ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များ လိုက်ပါစောင့်ရှောက်ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~