ရွမ္းျပည္နယ္တြင္း ေလာင္းကစားဝိုင္းမ်ားပေပ်ာက္ေရးအဆိုကို အတည္ျပဳၿပီးေနာက္ လက္ရိွအေျခအေနထက္ အေရးယူမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ရန္လိုအပ္ေန

ရွမ္းျပည္နယ္တြင္း ေလာင္းကစားဝိုင္းမ်ားပေပ်ာက္ေရးအဆိုကို အတည္ျပဳၿပီးေနာက္ လက္ရိွအေျခအေနထက္ အေရးယူမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ရန္လိုအပ္ေန
စက်တင်ဘာ 24, 2018
By 🌸
နယ္စပ္ေရးရာႏွင့္လံုၿခံဳေရးဝန္ႀကီးကိုယ္တိုင္ ေထာက္္ခံထားသည့္ ရွမ္းျပည္နယ္အတြင္း ေလာင္းကစားဝိုင္းမ်ား ပေပ်ာက္ေရးႏွင့္ တင္းၾကပ္စြာတားဆီးပိတ္ပင္အေရးယူေပးႏုိင္ေရး  ျပည္နယ္အစိုးရသို႔ တုိက္တြန္းသည့္အဆို အတည္ျပဳၿပီးေနာက္ ျပည္နယ္တြင္း အေရးယူေဆာင္ရြက္မည့္ အေျခအေနမ်ား လက္ရိွထက္ တိုးတက္ရန္လိုအပ္ေနသည္ဟု အဆိုတင္သြင္းသည့္လႊတ္ေတာ္ကိုယ္စားလွယ္က ဆုိသည္။

“အခုထက္ထိေတာ့ ထိထိေရာက္ေရာက္ မရိွဘူးလုိ႔ ျမင္ပါတယ္။ အခုထိေတာ့ အေရးယူတာေတြ ဘာေတြ မျမင္ရဘူးေပါ့။ ဒါေၾကာင့္ တုိက္တြန္းရတာေပါ့။ ေျဖရွင္းနည္းကေတာ့ သူတုိ႔လုပ္ပုိင္ခြင့္ရိွေနတာပဲ။ ငါးမန္းဂိမ္းဆိုင္ေတြ၊ ေလာင္းကစားဝုိင္းေတြရိွေနတာကို ထိထိေရာက္ေရာက္အေရးယူမယ္ဆိုရင္ေတာ့ ဘယ္သူမွ မလုပ္ရဲေတာ့ဘူးေလ။ အဲဒါေၾကာင့္ မူဆယ္က လႊတ္ေတာ္ကိုယ္စားလွယ္က ေဆြးေႏြးတယ္ေလ အုပ္ခ်ဳပ္ေရးမွဴးေတြကအစ သူတို႔လုပ္ပိုင္ခြင့္ထဲမွာရိွေနရဲ႕သားနဲ႔ အားနည္းတယ္လို႔ ေထာက္ျပထားပါတယ္။ ရဲေတြကအစ၊ အုပ္ခ်ဳပ္ေရးေတြ၊ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြကအစ လာတားမယ္ဆိုရင္၊ မတားႏုိင္ဘူး ဆိုရင္ေတာင္ သက္ဆုိင္ရာကို သတင္းေပးတာမ်ိဳးေတြ လုပ္မယ္ဆိုရင္ ဒါကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ေပ်ာက္သြားမွာပဲေလ”ဟု အဆိုတင္သြင္းခဲ့သည့္ သိႏၷီမဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းခင္ထားရီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္သူမ်ား စီးပြားေရးအၾကပ္အတည္းျဖစ္ေပၚေစျခင္း၊ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈႏွင့္ သံုးစြဲမႈ မ်ားျပားလာျခင္း၊ စားဝတ္ေနေရးအတြက္ စိန္ေခၚမႈမ်ားရိွလာ၍ ခိုးဆိုးတိုက္ခို္က္မႈမ်ား၊ အုပ္စုဖြဲ႕ရိုက္ႏွက္မႈမ်ား၊ လုယက္မႈမ်ား၊ လိမ္လည္မႈမ်ားစသည့္ ေလာင္းကစားဝိုင္းမ်ားႏွင့္ဆက္စပ္သည့္ မႈခင္းမ်ားျဖစ္ပြားမႈမ်ားျပားလာျခင္းတုိ႔ေၾကာင့္ ျပည္နယ္တြင္း ေလာင္းကစားဝိုင္းမ်ား ပေပ်ာက္ေရးအတြက္ တင္းၾကပ္တားဆီးပိတ္ပင္သြားရန္ ျပည္နယ္အစိုးရအား ၂၀၁၈ ခုႏွစ္ ေမလအတြင္းက သိႏၷီမဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းခင္ထားရီက ျပည္နယ္လႊတ္ေတာ္တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၂၁)ရက္ေန႔က အဆိုတင္သြင္းရာ အဆိုကို အတည္ျပဳႏုိင္ခဲ့ၿပီး ျပည္နယ္အစိုးရအဖြဲ႕ဝင္ နယ္စပ္ေရးရာႏွင့္လံုၿခံဳေရးဝန္ႀကီးကိုယ္တိုင္ ေထာက္္ခံအတည္ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ဝန္ႀကီးကလည္း သူတို႔ဘက္က လုပ္ေဆာင္ထားတာေတြကို အခ်က္အလက္နဲ႔ ေျဖပါတယ္။ သူတုိ႔လည္း ထိထိေရာက္ေရာက္ လုပ္ေနပါတယ္။ ဒါေပမဲ့ လံုးဝပေပ်ာက္ေအာင္ေတာ့ လုပ္လို႔မရပါဘူး။ ေလ်ာ့နည္းေအာင္ေတာ့ လုပ္ေနပါတယ္။ ေရွ႕ေလွ်ာက္လည္း လုပ္သြားမယ္ေပါ့။ ဒါေၾကာင့္ ဒီအဆိုကို အတည္ျပဳေပးပါရန္ဆိုၿပီး ေထာက္ခံတင္ျပခဲ့တာပါ။ ေလာင္းကစားလုိ႔သံုးလုိက္မယ္ဆုိရင္ေတာ့ ဥပမာ ကိုယ္ဝန္ေဆာင္က သားေမြးမလား သမီးေမြးမလားဆိုတာကအစ ေလာင္းကစားျဖစ္တယ္ေပါ့။ ဒီေတာ့ ဒီလိုဟာေတြေတာ့ ပေပ်ာက္ေအာင္ လုပ္လို႔မရဘူးေပါ့”ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းခင္ထားရီက ဆိုသည္။

၂၀၁၈ ခုႏွစ္ ေမလအတြင္းက သိႏၷီမဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ နန္းခင္ထားရီက ယင္းအဆိုကို ျပည္နယ္လႊတ္ေတာ္ဥကၠဌထံ တင္ျပခဲ့ၿပီးေနာက္ စက္တင္ဘာလတြင္ က်င္းပသည့္လႊတ္ေတာ္အစည္းအေဝးတြင္ အဆိုတင္သြင္းႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တွင်း လောင်းကစားဝိုင်းများပပျောက်ရေးအဆိုကို အတည်ပြုပြီးနောက် လက်ရှိအခြေအနေထက် အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်ရန်လိုအပ်နေ
*************
နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးကိုယ်တိုင် ထောက်ခံထားသည့် ရှမ်းပြည်နယ်အတွင်း လောင်းကစားဝိုင်းများ ပပျောက်ရေးနှင့် တင်းကြပ်စွာတားဆီးပိတ်ပင်အရေးယူပေးနိုင်ရေး  ပြည်နယ်အစိုးရသို့ တိုက်တွန်းသည့်အဆို အတည်ပြုပြီးနောက် ပြည်နယ်တွင်း အရေးယူဆောင်ရွက်မည့် အခြေအနေများ လက်ရှိထက် တိုးတက်ရန်လိုအပ်နေသည်ဟု အဆိုတင်သွင်းသည့်လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

“အခုထက်ထိတော့ ထိထိရောက်ရောက် မရှိဘူးလို့ မြင်ပါတယ်။ အခုထိတော့ အရေးယူတာတွေ ဘာတွေ မမြင်ရဘူးပေါ့။ ဒါကြောင့် တိုက်တွန်းရတာပေါ့။ ဖြေရှင်းနည်းကတော့ သူတို့လုပ်ပိုင်ခွင့်ရှိနေတာပဲ။ ငါးမန်းဂိမ်းဆိုင်တွေ၊ လောင်းကစားဝိုင်းတွေရှိနေတာကို ထိထိရောက်ရောက်အရေးယူမယ်ဆိုရင်တော့ ဘယ်သူမှ မလုပ်ရဲတော့ဘူးလေ။ အဲဒါကြောင့် မူဆယ်က လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးတယ်လေ အုပ်ချုပ်ရေးမှူးတွေကအစ သူတို့လုပ်ပိုင်ခွင့်ထဲမှာရှိနေရဲ့သားနဲ့ အားနည်းတယ်လို့ ထောက်ပြထားပါတယ်။ ရဲတွေကအစ၊ အုပ်ချုပ်ရေးတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကအစ လာတားမယ်ဆိုရင်၊ မတားနိုင်ဘူး ဆိုရင်တောင် သက်ဆိုင်ရာကို သတင်းပေးတာမျိုးတွေ လုပ်မယ်ဆိုရင် ဒါကတော့ ဘယ်လိုပဲဖြစ်ဖြစ် ပျောက်သွားမှာပဲလေ”ဟု အဆိုတင်သွင်းခဲ့သည့် သိန္နီမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်သူများ စီးပွားရေးအကြပ်အတည်းဖြစ်ပေါ်စေခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှု များပြားလာခြင်း၊ စားဝတ်နေရေးအတွက် စိန်ခေါ်မှုများရှိလာ၍ ခိုးဆိုးတိုက်ခိုက်မှုများ၊ အုပ်စုဖွဲ့ရိုက်နှက်မှုများ၊ လုယက်မှုများ၊ လိမ်လည်မှုများစသည့် လောင်းကစားဝိုင်းများနှင့်ဆက်စပ်သည့် မှုခင်းများဖြစ်ပွားမှုများပြားလာခြင်းတို့ကြောင့် ပြည်နယ်တွင်း လောင်းကစားဝိုင်းများ ပပျောက်ရေးအတွက် တင်းကြပ်တားဆီးပိတ်ပင်သွားရန် ပြည်နယ်အစိုးရအား ၂၀၁၈ ခုနှစ် မေလအတွင်းက သိန္နီမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ပြည်နယ်လွှတ်တော်တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်နေ့က အဆိုတင်သွင်းရာ အဆိုကို အတည်ပြုနိုင်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးကိုယ်တိုင် ထောက်ခံအတည်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

“ဝန်ကြီးကလည်း သူတို့ဘက်က လုပ်ဆောင်ထားတာတွေကို အချက်အလက်နဲ့ ဖြေပါတယ်။ သူတို့လည်း ထိထိရောက်ရောက် လုပ်နေပါတယ်။ ဒါပေမဲ့ လုံးဝပပျောက်အောင်တော့ လုပ်လို့မရပါဘူး။ လျော့နည်းအောင်တော့ လုပ်နေပါတယ်။ ရှေ့လျှောက်လည်း လုပ်သွားမယ်ပေါ့။ ဒါကြောင့် ဒီအဆိုကို အတည်ပြုပေးပါရန်ဆိုပြီး ထောက်ခံတင်ပြခဲ့တာပါ။ လောင်းကစားလို့သုံးလိုက်မယ်ဆိုရင်တော့ ဥပမာ ကိုယ်ဝန်ဆောင်က သားမွေးမလား သမီးမွေးမလားဆိုတာကအစ လောင်းကစားဖြစ်တယ်ပေါ့။ ဒီတော့ ဒီလိုဟာတွေတော့ ပပျောက်အောင် လုပ်လို့မရဘူးပေါ့”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ဆိုသည်။

၂၀၁၈ ခုနှစ် မေလအတွင်းက သိန္နီမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီက ယင်းအဆိုကို ပြည်နယ်လွှတ်တော်ဥက္ကဌထံ တင်ပြခဲ့ပြီးနောက် စက်တင်ဘာလတွင် ကျင်းပသည့်လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~