ျပင္ဦးလြင္ၿမိဳ႕နယ္ ျပင္စာရဲကင္းစခန္းကို နယ္ေျမရဲစခန္းအဆင့္ တိုးျမႇင့္ဖြင့္လွစ္

ျပင္ဦးလြင္ၿမိဳ႕နယ္ ျပင္စာရဲကင္းစခန္းကို နယ္ေျမရဲစခန္းအဆင့္ တိုးျမႇင့္ဖြင့္လွစ္
စက်တင်ဘာ 17, 2018
By 🌸
မႏၱေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ခရိုင္၊ ျပင္ဦးလြင္ၿမိဳ႕နယ္ရိွ ျပင္စာရဲကင္းစခန္းကို နယ္ေျမရဲစခန္းအဆင့္သို႔ တိုးျမႇင့္ဖြင့္လွစ္ျခင္းအခမ္းအနားကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၆)ရက္ေန႔က က်င္းပေၾကာင္း သိရသည္။

အဆိုပါ ရဲကင္းစခန္းကို နယ္ေျမရဲစခန္းအဆင့္သို႔ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၈)ရက္ေန႔မွစ၍ အဆင့္တိုးျမႇင့္ဖြင့္လွစ္ခြင့္ေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

နယ္ေျမရဲစခန္းအဆင့္တိုးျမႇင့္ဖြင့္လွစ္ျခင္းအခမ္းအနားသို႔ မႏၱေလးတုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္မင္း၊ ျပင္ဦးလြင္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ညီညီ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ဥာဏ၊  ျပင္ဦးလြင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးအာကာလင္း၊ ျပင္စာနယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္ ဝင္းဗိုလ္ႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ သက္ဆုိင္ရာတာဝန္ရိွသူမ်ားႏွင့္ ဧည့္သည္ေတာ္မ်ား စုစုေပါင္း လူဦးေရ (၅၀)ခန္႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ပြင်ဦးလွင်မြို့နယ် ပြင်စာရဲကင်းစခန်းကို နယ်မြေရဲစခန်းအဆင့် တိုးမြှင့်ဖွင့်လှစ်
**************
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြင်စာရဲကင်းစခန်းကို နယ်မြေရဲစခန်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့က ကျင်းပကြောင်း သိရသည်။

အဆိုပါ ရဲကင်းစခန်းကို နယ်မြေရဲစခန်းအဆင့်သို့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့မှစ၍ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နယ်မြေရဲစခန်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညီညီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဉာဏ၊  ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်း၊ ပြင်စာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ်နှင့် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စုစုပေါင်း လူဦးရေ (၅၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~