ပင္းတယေဒသထြက္လက္ဖက္ အရည္အေသြးျပည့္မီ၍ Green Tea တစ္တန္ခြဲ ဂ်ာမနီတင္ပို႔မည္

ပင္းတယေဒသထြက္လက္ဖက္ အရည္အေသြးျပည့္မီ၍ Green Tea တစ္တန္ခြဲ ဂ်ာမနီတင္ပို႔မည္
စက်တင်ဘာ 22, 2018
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္းတယၿမိဳ႕မွ ယခုႏွစ္ လက္ဖက္ထုတ္လုပ္မႈ အရည္အေသြးျပည့္မီသျဖင့္ ဂ်ာမနီသို႕ Green Tea တစ္တန္ခြဲတင္ပို႔ႏုိင္မည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္လက္ဖက္အစုအဖြဲ႕ထံမွ သိရသည္။
“ဒီႏွစ္ကေတာ့ ျပည္ပဆိုရင္ ဂ်ာမနီကို တစ္တန္ခြဲ တင္ပို႔ဖို႔ စီစဥ္ေနပါတယ္။ ျပည္တြင္းကေတာ့ သဘာ၀ရိုးရိုး ေနလွန္းေျခာက္ေတြပဲ ပိုသံုးၾကတယ္။ Green Tea လက္ဖက္ကေတာ့ စက္ရံုကထုတ္တဲ့ဟာဆိုရင္ေတာ့ ေစ်းပိုရတယ္။ သဘာ၀လက္နဲ႔လုပ္တဲ့ Green Tea ဆိုရင္ေတာ့ ေစ်းနည္းနည္းေလ်ာ့တယ္။ အစိုက်ေတာ့ ပံုမွန္ေစ်းႏႈန္းအတိုင္းပဲရတယ္။ အရင္ႏွစ္က လက္ဖက္ပ်က္စီးတာမ်ားသြားေတာ့ ျပည္ပလည္းမတင္ပို႔ဘူး။ ဒီႏွစ္ကလည္း အထြက္နည္းနည္းက်တယ္။ ရာသီဥတုနဲ႔လည္း သက္ဆိုင္တယ္။ ဒါေပမဲ့ အထြက္ေလ်ာ့ေပမဲ့လည္း ေစ်းေကာင္းရပါတယ္” ဟု ရွမ္းျပည္နယ္လက္ဖက္အစုအဖြဲ႕မွ ဦးဘစီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လက္ဖက္စိုက္ပ်ဳိးထုတ္လုပ္မႈတြင္ လက္ဖက္အစိုထုတ္လုပ္မႈ(၅၅)ရာခုိင္ႏႈန္း၊ ေနလွန္းေျခာက္၍ ေန႔ခ်င္းေျခာက္(စက္ျဖင့္) Green Tea လက္ဖက္ေျခာက္ ထုပ္လုပ္မႈ (၃၅) ရာခိုင္ႏႈန္းႏွင့္ မီးဖိုေျခာက္လက္ဖက္ေျခာက္ ထုတ္လုပ္မႈ (၁၀) ရာခိုင္ႏႈန္းရိွေၾကာင္း သိရသည္။
“ဒီႏွစ္က ဂ်ာမနီဘက္ကို စမ္းျပၾကည့္ေတာ့ သူတို႔ကႀကိဳက္တယ္။ ျပည္ပဆိုရင္ ဂ်ာမနီတစ္ခုပဲ တင္ပို႔ေပးေနတယ္။ ထိုင္းနဲ႔ တရုတ္ကေတာ့ နမူနာစမ္းေနတယ္။ တင္ပို႔ဖို႔မျဖစ္နိုင္ေသးဘူး။ ကၽြန္ေတာ္တ႔ိုလည္း မလုပ္နိုင္ေသးဘူး။ ဒီႏွစ္က ဂ်ာမနီကိုတင္ပို႔တာ ေစ်းလည္း အရင္ႏွစ္ထက္ပိုရပါတယ္” ဟု ရွမ္းျပည္နယ္ လက္ဖက္အစုအဖြဲ႕မွ ဦးဘစီက ေျပာသည္။
ရွမ္းျပည္နယ္အတြင္းရွိ လက္ဖက္အမ်ားဆံုး စိုက္ပ်ဳိးေသာၿမိဳ႕နယ္မ်ားျဖစ္သည့္ ေက်ာက္မဲႏွင့္ နမ့္ဆန္တြင္ ဧကေပါင္း (၈၀၀၀၀) ေက်ာ္၊ ပင္းတယတြင္ ဧကေပါင္း (၁၀၀၀၀)ေက်ာ္၊ ရပ္ေစာက္တြင္ ဧကေပါင္း (၆၀၀၀)၊ ပင္ေလာင္းႏွင့္ ရြာငံတို႔တြင္ ဧကေပါင္း(၆၀၀၀)ဝန္းက်င္အထိရွိေၾကာင္း သိရသည္။ 
ရွမ္းျပည္နယ္တြင္း လက္ဖက္စိုက္ပ်ိဳးသည့္ေဒသမ်ားအနက္ ယခုႏွစ္အတြင္း အရည္အေသြးေကာင္းစြာထြက္သည့္ ပင္းတယေဒသထြက္လက္ဖက္ကို ျပည္ပတင္ပို႔ေနျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း #ႏိုႏို
ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~

ပင်းတယဒေသထွက်လက်ဖက် အရည်အသွေးပြည့်မီ၍ Green Tea တစ်တန်ခွဲ ဂျာမနီတင်ပို့မည်
***************
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့မှ ယခုနှစ် လက်ဖက်ထုတ်လုပ်မှု အရည်အသွေးပြည့်မီသဖြင့် ဂျာမနီသို့ Green Tea တစ်တန်ခွဲတင်ပို့နိုင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်လက်ဖက်အစုအဖွဲ့ထံမှ သိရသည်။

“ဒီနှစ်ကတော့ ပြည်ပဆိုရင် ဂျာမနီကို တစ်တန်ခွဲ တင်ပို့ဖို့ စီစဉ်နေပါတယ်။ ပြည်တွင်းကတော့ သဘာဝရိုးရိုး နေလှန်းခြောက်တွေပဲ ပိုသုံးကြတယ်။ Green Tea လက်ဖက်ကတော့ စက်ရုံကထုတ်တဲ့ဟာဆိုရင်တော့ ဈေးပိုရတယ်။ သဘာဝလက်နဲ့လုပ်တဲ့ Green Tea ဆိုရင်တော့ ဈေးနည်းနည်းလျော့တယ်။ အစိုကျတော့ ပုံမှန်ဈေးနှုန်းအတိုင်းပဲရတယ်။ အရင်နှစ်က လက်ဖက်ပျက်စီးတာများသွားတော့ ပြည်ပလည်းမတင်ပို့ဘူး။ ဒီနှစ်ကလည်း အထွက်နည်းနည်းကျတယ်။ ရာသီဥတုနဲ့လည်း သက်ဆိုင်တယ်။ ဒါပေမဲ့ အထွက်လျော့ပေမဲ့လည်း ဈေးကောင်းရပါတယ်” ဟု ရှမ်းပြည်နယ်လက်ဖက်အစုအဖွဲ့မှ ဦးဘစီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုတွင် လက်ဖက်အစိုထုတ်လုပ်မှု(၅၅)ရာခိုင်နှုန်း၊ နေလှန်းခြောက်၍ နေ့ချင်းခြောက်(စက်ဖြင့်) Green Tea လက်ဖက်ခြောက် ထုပ်လုပ်မှု (၃၅) ရာခိုင်နှုန်းနှင့် မီးဖိုခြောက်လက်ဖက်ခြောက် ထုတ်လုပ်မှု (၁၀) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

“ဒီနှစ်က ဂျာမနီဘက်ကို စမ်းပြကြည့်တော့ သူတို့ကကြိုက်တယ်။ ပြည်ပဆိုရင် ဂျာမနီတစ်ခုပဲ တင်ပို့ပေးနေတယ်။ ထိုင်းနဲ့ တရုတ်ကတော့ နမူနာစမ်းနေတယ်။ တင်ပို့ဖို့မဖြစ်နိုင်သေးဘူး။ ကျွန်တော်တ့ိုလည်း မလုပ်နိုင်သေးဘူး။ ဒီနှစ်က ဂျာမနီကိုတင်ပို့တာ ဈေးလည်း အရင်နှစ်ထက်ပိုရပါတယ်” ဟု ရှမ်းပြည်နယ် လက်ဖက်အစုအဖွဲ့မှ ဦးဘစီက ပြောသည်။

ရှမ်းပြည်နယ်အတွင်းရှိ လက်ဖက်အများဆုံး စိုက်ပျိုးသောမြို့နယ်များဖြစ်သည့် ကျောက်မဲနှင့် နမ့်ဆန်တွင် ဧကပေါင်း (၈၀၀၀၀) ကျော်၊ ပင်းတယတွင် ဧကပေါင်း (၁၀၀၀၀)ကျော်၊ ရပ်စောက်တွင် ဧကပေါင်း (၆၀၀၀)၊ ပင်လောင်းနှင့် ရွာငံတို့တွင် ဧကပေါင်း(၆၀၀၀)ဝန်းကျင်အထိရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင်း လက်ဖက်စိုက်ပျိုးသည့်ဒေသများအနက် ယခုနှစ်အတွင်း အရည်အသွေးကောင်းစွာထွက်သည့် ပင်းတယဒေသထွက်လက်ဖက်ကို ပြည်ပတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို
ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~