စစ္က်န္အေျမာက္က်ည္ဆံေဟာင္း ၁၂ လုံး ငဖဲၿမိဳ႕နယ္ ပန္းထိမ္းေခ်ာင္းအတြင္းမွ ေတြ႔ရိွ

စစ္က်န္အေျမာက္က်ည္ဆံေဟာင္း ၁၂ လုံး ငဖဲၿမိဳ႕နယ္ ပန္းထိမ္းေခ်ာင္းအတြင္းမွ ေတြ႔ရိွ
စက်တင်ဘာ 11, 2018
By 🌸
မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္၊ စစ္ေတာေက်းရြာ ပန္းထိမ္းေခ်ာင္းအတြင္း ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၁)ရက္ေန႔ နံနက္(၇)နာရီ (၅၀)မိနစ္ဝန္းက်င္က စစ္က်န္အေျမာက္က်ည္ (၁၂)လံုးကို ေဒသခံတစ္ဦးက ေတြ႔ရိွရသျဖင့္ ရဲတပ္ဖြဲ႕ႏွင့္ နယ္ေျမခံတပ္တို႔က စစ္ေဆးသိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

အဆုိပါေခ်ာင္းတြင္ လက္လုပ္တစ္ဖက္ရပ္ဆည္ျပဳလုပ္ထားသည့္ ဦးဖိုးေအးက ဆည္၏အထက္ရိွ ေခ်ာင္းအတြင္း အေျမာက္က်ည္(၃)လံုးကို ေတြ႔ရသျဖင့္ ပန္းထိမ္းေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးထံ အေၾကာင္းၾကားေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေျမာက္က်ည္မ်ားေတြ႔ရိွရာသို႔ စစ္ေဆးႏုိင္ရန္ ငဖဲၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ဆက္သြယ္အေၾကာင္းၾကားသျဖင့္ ငဖဲၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး၊ အမတ(၃၇၅)တပ္ရင္းမွဴး ဗိုလ္မွဴး ေဇာ္ဝင္းလြင္ ဦးစီးအဖဲြ႔၊ ငဖဲၿမိဳ႕မ ရဲစခန္းမွဴးဦးစီးအဖဲြ႔၊ စရဖ (လပခ) ငဖဲၿမိဳ႕နယ္ နယ္ေျမတာဝန္ခံတို႔ပါဝင္သည့္ ပူးေပါင္းအဖဲြ႔က သြားေရာက္စစ္ေဆးရာ ေနာက္ထပ္အေျမာက္က်ည္ဆံ (၉)လံုးကို ထပ္မံေတြ႔ရိွရသျဖင့္ စုစုေပါင္း က်ည္(၁၂)လံုးကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ေတြ႔ရိွရေသာက်ည္အမ်ိဳးအစားမ်ားမွာ 76MM အေျမာက္က်ည္မ်ိဳးစံု၊ 105 MM အေျမာက္က်ည္မ်ိဳးစံုႏွင့္ အမ်ိဳးအစားမသိ အေျမာက္က်ည္မ်ိဳးစံုတို႔ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓါတ္ပံု -MHW

~~~~~~~~⊰❂ unicode ~~~~~~~~
စစ်ကျန်အမြောက်ကျည်ဆံဟောင်း ၁၂ လုံး ငဖဲမြို့နယ် ပန်းထိမ်းချောင်းအတွင်းမှ တွေ့ရှိ
************
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ စစ်တောကျေးရွာ ပန်းထိမ်းချောင်းအတွင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့ နံနက်(၇)နာရီ (၅၀)မိနစ်ဝန်းကျင်က စစ်ကျန်အမြောက်ကျည် (၁၂)လုံးကို ဒေသခံတစ်ဦးက တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်တို့က စစ်ဆေးသိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါချောင်းတွင် လက်လုပ်တစ်ဖက်ရပ်ဆည်ပြုလုပ်ထားသည့် ဦးဖိုးအေးက ဆည်၏အထက်ရှိ ချောင်းအတွင်း အမြောက်ကျည်(၃)လုံးကို တွေ့ရသဖြင့် ပန်းထိမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမြောက်ကျည်များတွေ့ရှိရာသို့ စစ်ဆေးနိုင်ရန် ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်သွယ်အကြောင်းကြားသဖြင့် ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး၊ အမတ(၃၇၅)တပ်ရင်းမှူး ဗိုလ်မှူး ဇော်ဝင်းလွင် ဦးစီးအဖွဲ့၊ ငဖဲမြို့မ ရဲစခန်းမှူးဦးစီးအဖွဲ့၊ စရဖ (လပခ) ငဖဲမြို့နယ် နယ်မြေတာဝန်ခံတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ နောက်ထပ်အမြောက်ကျည်ဆံ (၉)လုံးကို ထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း ကျည်(၁၂)လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တွေ့ရှိရသောကျည်အမျိုးအစားများမှာ 76MM အမြောက်ကျည်မျိုးစုံ၊ 105 MM အမြောက်ကျည်မျိုးစုံနှင့် အမျိုးအစားမသိ အမြောက်ကျည်မျိုးစုံတို့ဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓါတ်ပုံ -MHW

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~