တာခ်ီလိတ္တြင္ သဘာဝေဘးအတြက္ အေရးေပၚတုန္႔ျပန္မည့္ အစီအစဥ္မ်ားကို ေရးဆြဲထားၿပီး လူထုအား မလိုအပ္ဘဲ ထိတ္လန္႔ေစမည့္ သတိေပးခ်က္မ်ား မလုပ္ရန္ ညႊန္ၾကားထား

တာခ်ီလိတ္တြင္ သဘာဝေဘးအတြက္ အေရးေပၚတုန္႔ျပန္မည့္ အစီအစဥ္မ်ားကို ေရးဆြဲထားၿပီး လူထုအား မလိုအပ္ဘဲ ထိတ္လန္႔ေစမည့္ သတိေပးခ်က္မ်ား မလုပ္ရန္ ညႊန္ၾကားထား
စက်တင်ဘာ 16, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ခရိုင္ႏွင့္ ၿမိဳ႕နယ္အဆင့္ သဘာဝေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈေကာ္မတီမ်ားက ေဒသတြင္း သဘာဝေဘးက်ေရာက္လာပါက အေရးေပၚတုန္႔ျပန္ေဆာင္ရြက္မည့္ အစီအစဥ္မ်ားကို ေဆြးေႏြးေဆာင္ရြက္ထားၿပီး လူထုအား မလိုအပ္ဘဲ အထိတ္တလန္႔ျဖစ္ေစမည့္ သတိေပးခ်က္မ်ား မလုပ္ေဆာင္ရန္ ညႊန္ၾကားထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၈)ရက္ေန႔၌ မုန္တုိင္းဝင္ႏုိင္သျဖင့္ ေနအိမ္ အေဆာက္အဦမ်ားမွ လြင့္စဥ္ျပဳတ္ထြက္ႏုိင္သည္မ်ားကို သတိထားျပင္ဆင္ထားၾကရန္ႏွင့္ ေလတုိက္ေနစဥ္ လြင့္စင္ျပဳတ္ထြက္၍ အျခားေနအိမ္မ်ားအား ထိခိုက္ပ်က္စီးမႈ ျဖစ္ပြားပါက ေနအိမ္ပိုင္ရွင္က ျပန္လည္ေပးေလ်ာ္ရမည္ဟု သက္ဆုိင္ရာမွ ထုတ္ျပန္ထားေၾကာင္း စက္တင္ဘာလ(၁၆)ရက္ေန႔က သတင္းမ်ား ထြက္ေပၚေနျခင္းျဖစ္သည္။

 “ထုတ္ျပန္ခ်က္တစ္ခုမွ ထုတ္မထားပါဘူး။ မေန႔ကလုပ္တာက သဘာဝေဘးအႏၱရာယ္ႀကိဳတင္ကာကြယ္ေရး ေကာ္မတီက ခရိုင္အဆင့္ အစည္းအေဝး၊ ၿမိဳ႕နယ္ကလည္း ၿမိဳ႕နယ္အဆင့္ အစည္းအေဝးလုပ္တယ္။ မုန္တုိင္းက လာမယ္၊ မလာမယ္ေတာ့ မေသခ်ာဘူး။ ဒါနဲ႔ပတ္သက္လို႔ လိုင္းေပၚမွာေျပာေနတာပဲ မ်ားတယ္။ ႏုိင္ငံေတာ္က အသိေပးထားတာေတြလည္းမရိွဘူး။ မိုးေလဝသတို႔ ဦးထြန္းလြင္တို႔ ခန္႔မွန္းထားတာကေတာ့ ဒီမုန္တုိင္းဟာ ကုန္းတြင္းပိုင္းေရာက္ရင္ အားေပ်ာ့ပ်က္ျပယ္သြားႏုိင္တယ္။ ကုန္းတြင္းပိုင္း အမ်ားႀကီး ေရာက္မလာဘူးလုိ႔ ေျပာထားတယ္။ ဒါေၾကာင့္ အစည္းအေဝးမွာ ေျပာထားတာက ငါတုိ႔က ႀကိဳတင္ျပင္ဆင္တဲ့ အေနနဲ႔သာ ျပင္ဆင္တာ။ ျပည္သူလူထုကို အထိတ္တလန္႔ျဖစ္ေစေအာင္ မေျပာနဲ႔။ လွဴမယ္ဆုိရင္လည္း လွဴမယ့္ စားေသာက္စရာတုိ႔၊ ေရတုိ႔စတာေတြေတာင္ လက္ေရာက္အလွဴမခံနဲ႔။ တကယ္လုိ႔ ျဖစ္လာၿပီဆုိရင္ေတာ့ နာရီဝက္၊ တစ္နာရီအေတာအတြင္း ဘယ္သူက အစားအေသာက္စီစဥ္မယ္။ ဘယ္သူက ခ်ိန္းေဆာတုိ႔ စက္ယႏၱယားတုိ႔ စတာေတြ လုပ္မယ္ဆိုတာကိုပဲ ႀကိဳတင္ျပင္ဆင္ရံုပဲ။ ဘယ္သူ႔ဆီကမွ ဘာမွ အလွဴမခံသလို၊ ျပည္သူလူထုကို ဘာလုပ္ၾကပါေတာ့ဆိုၿပီး ထုတ္ျပန္ထားတာလည္း မရိွဘူး”ဟု တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခရိုင္ႏွင့္ ၿမိဳ႕နယ္အဆင့္ သဘာဝေဘးအႏၱရာယ္ႀကိဳတင္ကာကြယ္ေရး ေကာ္မတီမ်ားသည္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ(၁၅)ရက္ေန႔တြင္ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန အစည္းအေဝးခန္းမတြင္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား၊ လုပ္ငန္းရွင္မ်ား၊ မီးသတ္တပ္ဖြဲ၀င္မ်ား၊ ၾကက္ေျခနီတပ္ဖြဲ႔၀င္မ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ားျဖင့္ ေတြ႔ဆုံ၍ သဘာဝေဘးျဖစ္လာပါက အေရးေပၚကူညီေရးအစီအစဥ္မ်ား ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အကယ္၍ တစ္ခုခုျဖစ္ရင္ ဘယ္သူက ဘာေတြလွဴမယ္၊ ဘာေတြ ကူညီမယ္ဆိုတာရယ္ ကယ္ဆယ္ေရးပစၥည္းေတြ ဘယ္မွာ ဘာေတြရိွတယ္ဆိုတာ တုိင္ပင္ေဆြးေႏြးၾကတာပါ။ လူထုကို အသိေပးထုတ္ျပန္တာေတြ သတိေပးတာေတြလုပ္ဖုိ႔ မေျပာထားပါဘူး”ဟု အဆိုပါ အစည္းအေဝးတက္ေရာက္ခဲ့သည့္ မဇၨ်ိမလူမႈကူညီေရးအသင္းဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

ေကာ္မတီအေနျဖင့္ သဘာဝေဘးအႏၲရာယ္က်ေရာက္လာပါက စနစ္တက်ႏွင့္ထိေရာက္ျမန္ဆန္စြာ ကူညီေပးႏိုင္ရန္အတြက္ ႀကိဳတင္ျပင္ဆင္ျခင္းသာျဖစ္ေၾကာင္းသိရသည္။

မုန္တုိင္းႏွင့္ပတ္သက္သည့္ သတိေပးခ်က္မ်ားကို မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန၊ မုိးေလဝသပညာရွင္မ်ားက မုန္တုိင္းႏွင့္ပတ္သက္၍ သတိေပးခ်က္မ်ား ထုတ္ျပန္ထားျခင္းမရိွေသးေသာ္လည္း လူမႈကြန္ယက္စာမ်က္ႏွာတြင္ စက္တင္ဘာလ (၁၈)ရက္ေန႔၌ ျပင္းအားေကာင္းမုန္တုိင္း ဝင္ေရာက္တုိက္ခတ္ႏုိင္ေၾကာင္း ေရးသားမႈမ်ား ရိွေနျခင္းျဖစ္သည္။

ဓါတ္ပံု - UTS

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် သဘာဝဘေးအတွက် အရေးပေါ်တုန့်ပြန်မည့် အစီအစဉ်များကို ရေးဆွဲထားပြီး လူထုအား မလိုအပ်ဘဲ ထိတ်လန့်စေမည့် သတိပေးချက်များ မလုပ်ရန် ညွှန်ကြားထား
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ခရိုင်နှင့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများက ဒေသတွင်း သဘာဝဘေးကျရောက်လာပါက အရေးပေါ်တုန့်ပြန်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးဆောင်ရွက်ထားပြီး လူထုအား မလိုအပ်ဘဲ အထိတ်တလန့်ဖြစ်စေမည့် သတိပေးချက်များ မလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့၌ မုန်တိုင်းဝင်နိုင်သဖြင့် နေအိမ် အဆောက်အဦများမှ လွင့်စဉ်ပြုတ်ထွက်နိုင်သည်များကို သတိထားပြင်ဆင်ထားကြရန်နှင့် လေတိုက်နေစဉ် လွင့်စင်ပြုတ်ထွက်၍ အခြားနေအိမ်များအား ထိခိုက်ပျက်စီးမှု ဖြစ်ပွားပါက နေအိမ်ပိုင်ရှင်က ပြန်လည်ပေးလျော်ရမည်ဟု သက်ဆိုင်ရာမှ ထုတ်ပြန်ထားကြောင်း စက်တင်ဘာလ(၁၆)ရက်နေ့က သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

 “ထုတ်ပြန်ချက်တစ်ခုမှ ထုတ်မထားပါဘူး။ မနေ့ကလုပ်တာက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကော်မတီက ခရိုင်အဆင့် အစည်းအဝေး၊ မြို့နယ်ကလည်း မြို့နယ်အဆင့် အစည်းအဝေးလုပ်တယ်။ မုန်တိုင်းက လာမယ်၊ မလာမယ်တော့ မသေချာဘူး။ ဒါနဲ့ပတ်သက်လို့ လိုင်းပေါ်မှာပြောနေတာပဲ များတယ်။ နိုင်ငံတော်က အသိပေးထားတာတွေလည်းမရှိဘူး။ မိုးလေဝသတို့ ဦးထွန်းလွင်တို့ ခန့်မှန်းထားတာကတော့ ဒီမုန်တိုင်းဟာ ကုန်းတွင်းပိုင်းရောက်ရင် အားပျော့ပျက်ပြယ်သွားနိုင်တယ်။ ကုန်းတွင်းပိုင်း အများကြီး ရောက်မလာဘူးလို့ ပြောထားတယ်။ ဒါကြောင့် အစည်းအဝေးမှာ ပြောထားတာက ငါတို့က ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့သာ ပြင်ဆင်တာ။ ပြည်သူလူထုကို အထိတ်တလန့်ဖြစ်စေအောင် မပြောနဲ့။ လှူမယ်ဆိုရင်လည်း လှူမယ့် စားသောက်စရာတို့၊ ရေတို့စတာတွေတောင် လက်ရောက်အလှူမခံနဲ့။ တကယ်လို့ ဖြစ်လာပြီဆိုရင်တော့ နာရီဝက်၊ တစ်နာရီအတောအတွင်း ဘယ်သူက အစားအသောက်စီစဉ်မယ်။ ဘယ်သူက ချိန်းဆောတို့ စက်ယန္တယားတို့ စတာတွေ လုပ်မယ်ဆိုတာကိုပဲ ကြိုတင်ပြင်ဆင်ရုံပဲ။ ဘယ်သူ့ဆီကမှ ဘာမှ အလှူမခံသလို၊ ပြည်သူလူထုကို ဘာလုပ်ကြပါတော့ဆိုပြီး ထုတ်ပြန်ထားတာလည်း မရှိဘူး”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရိုင်နှင့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကော်မတီများသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များ၊ မီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များဖြင့် တွေ့ဆုံ၍ သဘာဝဘေးဖြစ်လာပါက အရေးပေါ်ကူညီရေးအစီအစဉ်များ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အကယ်၍ တစ်ခုခုဖြစ်ရင် ဘယ်သူက ဘာတွေလှူမယ်၊ ဘာတွေ ကူညီမယ်ဆိုတာရယ် ကယ်ဆယ်ရေးပစ္စည်းတွေ ဘယ်မှာ ဘာတွေရှိတယ်ဆိုတာ တိုင်ပင်ဆွေးနွေးကြတာပါ။ လူထုကို အသိပေးထုတ်ပြန်တာတွေ သတိပေးတာတွေလုပ်ဖို့ မပြောထားပါဘူး”ဟု အဆိုပါ အစည်းအဝေးတက်ရောက်ခဲ့သည့် မဇ္ဇျိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

ကော်မတီအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက စနစ်တကျနှင့်ထိရောက်မြန်ဆန်စွာ ကူညီပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းသာဖြစ်ကြောင်းသိရသည်။

မုန်တိုင်းနှင့်ပတ်သက်သည့် သတိပေးချက်များကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မိုးလေဝသပညာရှင်များက မုန်တိုင်းနှင့်ပတ်သက်၍ သတိပေးချက်များ ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း လူမှုကွန်ယက်စာမျက်နှာတွင် စက်တင်ဘာလ (၁၈)ရက်နေ့၌ ပြင်းအားကောင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း ရေးသားမှုများ ရှိနေခြင်းဖြစ်သည်။

ဓါတ်ပုံ - UTS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~