မိုင္းယုၿမိဳ႕ နမ့္ေလြေခ်ာင္းေဘး ေရပိုက္လိုင္းစစ္ေဆးသည့္ ေဒသခံတစ္ဦး ဗုံးသီး (၃)လံုး ေတြ႔ရိွ

မိုင္းယုၿမိဳ႕ နမ့္ေလြေခ်ာင္းေဘး ေရပိုက္လိုင္းစစ္ေဆးသည့္ ေဒသခံတစ္ဦး ဗုံးသီး (၃)လံုး ေတြ႔ရိွ
စက်တင်ဘာ 13, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕၊  ၿမိဳ႕မရပ္ကြက္ရွိ နမ့္ေလြေခ်ာင္းတစ္ေလွ်ာက္၌ ေရပိုက္လိုင္းကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၃)ရက္ေန႔က စစ္ေဆးရာမွ ေခ်ာင္းေရတုိက္စားမႈေၾကာင့္ ေပၚလာသည့္ ဗုံးသီးေဟာင္း (၃)လံုးကို နံနက္(၈)နာရီေက်ာ္တြင္ ေတြ႔ရိွရေၾကာင္း သိရသည္။

မိုင္းယုၿမိဳ႕ ၿမိဳ႕မရပ္ကြက္ေန ဦးနန္းအြန္က ေနအိမ္တြင္ ေရမလာသျဖင့္ နမ့္ေလြေခ်ာင္းတစ္ေလွ်ာက္ ေရပိုက္လိုင္း သြယ္တန္းထားေသာ ေနရာတို႔ကို လိုက္လံၾကည့္ရႈရာမွ ေခ်ာင္းေရတိုက္စားမႈေၾကာင့္ ေျမႀကီးအတြင္းမွေပၚေနသည္ စစ္က်န္ ဗုံးသီးဟု ယူဆ ရေသာ ဗုံးသီး(၃)လံုးကိုေတြ႕ရွိခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ဗံုးသီးမ်ားကို  မိုင္းယုစရဖမွ တပ္ၾကပ္ႀကီး ေနဇာလင္း၊ မိုင္းယု-က်ိန္းယဲန္းတံတားလုံၿခံဳေရးတပ္ဖြဲ႔ အမွတ္(၃၃၅)ေျချမန္တပ္ရင္းမွ ဗိုလ္ႀကီး ေဇာ္ေဇာ္ေအာင္၊ အမွတ္ ၁၀၀၈ နယ္ျခားတပ္ရင္းမွ ဗိုလ္ ေအာင္ဆန္းယုတို႔ပါဝင္ေသာပူးေပါင္းအဖြဲ႔က သြားေရာက္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ကိုႏုိင္(MYU)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယုမြို့ နမ့်လွေချောင်းဘေး ရေပိုက်လိုင်းစစ်ဆေးသည့် ဒေသခံတစ်ဦး ဗုံးသီး (၃)လုံး တွေ့ရှိ
**************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊  မြို့မရပ်ကွက်ရှိ နမ့်လွေချောင်းတစ်လျှောက်၌ ရေပိုက်လိုင်းကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့က စစ်ဆေးရာမှ ချောင်းရေတိုက်စားမှုကြောင့် ပေါ်လာသည့် ဗုံးသီးဟောင်း (၃)လုံးကို နံနက်(၈)နာရီကျော်တွင် တွေ့ရှိရကြောင်း သိရသည်။

မိုင်းယုမြို့ မြို့မရပ်ကွက်နေ ဦးနန်းအွန်က နေအိမ်တွင် ရေမလာသဖြင့် နမ့်လွေချောင်းတစ်လျှောက် ရေပိုက်လိုင်း သွယ်တန်းထားသော နေရာတို့ကို လိုက်လံကြည့်ရှုရာမှ ချောင်းရေတိုက်စားမှုကြောင့် မြေကြီးအတွင်းမှပေါ်နေသည် စစ်ကျန် ဗုံးသီးဟု ယူဆ ရသော ဗုံးသီး(၃)လုံးကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးသီးများကို  မိုင်းယုစရဖမှ တပ်ကြပ်ကြီး နေဇာလင်း၊ မိုင်းယု-ကျိန်းယဲန်းတံတားလုံခြုံရေးတပ်ဖွဲ့ အမှတ်(၃၃၅)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး ဇော်ဇော်အောင်၊ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ ဗိုလ် အောင်ဆန်းယုတို့ပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ကိုနိုင်(MYU)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~