မုိင္းယုၿမိဳ႕ နမ့္ေလြေခ်ာင္းေဘးတြင္ ၁၉၅၀ ခုႏွစ္က ဗံုးသီးမ်ားေတြ႔ရသျဖင့္ အမွတ္ ၁၀၀၈ နယ္ျခားတပ္ရင္းက ထိန္းသိမ္းထား

မုိင္းယုၿမိဳ႕ နမ့္ေလြေခ်ာင္းေဘးတြင္ ၁၉၅၀ ခုႏွစ္က ဗံုးသီးမ်ားေတြ႔ရသျဖင့္ အမွတ္ ၁၀၀၈ နယ္ျခားတပ္ရင္းက ထိန္းသိမ္းထား
စက်တင်ဘာ 13, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕၊  ၿမိဳ႕မရပ္ကြက္ရွိ နမ့္ေလြေခ်ာင္းေဘးတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၃)  ရက္ေန႔ ကေတြ႔ရသည့္ ဗံုးသီးမ်ားသည္ ၁၉၅၀ ခုႏွစ္က အသုံးျပဳခဲ့သည့္ ၿဗိတိန္ႏိုင္ငံထုတ္ သုံးလက္မ စိန္ေျပာင္း ဗုံးသီးျဖစ္ေၾကာင္းသိရၿပီး အမွတ္ ၁၀၀၈ နယ္ျခားတပ္ရင္းက ယာယီထိန္းသိမ္းေပးထားေၾကာင္း သိရသည္။

မိုင္းယုၿမိဳ႕ ၿမိဳ႕မရပ္ကြက္ေန ဦးနန္းအြန္က ေနအိမ္တြင္ ေရမလာသျဖင့္ နမ့္ေလြေခ်ာင္းတစ္ေလွ်ာက္ ေရပိုက္လိုင္း သြယ္တန္းထားေသာ ေနရာတို႔ကို လိုက္လံၾကည့္ရႈရာမွ ေခ်ာင္းေရတိုက္စားမႈေၾကာင့္ ေျမႀကီးအတြင္းမွေပၚေနသည္ စစ္က်န္ ဗုံးသီးဟု ယူဆ ရေသာ ဗုံးသီး(၃)လံုးကိုေတြ႕ရွိခဲ့ရသျဖင့္ သက္ဆုိင္ရာသို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါေနရာတြင္ အမွတ္ (၃၉၀) အေျမာက္တပ္မွ ဒုဗိုလ္မွဴးႀကီး ဝင္းလြင္၊ အမွတ္ (၆၄၈) စစ္လက္နက္ပစၥည္း စုံစမ္းေရးတပ္မွ ဗိုလ္ႀကီး ေအာင္ေက်ာ္ဇင္၊ အမွတ္ (၉၁၃) စစ္ေျမျပင္အင္ဂ်င္နီယာတပ္ တပ္ခြဲ (၃) မွ ဗိုလ္မွဴး ဟန္ရဲကိုတို႔ပါဝင္ေသာပူးေပါင္းအဖြဲ႔က စစ္လက္နက္ရွာ ေဖြေရးသုံးကိရိယာမ်ားျဖင့္ ထပ္မံရွာေဖြမႈမ်ားျပဳလုပ္ခဲ့ရာ ထပ္မံရွာေဖြရာ ေန႔လယ္ (၁) နာရီေက်ာ္တြင္ ဗံုးသီး (၄)လံုး ထပ္မံေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ကိုႏုိင္(MYU)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယုမြို့ နမ့်လွေချောင်းဘေးတွင် ၁၉၅၀ ခုနှစ်က ဗုံးသီးများတွေ့ရသဖြင့် အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းက ထိန်းသိမ်းထား
***************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊  မြို့မရပ်ကွက်ရှိ နမ့်လွေချောင်းဘေးတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)  ရက်နေ့ ကတွေ့ရသည့် ဗုံးသီးများသည် ၁၉၅၀ ခုနှစ်က အသုံးပြုခဲ့သည့် ဗြိတိန်နိုင်ငံထုတ် သုံးလက်မ စိန်ပြောင်း ဗုံးသီးဖြစ်ကြောင်းသိရပြီး အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းက ယာယီထိန်းသိမ်းပေးထားကြောင်း သိရသည်။

မိုင်းယုမြို့ မြို့မရပ်ကွက်နေ ဦးနန်းအွန်က နေအိမ်တွင် ရေမလာသဖြင့် နမ့်လွေချောင်းတစ်လျှောက် ရေပိုက်လိုင်း သွယ်တန်းထားသော နေရာတို့ကို လိုက်လံကြည့်ရှုရာမှ ချောင်းရေတိုက်စားမှုကြောင့် မြေကြီးအတွင်းမှပေါ်နေသည် စစ်ကျန် ဗုံးသီးဟု ယူဆ ရသော ဗုံးသီး(၃)လုံးကိုတွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါနေရာတွင် အမှတ် (၃၉၀) အမြောက်တပ်မှ ဒုဗိုလ်မှူးကြီး ဝင်းလွင်၊ အမှတ် (၆၄၈) စစ်လက်နက်ပစ္စည်း စုံစမ်းရေးတပ်မှ ဗိုလ်ကြီး အောင်ကျော်ဇင်၊ အမှတ် (၉၁၃) စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ခွဲ (၃) မှ ဗိုလ်မှူး ဟန်ရဲကိုတို့ပါဝင်သောပူးပေါင်းအဖွဲ့က စစ်လက်နက်ရှာ ဖွေရေးသုံးကိရိယာများဖြင့် ထပ်မံရှာဖွေမှုများပြုလုပ်ခဲ့ရာ ထပ်မံရှာဖွေရာ နေ့လယ် (၁) နာရီကျော်တွင် ဗုံးသီး (၄)လုံး ထပ်မံတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ကိုနိုင်(MYU)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~