Update News

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ရံုးတြင္ ပိုင္ရွင္ရွာမေတြ႔သည့္ ဆုိင္ကယ္တစ္စီး လာေရာက္အပ္ႏွံထား

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္၊ ပိေတာက္လမ္းရိွ အိမ္ခန္းငွားတစ္ခုေရွ႕၌ ဆိုင္ကယ္တစ္စီးကို (၈)ရက္ၾကာသည္အထိရပ္ထားၿပီး ပိုင္ရွင္မေတြ႔သျဖင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ အပ္ႏွံထားေၾကာင္း သိရသည္။

“အိမ္ခန္းငွားေရွ႕မွာ ဆုိင္ကယ္ကို (၈)ရက္ေလာက္ၾကာၿပီ ရပ္ထားတဲ့အတြက္ ရံုးမွာထားထားပါတယ္။ ပိုင္ရွင္အစစ္အမွန္ဆိုရင္ အေထာက္အထားနဲ႔ လာယူပါ။ ကၽြန္ေတာ္တုိ႔ရံုးမွာ ရိွေနပါတယ္”ဟု ပုန္းထြန္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းဖတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယာဥ္နံပါတ္ ၂၂ယ/ ၄၀၃၄၀ တပ္ဆင္ထားသည့္ Honda Wave အျဖဴေရာင္ဆိုင္ကယ္ပိုင္ရွင္အေနျဖင့္ ဆိုင္ကယ္ႏွင့္ပတ္သက္သည့္ အေထာက္အထား၊ အာမခံေပးမည့္သူ (၂)ဦးႏွင့္အတူ လာေရာက္စံုစမ္းရန္ ရပ္ကြက္ရံုးက အသိေပးထားသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရုံးတွင် ပိုင်ရှင်ရှာမတွေ့သည့် ဆိုင်ကယ်တစ်စီး လာရောက်အပ်နှံထား
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ပိတောက်လမ်းရှိ အိမ်ခန်းငှားတစ်ခုရှေ့၌ ဆိုင်ကယ်တစ်စီးကို (၈)ရက်ကြာသည်အထိရပ်ထားပြီး ပိုင်ရှင်မတွေ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ အပ်နှံထားကြောင်း သိရသည်။

“အိမ်ခန်းငှားရှေ့မှာ ဆိုင်ကယ်ကို (၈)ရက်လောက်ကြာပြီ ရပ်ထားတဲ့အတွက် ရုံးမှာထားထားပါတယ်။ ပိုင်ရှင်အစစ်အမှန်ဆိုရင် အထောက်အထားနဲ့ လာယူပါ။ ကျွန်တော်တို့ရုံးမှာ ရှိနေပါတယ်”ဟု ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်နံပါတ် ၂၂ယ/ ၄၀၃၄၀ တပ်ဆင်ထားသည့် Honda Wave အဖြူရောင်ဆိုင်ကယ်ပိုင်ရှင်အနေဖြင့် ဆိုင်ကယ်နှင့်ပတ်သက်သည့် အထောက်အထား၊ အာမခံပေးမည့်သူ (၂)ဦးနှင့်အတူ လာရောက်စုံစမ်းရန် ရပ်ကွက်ရုံးက အသိပေးထားသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::