မုိင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ စပြန္ဆာပုလင္းမ်ားျဖင့္ သယ္လာသည့္ ဘိန္းျဖဴမ်ား ဖမ္းမိ

မုိင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ စပြန္ဆာပုလင္းမ်ားျဖင့္ သယ္လာသည့္ ဘိန္းျဖဴမ်ား ဖမ္းမိ
စက်တင်ဘာ 13, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းဆတ္ၿမိဳ႕နယ္၊ စတံုးေက်းရြာအုပ္စု၊ လြယ္ပါရင္(၂)ေက်းရြာအနီး မုိင္းဆတ္ - တာခ်ီလိတ္လမ္းတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၃)ရက္ေန႔ နံနက္(၇)နာရီခြဲဝန္းက်င္က ေရွာင္တခင္ပိတ္ဆို႔ စစ္ေဆးရာ စပြန္ဆာပုလင္းမ်ားျဖင့္ ထည့္သြင္းသယ္ေဆာင္လာသည့္ ဘိန္းျဖဴ (၁.၁၅)ကီလိုဂရမ္ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၉) မုိင္းဆတ္ႏွင့္ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ မုိင္းဆတ္ - တာခ်ီလိတ္လမ္းအား ေရွာင္တခင္ပိတ္ဆို႔စစ္ေဆးစဥ္ မုိင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးကို ရပ္တန္႔စစ္ေဆးရာ ယာဥ္ေမာင္းျဖစ္သူက ထြက္ေျပးရန္ႀကိဳးစားသျဖင့္ လံုးေထြးဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္အား ရွာေဖြရာ အင္ဂ်င္အခန္းတြင္ ထည့္ထားသည့္ ဆာလာအိတ္အတြင္း စပြန္ဆာပုလင္း အလံုးေရ(၅၀)အတြင္း ထည့္သြင္းထားသည့္ ဘိန္းျဖဴစုစုေပါင္းအေလးခ်ိန္ (၁.၁၅)ကီလိုဂရမ္ခန္႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားသယ္ေဆာင္လာသည့္ အသက္(၅၀)အရြယ္ အားေဆာ္အား မိုင္းတြမ္းနယ္ေျမရဲစခန္းတြင္ မယ(ပ)၈/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ စပွန်ဆာပုလင်းများဖြင့် သယ်လာသည့် ဘိန်းဖြူများ ဖမ်းမိ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ လွယ်ပါရင်(၂)ကျေးရွာအနီး မိုင်းဆတ် - တာချီလိတ်လမ်းတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်(၇)နာရီခွဲဝန်းကျင်က ရှောင်တခင်ပိတ်ဆို့ စစ်ဆေးရာ စပွန်ဆာပုလင်းများဖြင့် ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းဖြူ (၁.၁၅)ကီလိုဂရမ်ကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၉) မိုင်းဆတ်နှင့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုင်းဆတ် - တာချီလိတ်လမ်းအား ရှောင်တခင်ပိတ်ဆို့စစ်ဆေးစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူက ထွက်ပြေးရန်ကြိုးစားသဖြင့် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း သိရသည်။

မော်တော်ယာဉ်အား ရှာဖွေရာ အင်ဂျင်အခန်းတွင် ထည့်ထားသည့် ဆာလာအိတ်အတွင်း စပွန်ဆာပုလင်း အလုံးရေ(၅၀)အတွင်း ထည့်သွင်းထားသည့် ဘိန်းဖြူစုစုပေါင်းအလေးချိန် (၁.၁၅)ကီလိုဂရမ်ခန့်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများသယ်ဆောင်လာသည့် အသက်(၅၀)အရွယ် အားဆော်အား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~