မိုင္းျဖတ္ၿမိဳ႕ နမ့္လန္းရြာလမ္းတြင္ ကားေမာင္းေနစဥ္ တံခါးပြင့္၍ ဆုိင္ကယ္ေမာင္းသူကို ရိုက္မိေသဆံုးမႈမွ ယာဥ္ေမာင္းအား ဖမ္းဆီးအမႈဖြင့္ထား

မိုင္းျဖတ္ၿမိဳ႕ နမ့္လန္းရြာလမ္းတြင္ ကားေမာင္းေနစဥ္ တံခါးပြင့္၍ ဆုိင္ကယ္ေမာင္းသူကို ရိုက္မိေသဆံုးမႈမွ ယာဥ္ေမာင္းအား ဖမ္းဆီးအမႈဖြင့္ထား
စက်တင်ဘာ 17, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္၊ နမ့္လန္းေက်းရြာလမ္းေပၚတြင္ ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္ေနစဥ္ တံခါးရုတ္တရက္ပြင့္သြားကာ မ်က္ႏွာခ်င္းဆုိင္မွ ဆိုင္ကယ္ေမာင္းလာသူကို ရိုက္မိ၍ ဆိုင္ကယ္ေမာင္းသူ ေသဆံုးသြားမႈမွ ေမာ္ေတာ္ယာဥ္ေမာင္းကို ဖမ္းဆီးရမိၿပီး အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

နမ့္လမ္းေက်းရြာမွ မုိင္းျဖတ္ - မုိင္းေယာင္းကားလမ္းတြင္ ၂၀၁၈ ခုႏွစ္ ၊စက္တင္ဘာလ(၁၆)ရက္ေန႔ ေန႔လယ္(၁၂)နာရီခြဲဝန္းက်င္က မုိင္းျဖတ္ၿမိဳ႕ဖက္သုိ႔ ေနေဇာ္သက္ ေမာင္းႏွင္လာသည့္ FORLAND အမ်ိဳးအစား သဲ/ေက်ာက္တင္သည့္ယာဥ္သည္ နမ့္လန္းရြာႏွင့္ နမ့္လန္းဘုန္းႀကီးေက်ာင္းၾကား အေရာက္တြင္ ေနာက္ပိတ္တံခါးျပဳတ္ၿပီး ဝဲဘက္သို႔ပြင့္ထြက္သြားရာ မ်က္ႏွာခ်င္းဆုိင္ နမ့္လန္းဘုန္းႀကီးေက်ာင္းမွ နမ့္လန္းရြာဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အသက္(၆၁)ႏွစ္အရြယ္အမ်ိဳးသားကို ရုိက္မိသြားကာ ဆုိင္ကယ္ေမာင္းႏွင္သူမွာ ေနရာတြင္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါယာဥ္တုိက္မႈႏွင့္ပတ္သက္၍ ေမာ္ေတာ္ယာဥ္ေမာင္း ေနေဇာ္သက္အား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၈/၂၀၁၈ ၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၇၉ ၊ ၃၀၄ (က) ျဖင့္ အမႈဖြင့္စစ္ေဆးေနၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မြို့ နမ့်လန်းရွာလမ်းတွင် ကားမောင်းနေစဉ် တံခါးပွင့်၍ ဆိုင်ကယ်မောင်းသူကို ရိုက်မိသေဆုံးမှုမှ ယာဉ်မောင်းအား ဖမ်းဆီးအမှုဖွင့်ထား
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်လန်းကျေးရွာလမ်းပေါ်တွင် မော်တော်ယာဉ် မောင်းနှင်နေစဉ် တံခါးရုတ်တရက်ပွင့်သွားကာ မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်မောင်းလာသူကို ရိုက်မိ၍ ဆိုင်ကယ်မောင်းသူ သေဆုံးသွားမှုမှ မော်တော်ယာဉ်မောင်းကို ဖမ်းဆီးရမိပြီး အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

နမ့်လမ်းကျေးရွာမှ မိုင်းဖြတ် - မိုင်းယောင်းကားလမ်းတွင် ၂၀၁၈ ခုနှစ် ၊စက်တင်ဘာလ(၁၆)ရက်နေ့ နေ့လယ်(၁၂)နာရီခွဲဝန်းကျင်က မိုင်းဖြတ်မြို့ဖက်သို့ နေဇော်သက် မောင်းနှင်လာသည့် FORLAND အမျိုးအစား သဲ/ကျောက်တင်သည့်ယာဉ်သည် နမ့်လန်းရွာနှင့် နမ့်လန်းဘုန်းကြီးကျောင်းကြား အရောက်တွင် နောက်ပိတ်တံခါးပြုတ်ပြီး ဝဲဘက်သို့ပွင့်ထွက်သွားရာ မျက်နှာချင်းဆိုင် နမ့်လန်းဘုန်းကြီးကျောင်းမှ နမ့်လန်းရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၆၁)နှစ်အရွယ်အမျိုးသားကို ရိုက်မိသွားကာ ဆိုင်ကယ်မောင်းနှင်သူမှာ နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ မော်တော်ယာဉ်မောင်း နေဇော်သက်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ) ၈/၂၀၁၈ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ ၊ ၃၀၄ (က) ဖြင့် အမှုဖွင့်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~