ကားေမာင္းေနစဥ္တံခါးပြင့္သြားၿပီး မ်က္ႏွာခ်င္းမွ ဆုိင္ကယ္ေမာင္းသူကို ရုိက္မိသျဖင့္ ဆုိင္ကယ္ေမာင္းသူ ေသဆံုး

ကားေမာင္းေနစဥ္တံခါးပြင့္သြားၿပီး မ်က္ႏွာခ်င္းမွ ဆုိင္ကယ္ေမာင္းသူကို ရုိက္မိသျဖင့္ ဆုိင္ကယ္ေမာင္းသူ ေသဆံုး
စက်တင်ဘာ 16, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္၊ နမ့္လန္းေက်းရြာလမ္းေပၚတြင္ ေမာ္ေတာ္ယာဥ္တစ္စီး ေမာင္းႏွင္ေနစဥ္ တံခါးရုတ္တရက္ပြင့္သြားကာ မ်က္ႏွာခ်င္းဆုိင္မွ ဆိုင္ကယ္ေမာင္းလာသူကို ရိုက္မိၿပီး ဆိုင္ကယ္ေမာင္းသူကို ကားျဖင့္နင္းမိသြားေၾကာင္း သိရသည္။

နမ့္လမ္းေက်းရြာ ကားလမ္းတြင္ ၂၀၁၈ ခုႏွစ္ ၊စက္တင္ဘာလ(၁၆)ရက္ေန႔ ေန႔လယ္(၁၂)နာရီခြဲဝန္းက်င္က မုိင္းျဖတ္ၿမိဳ႕ဖက္သုိ႔ ေမာင္းႏွင္လာသည့္ FORLAND အမ်ိဳးအစား အျပာေရာင္ယာဥ္တစ္စီးသည္ ေမာင္းႏွင္ေနစဥ္ ဝဲဘက္တံခါး ရုတ္တရက္ပြင့္သြားရာ မ်က္ႏွာခ်င္းဆုိင္မွ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားကို ရုိက္မိသြားၿပီး ဆုိင္ကယ္ႏွင့္လူမွာ ေမာ္ေတာ္ယာဥ္ေအာက္ေရာက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အသက္(၆၁)ႏွစ္အရြယ္ ဦးႏြဲ႕တစ္မွာ ကားေနာက္ဘီးျဖင့္ ႀကိတ္မိ၍ ေနရာတြင္ေသဆံုးသြားေၾကာင္း သိရၿပီး  FORLAND ယာဥ္ေမာင္းမွာ ကားကိုေနရာတြင္ ထားခဲ့ကာ ထြက္ေျပးသြားေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာကို သက္ဆုိင္ရာကစစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၈/၂၀၁၈ ၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၇၉ ၊ ၃၀၄ (က) ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကားမောင်းနေစဉ်တံခါးပွင့်သွားပြီး မျက်နှာချင်းမှ ဆိုင်ကယ်မောင်းသူကို ရိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံး
*****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်လန်းကျေးရွာလမ်းပေါ်တွင် မော်တော်ယာဉ်တစ်စီး မောင်းနှင်နေစဉ် တံခါးရုတ်တရက်ပွင့်သွားကာ မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်မောင်းလာသူကို ရိုက်မိပြီး ဆိုင်ကယ်မောင်းသူကို ကားဖြင့်နင်းမိသွားကြောင်း သိရသည်။

နမ့်လမ်းကျေးရွာ ကားလမ်းတွင် ၂၀၁၈ ခုနှစ် ၊စက်တင်ဘာလ(၁၆)ရက်နေ့ နေ့လယ်(၁၂)နာရီခွဲဝန်းကျင်က မိုင်းဖြတ်မြို့ဖက်သို့ မောင်းနှင်လာသည့် FORLAND အမျိုးအစား အပြာရောင်ယာဉ်တစ်စီးသည် မောင်းနှင်နေစဉ် ဝဲဘက်တံခါး ရုတ်တရက်ပွင့်သွားရာ မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားကို ရိုက်မိသွားပြီး ဆိုင်ကယ်နှင့်လူမှာ မော်တော်ယာဉ်အောက်ရောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၆၁)နှစ်အရွယ် ဦးနွဲ့တစ်မှာ ကားနောက်ဘီးဖြင့် ကြိတ်မိ၍ နေရာတွင်သေဆုံးသွားကြောင်း သိရပြီး  FORLAND ယာဉ်မောင်းမှာ ကားကိုနေရာတွင် ထားခဲ့ကာ ထွက်ပြေးသွားကြောင်း သိရသည်။

အခင်းဖြစ်နေရာကို သက်ဆိုင်ရာကစစ်ဆေးမှုများ ပြုလုပ်ပြီး မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ) ၈/၂၀၁၈ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ ၊ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~