ဘန္ေကာက္တြင္ လစာမေပးဘဲ ေမာင္းထုတ္ခံရသည့္ ျမန္မာလုပ္သား (၇)ဦး ကိစၥ MOEAF(ဘန္ေကာက္)မွ ညႇိႏႈိင္းေပး

ဘန္ေကာက္တြင္ လစာမေပးဘဲ ေမာင္းထုတ္ခံရသည့္ ျမန္မာလုပ္သား (၇)ဦး ကိစၥ MOEAF(ဘန္ေကာက္)မွ ညႇိႏႈိင္းေပး
စက်တင်ဘာ 20, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံ၊ ဘန္ေကာက္တြင္ ျမန္မာလုပ္သား(၇)ဦးအား လစာမေပးဘဲ ေမာင္းထုတ္လိုက္သည့္ အလုပ္ရွင္ကို MOEAF (ဘန္ေကာက္)က ညိႇႏိႈင္းေဆြးေႏြးၿပီးေနာက္ စက္တင္ဘာလ(၂၅)ရက္ေန႔ႏွင့္ (၃၀)ရက္ေန႔တို႔တြင္ လစာေပးေခ်သြားမည္ျဖစ္ၿပီး ထုိင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ား အခက္အခဲရိွပါက MOEAF (ဘန္ေကာက္)ကို ဆက္သြယ္အကူအညီေတာင္းခံႏုိင္ေၾကာင္း သိရသည္။

“အလုပ္ရွင္က လစာေငြမရွင္းေပးဘဲ လမ္းေဘးေမာင္းထုတ္ထားပါတယ္။ စားစရာမရွိ၊ ေနစရာမရွိပါ။ ကူညီၾကပါ''ဟု MOEAF(ဘန္ေကာက္)Call.Centre သို႔ ျမန္မာလုပ္သား(၇)ဦးက အကူအညီ ေတာင္းခံလာျခင္းျဖစ္ေၾကာင္း သိရသည္။

အကူအညီေတာင္းခံ ခိုလွံဳလာေသာ အလုပ္သမား(၇)ေယာက္၏ ျပႆနာကို MOEAF (ဘန္ေကာက္)တြင္ ေျပလည္ေစရန္ တာဝန္မွဳးမ်ားက ေျဖ႐ွင္း ေပးခဲ့ေၾကာင္းသိရသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ အလုပ္ရွင္ကို MOEAF (ဘန္ေကာက္)ရံုးသို႔ ဆင့္ေခၚကာ အလုပ္႐ွင္ႏွင့္ အလုပ္သမား ျပႆနာကို မ်က္ႏွာခ်င္းဆိုင္ေျဖရွင္းေစခဲ့ရာ အလုပ္ရွင္အေနျဖင့္ အလုပ္သမားမ်ားအား ဆူပူ ေအာ္ေငါက္ျခင္းမရိွခဲ့ဖူးဘဲ အလုပ္အပ္က ေငြရွင္းမေပးေသးသျဖင့္ လုပ္ခလစာ မေပးႏိုင္ဘဲျဖစ္ေနစဥ္ ျပႆနာျဖစ္ပြားသည့္ေန႔က အလုပ္ရွင္က အလုပ္သမားမ်ားအား ႀကိဳတင္အသံုးစရိတ္ ဘတ္ (၃၀၀၀)စီေပးထားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အလုပ္သမား(၁)ဦးက အဆိုပါ ေငြအား မယူဘဲ လႊင့္ပစ္ခဲ့သျဖင့္ အလုပ္ရွင္က စိတ္ဆိုး၍ ေမာင္းထုတ္ ခဲ့မိျခင္းျဖစ္သည္ဟု ရွင္းလင္းခဲ့ၿပီး အဆိုပါ အလုပ္သမားမ်ား၏ လစာမ်ားကို စက္တင္ဘာလ (၂၅)ရက္ေန႔ႏွင့္ (၃၀)ရက္ေန႔မ်ားတြင္ ေပးအပ္မည္ျဖစ္ေၾကာင္း အလုပ္ရွင္က ဝန္ခံကတိျပဳကာ အလုပ္သမားမ်ားကိုလည္း လုပ္ငန္းခြင္သို႔ ျပန္လည္ေခၚေဆာင္သြားေၾကာင္း သိရသည္။

"ဒီေန႔ညေနမွာ MOEAF ရံုးကို ေရာက္လာၾကပါတယ္။ အလုပ္ရွင္ အလုပ္သမားၾကား စကားမတတ္တဲ့ အတြက္ နားလည္မႈေတြ လြဲမွားၾကတာပါ။ အလုပ္ရွင္နဲ႔ ေျပလည္ေအာင္ ညိႇႏိုင္းေဆာင္ရြက္ ကူညီေပးလိုက္ရတာေၾကာင့္ ဝမ္းသာပီတိျဖစ္မိပါတယ္''ဟု MOEAF ၏ အလွည့္က်တာဝန္မႉး ေဒၚပန္းခ်ယ္ရီက ဆိုသည္။

ျမန္မာျပည္ပ အလုပ္အကိုင္ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္(MOEAF) က MOEAF (THAI) Call Centre ဖြင့္လွစ္ၿပီး ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားကို ကူညီေဆာင္ရြက္ေပးေနၿပီး ထုိင္းႏုိင္ငံတြင္း MOU ျဖင့္လုပ္ကိုင္ေနသူမ်ား အခက္အခဲျဖစ္လွ်င္ေသာ္လည္းေကာင္း၊ အလုပ္သမား အခြင့္အေရး ခ်ိဳးေဖါက္ခံရလွ်င္ ေသာ္လည္းေကာင္း ဖုန္း 083 5446442 သို႔ ဆက္သြယ္အကူအညီေတာင္းခံႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - MOEAF THAI


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် မြန်မာလုပ်သား(၇)ဦးအား လစာမပေးဘဲ မောင်းထုတ်လိုက်သည့် အလုပ်ရှင်ကို MOEAF (ဘန်ကောက်)က ညှိနှိုင်းဆွေးနွေးပြီးနောက် စက်တင်ဘာလ(၂၅)ရက်နေ့နှင့် (၃၀)ရက်နေ့တို့တွင် လစာပေးချေသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အခက်အခဲရှိပါက MOEAF (ဘန်ကောက်)ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

“အလုပ်ရှင်က လစာငွေမရှင်းပေးဘဲ လမ်းဘေးမောင်းထုတ်ထားပါတယ်။ စားစရာမရှိ၊ နေစရာမရှိပါ။ ကူညီကြပါ''ဟု MOEAF(ဘန်ကောက်)Call.Centre သို့ မြန်မာလုပ်သား(၇)ဦးက အကူအညီ တောင်းခံလာခြင်းဖြစ်ကြောင်း သိရသည်။

အကူအညီတောင်းခံ ခိုလှုံလာသော အလုပ်သမား(၇)ယောက်၏ ပြဿနာကို MOEAF (ဘန်ကောက်)တွင် ပြေလည်စေရန် တာဝန်မှုးများက ဖြေရှင်း ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အလုပ်ရှင်ကို MOEAF (ဘန်ကောက်)ရုံးသို့ ဆင့်ခေါ်ကာ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာကို မျက်နှာချင်းဆိုင်ဖြေရှင်းစေခဲ့ရာ အလုပ်ရှင်အနဖြေင့် အလုပ်သမားများအား ဆူပူ အော်ငေါက်ခြင်းမရှိခဲ့ဖူးဘဲ အလုပ်အပ်က ငွေရှင်းမပေးသေးသဖြင့် လုပ်ခလစာ မပေးနိုင်ဘဲဖြစ်နေစဉ် ပြဿနာဖြစ်ပွားသည့်နေ့က အလုပ်ရှင်က အလုပ်သမားများအား ကြိုတင်အသုံးစရိတ် ဘတ် (၃၀၀၀)စီပေးထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အလုပ်သမား(၁)ဦးက အဆိုပါ ငွေအား မယူဘဲ လွှင့်ပစ်ခဲ့သဖြင့် အလုပ်ရှင်က စိတ်ဆိုး၍ မောင်းထုတ် ခဲ့မိခြင်းဖြစ်သည်ဟု ရှင်းလင်းခဲ့ပြီး အဆိုပါ အလုပ်သမားများ၏ လစာများကို စက်တင်ဘာလ (၂၅)ရက်နေ့နှင့် (၃၀)ရက်နေ့များတွင် ပေးအပ်မည်ဖြစ်ကြောင်း အလုပ်ရှင်က ဝန်ခံကတိပြုကာ အလုပ်သမားများကိုလည်း လုပ်ငန်းခွင်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။

"ဒီနေ့ညနေမှာ MOEAF ရုံးကို ရောက်လာကြပါတယ်။ အလုပ်ရှင် အလုပ်သမားကြား စကားမတတ်တဲ့ အတွက် နားလည်မှုတွေ လွဲမှားကြတာပါ။ အလုပ်ရှင်နဲ့ ပြေလည်အောင် ညှိနိုင်းဆောင်ရွက် ကူညီပေးလိုက်ရတာကြောင့် ဝမ်းသာပီတိဖြစ်မိပါတယ်''ဟု MOEAF၏ အလှည့်ကျတာဝန်မှူး ဒေါ်ပန်းချယ်ရီက ဆိုသည်။

မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) က MOEAF (THAI) Call Centre ဖွင့်လှစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများကို ကူညီဆောင်ရွက်ပေးနပြေီး ထိုင်းနိုင်ငံတွင်း MOU ဖြင့်လုပ်ကိုင်နေသူများ အခက်အခဲဖြစ်လျှင်သော်လည်းကောင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရလျှင် သော်လည်းကောင်း ဖုန်း 083 5446442 သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - MOEAF THAI

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~