ထိုင္းႏိုင္ငံေရာက္ ေရလုပ္သားမ်ား သက္တမ္းတိုးျခင္းကို One Stop Services Center မ်ားတြင္ စက္တင္ဘာလ (၃၀)ရက္ေန႔ ေနာက္ဆံုးထားေဆာင္ရြက္ေပးမည္

ထိုင္းႏိုင္ငံေရာက္ ေရလုပ္သားမ်ား သက္တမ္းတိုးျခင္းကို One Stop Services Center မ်ားတြင္ စက္တင္ဘာလ (၃၀)ရက္ေန႔ ေနာက္ဆံုးထားေဆာင္ရြက္ေပးမည္
စက်တင်ဘာ 12, 2018
By 🌸
ထိုင္းႏိုင္ငံအတြင္း ေရလုပ္ငန္းမ်ားရိွသည့္ ခရုိင္(၂၂) ခုတြင္ One Stop Services Center မ်ား ဖြင့္လွစ္ၿပီး ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလတြင္ သက္တမ္းကုန္ဆံုးမည့္ ေရလုပ္သားအလုပ္သမားမ်ားအတြက္ သက္တမ္းတိုးေပးျခင္းကို စက္တင္ဘာလ (၃၀)ရက္ေန႔ ေနာက္ဆံုးထား ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

 အဆိုပါ One Stop Services Center မ်ားကို ၾသဂုတ္လ (၂၀)ရက္ေန႔မွစ၍ ဖြင့္လွစ္ ေဆာင္ရြက္ေပးေနျခင္းျဖစ္ၿပီး CI စာအုပ္ႏွင့္ Sea-Book ရွိသည့္ ေရလုပ္သားမ်ားအား တစ္ႏွစ္လွ်င္ တစ္ၾကိမ္ ဗီဇာ သက္တမ္း (၁) ႏွစ္ႏွင့္ WorkPermit အလုပ္လုပ္ခြင့္လက္မွတ္ (၁) ႏွစ္အား (၂) ႏွစ္ဆက္တိုက္ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

သက္တမ္းတိုးရန္ က်န္ရွိေနေသာ ထိုင္းႏိုင္ငံအတြင္းရွိ ျမန္မာေရလုပ္သားမ်ားအေနျဖင့္ သက္ဆိုင္ရာ One Stop Services Center သို႔ ေရလုပ္ငန္းလုပ္ကိုင္သူ အလုပ္ရွင္၏စာရြက္စာတမ္းမ်ားႏွင့္ အတူ အျမန္ဆံုးသြားေရာက္ သက္တမ္းတိုးၾကရန္ အသိေပး ထိုင္းႏုိင္ငံရိွ ျမန္မာႏုိင္ငံ အလုပ္သမားသံအရာရိွရံုးက တုိက္တြန္းႏိူးေဆာ္ထားသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံရောက် ရေလုပ်သားများ သက်တမ်းတိုးခြင်းကို One Stop Services Center များတွင် စက်တင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံးထားဆောင်ရွက်ပေးမည်
************
ထိုင်းနိုင်ငံအတွင်း ရေလုပ်ငန်းများရှိသည့် ခရိုင်(၂၂) ခုတွင် One Stop Services Center များ ဖွင့်လှစ်ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် သက်တမ်းကုန်ဆုံးမည့် ရေလုပ်သားအလုပ်သမားများအတွက် သက်တမ်းတိုးပေးခြင်းကို စက်တင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါ One Stop Services Center များကို သြဂုတ်လ (၂၀)ရက်နေ့မှစ၍ ဖွင့်လှစ် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး CI စာအုပ်နှင့် Sea-Book ရှိသည့် ရေလုပ်သားများအား တစ်နှစ်လျှင် တစ်ကြိမ် ဗီဇာ သက်တမ်း (၁) နှစ်နှင့် WorkPermit အလုပ်လုပ်ခွင့်လက်မှတ် (၁) နှစ်အား (၂) နှစ်ဆက်တိုက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သက်တမ်းတိုးရန် ကျန်ရှိနေသော ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရေလုပ်သားများအနေဖြင့် သက်ဆိုင်ရာ One Stop Services Center သို့ ရေလုပ်ငန်းလုပ်ကိုင်သူ အလုပ်ရှင်၏စာရွက်စာတမ်းများနှင့် အတူ အမြန်ဆုံးသွားရောက် သက်တမ်းတိုးကြရန် အသိပေး ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိရုံးက တိုက်တွန်းနိူးဆော်ထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~