ဘန္ေကာက္ႏွင့္ခ်င္းမုိင္တြင္ ဖမ္းဆီးခံရသည့္ ျမန္မာလူငယ္ (၇)ဦးကို တာခ်ီလိတ္တြင္ လာေရာက္လႊဲေျပာင္း

ဘန္ေကာက္ႏွင့္ခ်င္းမုိင္တြင္ ဖမ္းဆီးခံရသည့္ ျမန္မာလူငယ္ (၇)ဦးကို တာခ်ီလိတ္တြင္ လာေရာက္လႊဲေျပာင္း
စက်တင်ဘာ 11, 2018
By 🌸
ထုိင္းႏုိင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ေနထုိင္ျခင္းမ်ား ေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာလူငယ္ (၇)ဦးကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ(၁၁)ရက္ေန႔ နံနက္(၁၁)နာရီခြဲတြင္ လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏုိင္ငံသား အမ်ိဳးသား(၆)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔မွာ ရွမ္းျပည္နယ္ေတာင္ပိုင္း ကြန္ဟိန္း၊ လဲခ်ား၊ ဆီဆိုင္ႏွင့္ ေတာင္ႀကီးၿမိဳ႕မ်ားမွျဖစ္ၾကၿပီး အသက္(၁၅)ႏွစ္မွ (၂၀)ၾကားအရြယ္မ်ားျဖစ္ေၾကာင္း သိရသည္။

ျမန္မာလူငယ္(၇)ဦးကို ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာႏုိင္ငံဘက္မွ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန ဦးစီးဌာန၊၊  ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ တာခ်ီလိတ္အေျခစိုက္ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညွိႏွိဳင္းေရး ေကာ္မတီ (CNCMC )ေကာ္မတီတို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ ၂၀၁၈ ခုႏွစ္အတြင္း ဇန္နဝါရီလ (၁)ရက္ေန႔မွ စက္တင္ဘာလ (၁၁)ရက္ေန႔အထိ အမ်ိဳးသား (၅၅၃) ဦး၊ အမ်ိဳးသမီး (၂၅၁)ဦး၊ ကေလး (၃၁)ဦး စုစုေပါင္း (၈၃၅) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ေနထုိင္ျခင္း မ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးၿပီး ျမန္မာႏုိင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္သည့္ ထိုင္းႏုိင္ငံသားမ်ားအေနျဖင့္ အျခားျပစ္မႈမ်ား က်ဴးလြန္ျခင္းမရိွပါက ျပည္ႏွင္ဒဏ္ျဖင့္ ျမန္မာဘက္က ထိုင္းႏုိင္ငံသို႔ ျပန္လႊဲေပးေလ့ရိွေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံ၏ ေျပာင္းလဲထားသည့္ ေရႊ႕ေျပာင္းအလုပ္သမားဆိုင္ရာဥပေဒအရ အေထာက္အထားမျပည့္စံုသည့္ ေရႊ႕ေျပာင္းလုပ္သားမ်ားကို ဖမ္းဆီးအေရးယူေနရာ ျမန္မာလုပ္သားမ်ား ေနရပ္ျပန္လာျခင္းမ်ားလည္း ရိွေနၿပီး အေထာက္အထားမျပည့္စံု၍ ေနရပ္ျပန္လိုသည့္ ထုိင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားမ်ားအေနျဖင့္ ဖမ္းဆီးခံရျခင္းမရိွဘဲ ျပန္လာႏုိင္ေစရန္ ထုိင္းႏုိင္ငံအတြင္း ျမန္မာ - ထုိင္းႏွစ္ႏိုင္ငံ ညႇိႏိႈင္းမႈျဖင့္ ဖြင့္လွစ္ထားေသာ နယ္စပ္စခန္းမ်ားတြင္လည္းေကာင္း၊ အလုပ္သမား သံအရာရိွရံုးသို႔လည္းေကာင္း ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

ထုိင္းႏိုင္ငံအတြင္း ေရႊ႕ေျပာင္းလုပ္သားမ်ားအတြက္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၃၀)ရက္ေန႔အထိ ႏိုင္ငံသားစိစစ္ျခင္းလုပ္ငန္းစဥ္ ေဆာင္ရြက္ေပးခဲ့ၿပီးေနာက္ အေရးယူျခင္းလုပ္ေဆာင္ေနရာ အေထာက္အထားမျပည့္စံုသည့္ ျမန္မာလုပ္သားမ်ားအေနျဖင့္ ေနရပ္ျပန္ရန္ႏွင့္ တရားဝင္အလုပ္လုပ္ကိုင္ၾကရန္ ထိုင္းႏုိင္ငံရိွ ျမန္မာအလုပ္သမားသံအရာရိွရံုးက တိုက္တြန္းထားသည္။

Tachileik News Agency
ဓါတ္ပံု #CNCMC

~~~~~~~~⊰❂ unicode ~~~~~~~~
ဘန်ကောက်နှင့်ချင်းမိုင်တွင် ဖမ်းဆီးခံရသည့် မြန်မာလူငယ် (၇)ဦးကို တာချီလိတ်တွင် လာရောက်လွှဲပြောင်း
**********
ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ ရက်ကျော်နေထိုင်ခြင်းများ ကြောင့် ဖမ်းဆီးခံရသည့် မြန်မာလူငယ် (၇)ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၁)နာရီခွဲတွင် လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်း၊ လဲချား၊ ဆီဆိုင်နှင့် တောင်ကြီးမြို့များမှဖြစ်ကြပြီး အသက်(၁၅)နှစ်မှ (၂၀)ကြားအရွယ်များဖြစ်ကြောင်း သိရသည်။
မြန်မာလူငယ်(၇)ဦးကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးရာ မြန်မာနိုင်ငံဘက်မှ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန ဦးစီးဌာန၊၊  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် တာချီလိတ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC )ကော်မတီတို့က စိစစ်လက်ခံကြကြောင်း သိရသည်။

တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂၀၁၈ ခုနှစ်အတွင်း ဇန်နဝါရီလ (၁)ရက်နေ့မှ စက်တင်ဘာလ (၁၁)ရက်နေ့အထိ အမျိုးသား (၅၅၃) ဦး၊ အမျိုးသမီး (၂၅၁)ဦး၊ ကလေး (၃၁)ဦး စုစုပေါင်း (၈၃၅) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ ရက်ကျော်နေထိုင်ခြင်း များကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများအနေဖြင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းမရှိပါက ပြည်နှင်ဒဏ်ဖြင့် မြန်မာဘက်က ထိုင်းနိုင်ငံသို့ ပြန်လွှဲပေးလေ့ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ပြောင်းလဲထားသည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာဥပဒေအရ အထောက်အထားမပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးအရေးယူနေရာ မြန်မာလုပ်သားများ နေရပ်ပြန်လာခြင်းများလည်း ရှိနေပြီး အထောက်အထားမပြည့်စုံ၍ နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် ဖမ်းဆီးခံရခြင်းမရှိဘဲ ပြန်လာနိုင်စေရန် ထိုင်းနိုင်ငံအတွင်း မြန်မာ - ထိုင်းနှစ်နိုင်ငံ ညှိနှိုင်းမှုဖြင့် ဖွင့်လှစ်ထားသော နယ်စပ်စခန်းများတွင်လည်းကောင်း၊ အလုပ်သမား သံအရာရှိရုံးသို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားများအတွက် ၂၀၁၈ ခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ပေးခဲ့ပြီးနောက် အရေးယူခြင်းလုပ်ဆောင်နေရာ အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သားများအနေဖြင့် နေရပ်ပြန်ရန်နှင့် တရားဝင်အလုပ်လုပ်ကိုင်ကြရန် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက တိုက်တွန်းထားသည်။

Tachileik News Agency
ဓါတ်ပုံ #CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~