ျမန္မာႏုိင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႔ တာခ်ီလိတ္ႏွင့္ က်ိဳင္းတံု အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္မ်ားကို (၄)ရက္ၾကာ စစ္ေဆးမည္

ျမန္မာႏုိင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႔ တာခ်ီလိတ္ႏွင့္ က်ိဳင္းတံု အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္မ်ားကို (၄)ရက္ၾကာ စစ္ေဆးမည္
စက်တင်ဘာ 12, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ႏွင့္ က်ိဳင္းတံုၿမိဳ႕တို႔မွ အခ်ဳပ္ေထာင္၊ အက်ဥ္းေထာင္မ်ား လာေရာက္စစ္ေဆးေနသည့္ ျမန္မာနိုင္ငံအမ်ိဳးသားလူအခြင့္အေရးေကာ္မရွင္အဖြဲ႔သည္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၂)ရက္ေန႔ ေန႔လယ္ပိုင္းက တာခ်ီလိတ္ၿမိဳ႕တြင္ ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ ေတြ႔ဆံုပြဲက်င္းပေၾကာင္း သိရသည္။

အဆိုပါေကာ္မရွင္အဖြဲ႕သည္ တာခ်ီလိတ္ၿမိဳ႕ရိွ ရဲစခန္းအခ်ဳပ္ေထာင္၊ ေဆးရံုအခ်ဳပ္ေထာင္ႏွင့္ က်ိဳင္းတံုၿမိဳ႕ရိွ အက်ဥ္းေထာင္၊ ေဆးရံုအခ်ဳပ္မ်ားကို စက္တင္ဘာလ(၁၂)ရက္ေန႔မွ (၁၅)ရက္ေန႔အထိ စစ္ေဆးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

အဖြဲ႕ဝင္(၇)ဦးပါဝင္သည့္ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႕က အက်ဥ္းေထာင္၊ ရဲစခန္းအခ်ဳပ္ေထာင္ႏွင့္ ေဆးရံုအခ်ဳပ္မ်ားရိွ အက်ဥ္းသားမ်ား၏ အေျခအေနမ်ားကို စစ္ေဆးၾကမည္ျဖစ္သည့္အျပင္ အက်ဥ္းဦးစီးဌာနမွ ဝန္ထမ္းမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေတြ႔ဆံု၍ လူ႕အခြင့္အေရးဆိုင္ရာ သတိထားရမည့္အခ်က္မ်ား၊ ဝန္ထမ္းမ်ား၏ အခက္အခဲမ်ားကိုလည္း ေဆြးေႏြးမႈမ်ား လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာနိုင္ငံ အမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္က ႏုိင္ငံအတြင္း အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္မ်ားအား လွည့္လည္၍ ေကာ္မရွင္ဥပေဒျပ႒ာန္းခ်က္မ်ားႏွင့္အညီစစ္ေဆးၿပီး သက္ဆုိင္ရာဝန္ႀကီးဌာနထံ အႀကံျပဳခ်က္မ်ား ေပးပို႔ေနျခင္းျဖစ္သည္။

ျမန္မာနိုင္ငံအမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္အဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၃၀)ႏွင့္ (၃၁)ရက္ေန႔မ်ားက ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးခ႐ိုင္အတြင္းရိွ အက်ဥ္းဦးစီးဌာန၊ ဘန္းကန္၊ ထီးခမ္း၊ ေတာင္ေလးလံုး စိုက္ပ်ဳိးေမြးျမဴေရးႏွင့္ အသက္ေမြးမႈအတတ္သင္စခန္းမ်ား၊ ေညာင္ေရႊအက်ဥ္းေထာင္၊ ေအးသာယာၿမိဳ႕မရဲစခန္းအခ်ဳပ္ခန္း၊ ေတာင္ႀကီးၿမိဳ႕မရဲစခန္းအခ်ဳပ္ခန္း၊ နယ္ေျမရဲစခန္းအခ်ဳပ္ခန္း၊ ေတာင္ႀကီးအခ်ဳပ္ေထာင္၊ စဝ္စံထြန္းေဆး႐ံုအခ်ဳပ္ခန္း၊ ၿမိဳ႕နယ္တရား႐ံုးအခ်ဳပ္ခန္းမ်ားသို႔ သြားေရာက္ၿပီး အက်ဥ္းေထာင္အတြင္း အက်ဥ္းသားမ်ား အိပ္ေဆာင္၊ စားဖိုႀကီး၊ စာၾကည့္တိုက္မ်ားႏွင့္ ေဆးေပးခန္းမ်ားကို စစ္ေဆးျခင္းႏွင့္ အက်ဥ္းက်ခံေနရသူမ်ားကို သီးျခားေတြ႔ဆံုေမးျမန္းျခင္းမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ တာချီလိတ်နှင့် ကျိုင်းတုံ အကျဉ်းထောင်၊ အချုပ်ထောင်များကို (၄)ရက်ကြာ စစ်ဆေးမည်
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့တို့မှ အချုပ်ထောင်၊ အကျဉ်းထောင်များ လာရောက်စစ်ဆေးနေသည့် မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပကြောင်း သိရသည်။
အဆိုပါကော်မရှင်အဖွဲ့သည် တာချီလိတ်မြို့ရှိ ရဲစခန်းအချုပ်ထောင်၊ ဆေးရုံအချုပ်ထောင်နှင့် ကျိုင်းတုံမြို့ရှိ အကျဉ်းထောင်၊ ဆေးရုံအချုပ်များကို စက်တင်ဘာလ(၁၂)ရက်နေ့မှ (၁၅)ရက်နေ့အထိ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဖွဲ့ဝင်(၇)ဦးပါဝင်သည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့က အကျဉ်းထောင်၊ ရဲစခန်းအချုပ်ထောင်နှင့် ဆေးရုံအချုပ်များရှိ အကျဉ်းသားများ၏ အခြေအနေများကို စစ်ဆေးကြမည်ဖြစ်သည့်အပြင် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လူ့အခွင့်အရေးဆိုင်ရာ သတိထားရမည့်အချက်များ၊ ဝန်ထမ်းများ၏ အခက်အခဲများကိုလည်း ဆွေးနွေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံအတွင်း အကျဉ်းထောင်၊ အချုပ်ထောင်များအား လှည့်လည်၍ ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီစစ်ဆေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနထံ အကြံပြုချက်များ ပေးပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၀)နှင့် (၃၁)ရက်နေ့များက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်းရှိ အကျဉ်းဦးစီးဌာန၊ ဘန်းကန်၊ ထီးခမ်း၊ တောင်လေးလုံး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများ၊ ညောင်ရွှေအကျဉ်းထောင်၊ အေးသာယာမြို့မရဲစခန်းအချုပ်ခန်း၊ တောင်ကြီးမြို့မရဲစခန်းအချုပ်ခန်း၊ နယ်မြေရဲစခန်းအချုပ်ခန်း၊ တောင်ကြီးအချုပ်ထောင်၊ စဝ်စံထွန်းဆေးရုံအချုပ်ခန်း၊ မြို့နယ်တရားရုံးအချုပ်ခန်းများသို့ သွားရောက်ပြီး အကျဉ်းထောင်အတွင်း အကျဉ်းသားများ အိပ်ဆောင်၊ စားဖိုကြီး၊ စာကြည့်တိုက်များနှင့် ဆေးပေးခန်းများကို စစ်ဆေးခြင်းနှင့် အကျဉ်းကျခံနေရသူများကို သီးခြားတွေ့ဆုံမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~