ဆိုင္ကယ္ေမာင္းေနစဥ္ ဆီပိုက္ျပဳတ္၍ မီးေလာင္မႈျဖစ္ပြား

ဆိုင္ကယ္ေမာင္းေနစဥ္ ဆီပိုက္ျပဳတ္၍ မီးေလာင္မႈျဖစ္ပြား
စက်တင်ဘာ 10, 2018
By 🌸
မေကြး - ေရနံေခ်ာင္းကားလမ္းရိွ တဲႀကီးကုန္းေက်းရြာအနီး၌ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၉)ရက္ေန႔ နံနက္(၈)နာရီဝန္းက်င္က ဆိုင္ကယ္တစ္စီးေမာင္းႏွင္ေနစဥ္ မီးေလာင္မႈျဖစ္ပြားေၾကာင္း မေကြးၿမိဳ႕နယ္ ေဒါင္းေနရဲကင္းစခန္းမွ သိရသည္။

မေကြးၿမိဳ႕ဘက္မွ ေရနံေခ်ာင္းၿမိဳ႕ဘက္သို႔ စံေငြ(ခ)ဥကၠာ ေမာင္းႏွင္လာသည့္ ဇင္းနစ္အမ်ိဳးအစား 125 အနီေရာင္ဆိုင္ကယ္မွာ တဲႀကီးကုန္းေက်းရြာအနီး မိုင္တိုင္အမွတ္ ၃၄၃/၃ ႏွင့္ ၃၄၃/၄ ၾကားသို႔အေရာက္တြင္ ဆီပိုက္ျပဳတ္၍ အင္ဂ်င္ေပၚသို႔ ဓာတ္ဆီမ်ားဖိတ္က်ရာမွ မီးေလာင္မႈျဖစ္ပြားရျခင္းျဖစ္ေၾကာင္း ရဲစခန္းစစ္ ခ်က္အရ သိရသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္မွာ တစ္စီးလံုး ေလာင္ကၽြမ္းၿပီး ဆိုင္ကယ္ေမာင္းသူထိခိုက္ဒဏ္ရာရျခင္းမရိွေၾကာင္း သိရသည္။

ဆိုင္ကယ္မီးေလာင္ကၽြမ္းမႈႏွင့္ပတ္သက္၍ စံေငြ (ခ) ဥကၠာအား မေကြးၿမိဳ႕မရဲစခန္းတြင္ (ပ)၁၀၅၉/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ အရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု-ရဲစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ဆိုင်ကယ်မောင်းနေစဉ် ဆီပိုက်ပြုတ်၍ မီးလောင်မှုဖြစ်ပွား
***********
မကွေး - ရေနံချောင်းကားလမ်းရှိ တဲကြီးကုန်းကျေးရွာအနီး၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်က ဆိုင်ကယ်တစ်စီးမောင်းနှင်နေစဉ် မီးလောင်မှုဖြစ်ပွားကြောင်း မကွေးမြို့နယ် ဒေါင်းနေရဲကင်းစခန်းမှ သိရသည်။

မကွေးမြို့ဘက်မှ ရေနံချောင်းမြို့ဘက်သို့ စံငွေ(ခ)ဥက္ကာ မောင်းနှင်လာသည့် ဇင်းနစ်အမျိုးအစား 125 အနီရောင်ဆိုင်ကယ်မှာ တဲကြီးကုန်းကျေးရွာအနီး မိုင်တိုင်အမှတ် ၃၄၃/၃ နှင့် ၃၄၃/၄ ကြားသို့အရောက်တွင် ဆီပိုက်ပြုတ်၍ အင်ဂျင်ပေါ်သို့ ဓာတ်ဆီများဖိတ်ကျရာမှ မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း ရဲစခန်းစစ် ချက်အရ သိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်မှာ တစ်စီးလုံး လောင်ကျွမ်းပြီး ဆိုင်ကယ်မောင်းသူထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သိရသည်။

ဆိုင်ကယ်မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ စံငွေ (ခ) ဥက္ကာအား မကွေးမြို့မရဲစခန်းတွင် (ပ)၁၀၅၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ-ရဲစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~