လားရိႈးၿမိဳ႕ မုိးရာသီဖိတ္ေခၚ ခ်စ္ၾကည္ေရးေဘာလံုးပြဲတြင္ ၿမိဳ႕မိၿမိဳ႕ဖမ်ားအသင္းက ဌာနဆုိင္ရာမ်ားအသင္းကို အႏုိင္ရ

လားရိႈးၿမိဳ႕ မုိးရာသီဖိတ္ေခၚ ခ်စ္ၾကည္ေရးေဘာလံုးပြဲတြင္ ၿမိဳ႕မိၿမိဳ႕ဖမ်ားအသင္းက ဌာနဆုိင္ရာမ်ားအသင္းကို အႏုိင္ရ
စက်တင်ဘာ 14, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရိႈးၿမိဳ႕တြင္ ပထမဦးဆံုးအႀကိမ္အျဖစ္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၄) ရက္ေန႔ က်င္းပသည့္ မိုးရာသီဖိတ္ေခၚ ခ်စ္ၾကည္ေရးေဘာလံုးပြဲတြင္ ၿမိဳ႕မိၿမိဳ႕ဖမ်ားအသင္းက ဌာနဆိုင္ရာမ်ားအသင္းကို (၄)ဂိုး (၃)ဂိုးျဖင့္အႏုိင္ရသြားၿပီး ဆုေငြက်ပ္(၅)သိန္း ရရိွသြားေၾကာင္းသိရသည္။

“ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ဌာနဆိုင္ရာေတြ အသင္းအဖြဲ႔လုပ္ၿပီး မိုးရာသီခ်စ္ၾကည္ေရး ေဘာလံုးအားကစားပြဲလုပ္တာက ဒါက ပထမဦးဆံုးအႀကိမ္ျဖစ္ပါတယ္။ အသက္ (၄၅) ႏွစ္အထက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ၊ အုပ္ခ်ဳပ္ေရးမွဴး ေဟာင္းေတြ တစ္ရပ္ကြက္ကို (၂) ဦးစီပါဝင္တယ္။ ဌာနဆိုင္ရာေတြကေတာ့ ျပည္နယ္၊ ခရိုင္ဌာနေတြက တာဝန္ထမ္းေဆာင္ေနသူေတြပါတယ္။ အဓိကကေတာ့ အခ်င္းခ်င္းခ်စ္ၾကည္ရင္းႏွီးမႈရွိေစဖို႔နဲ႔ ျပည္သူေတြအတြက္ ေပ်ာ္ပြဲရႊင္ပြဲသေဘာမ်ိဳးလုပ္တာျဖစ္ပါတယ္” ဟု ၿမဳိ႕နယ္အားကစားမွဴး ေဒၚေခ်ာစုေအာင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ျပည္ေထာင္စုအားကစားကြင္း၌ က်င္းပသည့္ ေဘာလံုးၿပိဳင္ပြဲဖြင့္ပြဲကို လားရိႈးၿမိဳ႕ရွိ အမွတ္(၂)ႏွင့္ အမွတ္(၆) အေျခခံပညာ အထက္တန္းေက်ာင္းသား/သူမ်ား၏ ဘင္ခရာတပ္ဖြဲ႔မ်ား၊ ေဖ်ာ္ေျဖေရးတီးဝိုင္း၊ သီခ်င္း အစီအစဥ္မ်ားႏွင့္ ရွမ္းတိုင္းရင္းသား ရိုးရာတိုးနယားအက၊ တရုတ္ရိုးရာ ျခေသၤ့အကတို႔ ပါဝင္ေဖ်ာ္ေျဖခဲ့ၾကသည့္အျပင္ Shinning Myanmar Co.ltd ကလည္း လာေရာက္ၾကည့္ရႈသူမ်ားကို (၃၂) လက္မ တီဗြီ (၁)လံုး၊ (၂၈) လက္မ တီဗြီ(၁)လံုး အပါအဝင္ မီးဖိုေခ်ာင္သံုးပစၥည္းမ်ားအား ကံစမ္းမဲေဖါက္ေပးေၾကာင္း သိရသည္။

အဆိုပါၿပိဳင္ပြဲသို႔ တိုင္းရင္းသားယဥ္ေက်းမႈအသင္းမ်ား၊ ျပည္နယ္/ခရိုင္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားႏွင့္ ေဒသခံမ်ားလည္း လာေရာက္ၾကည့္ရႈၾကေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့ မိုးရာသီဖိတ်ခေါ် ချစ်ကြည်ရေးဘောလုံးပွဲတွင် မြို့မိမြို့ဖများအသင်းက ဌာနဆိုင်ရာများအသင်းကို အနိုင်ရ
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့ ကျင်းပသည့် မိုးရာသီဖိတ်ခေါ် ချစ်ကြည်ရေးဘောလုံးပွဲတွင် မြို့မိမြို့ဖများအသင်းက ဌာနဆိုင်ရာများအသင်းကို (၄)ဂိုး (၃)ဂိုးဖြင့်အနိုင်ရသွားပြီး ဆုငွေကျပ်(၅)သိန်း ရရှိသွားကြောင်းသိရသည်။

“မြို့မိမြို့ဖတွေနဲ့ ဌာနဆိုင်ရာတွေ အသင်းအဖွဲ့လုပ်ပြီး မိုးရာသီချစ်ကြည်ရေး ဘောလုံးအားကစားပွဲလုပ်တာက ဒါက ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ အသက် (၄၅) နှစ်အထက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ အုပ်ချုပ်ရေးမှူး ဟောင်းတွေ တစ်ရပ်ကွက်ကို (၂) ဦးစီပါဝင်တယ်။ ဌာနဆိုင်ရာတွေကတော့ ပြည်နယ်၊ ခရိုင်ဌာနတွေက တာဝန်ထမ်းဆောင်နေသူတွေပါတယ်။ အဓိကကတော့ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရှိစေဖို့နဲ့ ပြည်သူတွေအတွက် ပျော်ပွဲရွှင်ပွဲသဘောမျိုးလုပ်တာဖြစ်ပါတယ်” ဟု မြို့နယ်အားကစားမှူး ဒေါ်ချောစုအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပသည့် ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို လားရှိုးမြို့ရှိ အမှတ်(၂)နှင့် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းသား/သူများ၏ ဘင်ခရာတပ်ဖွဲ့များ၊ ဖျော်ဖြေရေးတီးဝိုင်း၊ သီချင်း အစီအစဉ်များနှင့် ရှမ်းတိုင်းရင်းသား ရိုးရာတိုးနယားအက၊ တရုတ်ရိုးရာ ခြင်္သေ့အကတို့ ပါဝင်ဖျော်ဖြေခဲ့ကြသည့်အပြင် Shinning Myanmar Co.ltd ကလည်း လာရောက်ကြည့်ရှုသူများကို (၃၂) လက်မ တီဗွီ (၁)လုံး၊ (၂၈) လက်မ တီဗွီ(၁)လုံး အပါအဝင် မီးဖိုချောင်သုံးပစ္စည်းများအား ကံစမ်းမဲဖေါက်ပေးကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ တိုင်းရင်းသားယဉ်ကျေးမှုအသင်းများ၊ ပြည်နယ်/ခရိုင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံများလည်း လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~