လားရိႈးၿမိဳ႕နယ္အတြင္း ေရႀကီးနစ္ျမဳပ္မႈ (၃)ႀကိမ္ႀကံဳခဲ့ရသည့္ လယ္ယာမ်ား ျပန္စိုက္ရန္ အခ်ိန္မမီသျဖင့္ စိုက္ပ်ိဳးစရိတ္ဆပ္ရန္ အခက္အခဲျဖစ္ေန

လားရိႈးၿမိဳ႕နယ္အတြင္း ေရႀကီးနစ္ျမဳပ္မႈ (၃)ႀကိမ္ႀကံဳခဲ့ရသည့္ လယ္ယာမ်ား ျပန္စိုက္ရန္ အခ်ိန္မမီသျဖင့္ စိုက္ပ်ိဳးစရိတ္ဆပ္ရန္ အခက္အခဲျဖစ္ေန
စက်တင်ဘာ 12, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ရိွ ေက်းရြာ(၅)ခုတြင္ ၂၀၁၈ ခုႏွစ္အတြင္း နမ့္ေယာ္ေခ်ာင္း (အီႏိုင္းေခ်ာင္း) ေရႀကီးေရလွ်ံမႈ(၃)ႀကိမ္ျဖစ္ပြားခဲ့ရာ စပါးႏွင့္ယာစိုက္ခင္းမ်ား ပ်က္စီးသြားၿပီး ျပန္လည္စိုက္ပ်ိဳးရန္ အခ်ိန္မမီေတာ့သျဖင့္ ေတာင္သူ(၄၅)ဦးမွာ စိုက္ပ်ိဳးစရိတ္ေခ်းေငြဆပ္ရန္ အခက္အခဲျဖစ္ေနၾကေၾကာင္း သိရသည္။

အီႏိုင္းေက်းရြာ၊ နားဟေက်းရြာ၊ တာႀကိဳင္း ေက်းရြာ၊ (၈) မိုင္ေက်းရြာႏွင့္ နမ့္ေယာင္ေက်းရြာမ်ားတြင္ သံုးႀကိမ္ေရႀကီးနစ္ျမဳပ္မႈအတြင္း စပါးစိုက္ဧက စုစုေပါင္း( ၂၂၁.၈၂ )ဧကႏွင့္ ယာစိုက္ခင္း စုစုေပါင္း ( ၁၇၂.၅ ) ဧက ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

“ေခ်းတာကေတာ့ ေတာင္သူေတြက တစ္ဧကကို တစ္သိန္း၊ ႏွစ္သိန္း အဲဒီလိုေခ်းၾကတယ္။ ဧက အနည္းအမ်ား အလိုက္ ေခ်းေပးတာျဖစ္ပါတယ္။ အခုက သံုးႀကိမ္ေလာက္ ေရနစ္ခဲ့တာဆိုေတာ့ စိုက္ခင္းေတြက အကုန္ပ်က္စီးသြားၿပီ။ ျပန္စိုက္ဖို႔လည္း အခ်ိန္ကမမီေတာ့ဘူး။ ျဖစ္ႏိုင္မယ္ဆိုရင္ေတာ့ ဒီတစ္ႏွစ္ စိုက္ပ်ိဳးစရိတ္ေခ်းထားတဲ့ ေတာင္သူေတြအတြက္ ဒီတစ္ႏွစ္ေတာ့ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ခြင့္လႊတ္ေပးႏိုင္ဖို႔ ေတာင္းဆိုခ်င္ပါတယ္။ ဝန္ႀကီးေတြလာတဲ့အခ်ိန္တုန္းကေတာ့ တစ္ဧကကို က်ပ္ (၁၀၀၀၀) စီ ေထာက္ပံ့မႈ ေပးခဲ့တာရွိပါတယ္” ဟု အီႏိုင္းေက်းရြာမွ ေတာင္သူတစ္ဦးျဖစ္သည့္ ဦးစိုင္းျမတ္သာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စိုက္ပ်ိဳးရာသီတစ္ရာသီအတြင္း (၃)ႀကိမ္ေရနစ္ျမဳပ္ၿပီးေနာက္ ျပန္လည္စိုက္ပ်ိဳးရန္ အခက္အခဲျဖစ္ေနရာ ေတာင္သူမ်ားအေနျဖင့္ စိုက္ပ်ိဳးေရးဘဏ္ႏွင့္ ျမစိမ္းေရာင္စီမံကိန္းအဖြဲ႔ထံမွ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ျပန္ဆပ္ရန္ အခက္အခဲျဖစ္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုကေတာ့ ဘာမွလုပ္လို႔မရေတာ့ဘူး။ ျပန္စိုက္ဖို႔လည္း အခ်ိန္ကမမီေတာ့ဘူး။ အစိုးရဆီကေနလည္း စိုက္ပ်ိဳးစရိတ္က ေခ်းထားတယ္။ ျမစိမ္းေရာင္စီမံကိန္းကေနလည္း စိုက္ပ်ိဳးစရိတ္ေခ်းထားတယ္။ (၃) ခါ ေရျမဳပ္ခဲ့တာဆိုေတာ့ မ်ိဳးေစ့ေတြလည္း မရွိေတာ့ဘူး။ ျပန္စိုက္ဖို႔အရင္းအႏွီးလည္း မရွိေတာ့ဘူး။ ေခ်းေငြကိုျပန္ဆပ္ႏိုင္ဖို႔လည္း အခက္အခဲျဖစ္ေနပါတယ္” ဟု အီႏိုင္းေက်းရြာမွ ေတာင္သူတစ္ဦးျဖစ္သည့္ ေဒၚနန္းခမ္းမြန္က ေျပာသည္။

ေရႀကီးနစ္ျမဳပ္သည့္ စပါးစိုက္ခင္း၊ ေျပာင္းစိုက္ခင္း၊ ႀကံစိုက္ခင္းမ်ားအတြက္  စိုက္ပ်ိဳးေရးဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံေျပာင္းစိုက္ေတာင္သူအသင္းတို႔က တစ္ဧကလွ်င္ ေျပာင္းမ်ိဳးေစ့ (၁)ထုပ္စီ၊ တိရိစၦာန္အစာအတြက္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနက တိရိစၦာန္အစာ (၁)အိတ္စီႏွင့္ ျပည္နယ္အစိုးရအဖြဲ႕က တစ္ဧကလွ်င္ က်ပ္(၁၀၀၀၀)စီ ပံ့ပိုးေပးထားေၾကာင္း သိရသည္။

နမ့္ေယာ္ေခ်ာင္း(အီႏိုင္းေခ်ာင္း)ေရႀကီးေရလွ်ံမႈေၾကာင့္ ၾသဂုတ္လ(၆)ရက္ေန႔တြင္ အီႏိုင္းေက်းရြာ၊ နားဟေက်းရြာ၊ တာႀကိဳင္း ေက်းရြာ၊ (၈) မိုင္ေက်းရြာႏွင့္ နမ့္ေယာင္ေက်းရြာတို႔ရွိ လယ္စပါး စိုက္ဧက( ၇၉) ဧကႏွင့္ ေျပာင္းစိုက္ဧက (၁၃၉.၅) ဧက၊ ၾသဂုတ္လ(၂၃) ရက္ေန႔တြင္ စပါး စိုက္ဧက ( ၄၅.၃၀) ဧကႏွင့္ စက္တင္ဘာလ(၁)ရက္ေန႔တြင္ စပါးစိုက္ဧက (၉၇.၅၂) ဧက၊ ေျပာင္း ( ၂၂) ဧကႏွင့္ ႀကံ ( ၁၁ )ဧကတို႔ ပ်က္စီး ခဲ့ေၾကာင္း သိရသည္။
သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု (၃)ကြိမ်ကြုံခဲ့ရသည့် လယ်ယာများ ပြန်စိုက်ရန် အချိန်မမီသဖြင့် စိုက်ပျိုးစရိတ်ဆပ်ရန် အခက်အခဲဖြစ်နေ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ ကျေးရွာ(၅)ခုတွင် ၂၀၁၈ ခုနှစ်အတွင်း နမ့်ယော်ချောင်း (အီနိုင်းချောင်း) ရေကြီးရေလျှံမှု(၃)ကြိမ်ဖြစ်ပွားခဲ့ရာ စပါးနှင့်ယာစိုက်ခင်းများ ပျက်စီးသွားပြီး ပြန်လည်စိုက်ပျိုးရန် အချိန်မမီတော့သဖြင့် တောင်သူ(၄၅)ဦးမှာ စိုက်ပျိုးစရိတ်ချေးငွေဆပ်ရန် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

အီနိုင်းကျေးရွာ၊ နားဟကျေးရွာ၊ တာကြိုင်း ကျေးရွာ၊ (၈) မိုင်ကျေးရွာနှင့် နမ့်ယောင်ကျေးရွာများတွင် သုံးကြိမ်ရေကြီးနစ်မြုပ်မှုအတွင်း စပါးစိုက်ဧက စုစုပေါင်း( ၂၂၁.၈၂ )ဧကနှင့် ယာစိုက်ခင်း စုစုပေါင်း ( ၁၇၂.၅ ) ဧက ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ချေးတာကတော့ တောင်သူတွေက တစ်ဧကကို တစ်သိန်း၊ နှစ်သိန်း အဲဒီလိုချေးကြတယ်။ ဧက အနည်းအများ အလိုက် ချေးပေးတာဖြစ်ပါတယ်။ အခုက သုံးကြိမ်လောက် ရေနစ်ခဲ့တာဆိုတော့ စိုက်ခင်းတွေက အကုန်ပျက်စီးသွားပြီ။ ပြန်စိုက်ဖို့လည်း အချိန်ကမမီတော့ဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီတစ်နှစ် စိုက်ပျိုးစရိတ်ချေးထားတဲ့ တောင်သူတွေအတွက် ဒီတစ်နှစ်တော့ နိုင်ငံတော်အစိုးရအနေနဲ့ ခွင့်လွှတ်ပေးနိုင်ဖို့ တောင်းဆိုချင်ပါတယ်။ ဝန်ကြီးတွေလာတဲ့အချိန်တုန်းကတော့ တစ်ဧကကို ကျပ် (၁၀၀၀၀) စီ ထောက်ပံ့မှု ပေးခဲ့တာရှိပါတယ်” ဟု အီနိုင်းကျေးရွာမှ တောင်သူတစ်ဦးဖြစ်သည့် ဦးစိုင်းမြတ်သာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စိုက်ပျိုးရာသီတစ်ရာသီအတွင်း (၃)ကြိမ်ရေနစ်မြုပ်ပြီးနောက် ပြန်လည်စိုက်ပျိုးရန် အခက်အခဲဖြစ်နေရာ တောင်သူများအနေဖြင့် စိုက်ပျိုးရေးဘဏ်နှင့် မြစိမ်းရောင်စီမံကိန်းအဖွဲ့ထံမှ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်ဆပ်ရန် အခက်အခဲဖြစ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

“အခုကတော့ ဘာမှလုပ်လို့မရတော့ဘူး။ ပြန်စိုက်ဖို့လည်း အချိန်ကမမီတော့ဘူး။ အစိုးရဆီကနေလည်း စိုက်ပျိုးစရိတ်က ချေးထားတယ်။ မြစိမ်းရောင်စီမံကိန်းကနေလည်း စိုက်ပျိုးစရိတ်ချေးထားတယ်။ (၃) ခါ ရေမြုပ်ခဲ့တာဆိုတော့ မျိုးစေ့တွေလည်း မရှိတော့ဘူး။ ပြန်စိုက်ဖို့အရင်းအနှီးလည်း မရှိတော့ဘူး။ ချေးငွေကိုပြန်ဆပ်နိုင်ဖို့လည်း အခက်အခဲဖြစ်နေပါတယ်” ဟု အီနိုင်းကျေးရွာမှ တောင်သူတစ်ဦးဖြစ်သည့် ဒေါ်နန်းခမ်းမွန်က ပြောသည်။

ရေကြီးနစ်မြုပ်သည့် စပါးစိုက်ခင်း၊ ပြောင်းစိုက်ခင်း၊ ကြံစိုက်ခင်းများအတွက်  စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံပြောင်းစိုက်တောင်သူအသင်းတို့က တစ်ဧကလျှင် ပြောင်းမျိုးစေ့ (၁)ထုပ်စီ၊ တိရိစ္ဆာန်အစာအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိရိစ္ဆာန်အစာ (၁)အိတ်စီနှင့် ပြည်နယ်အစိုးရအဖွဲ့က တစ်ဧကလျှင် ကျပ်(၁၀၀၀၀)စီ ပံ့ပိုးပေးထားကြောင်း သိရသည်။

နမ့်ယော်ချောင်း(အီနိုင်းချောင်း)ရေကြီးရေလျှံမှုကြောင့် သြဂုတ်လ(၆)ရက်နေ့တွင် အီနိုင်းကျေးရွာ၊ နားဟကျေးရွာ၊ တာကြိုင်း ကျေးရွာ၊ (၈) မိုင်ကျေးရွာနှင့် နမ့်ယောင်ကျေးရွာတို့ရှိ လယ်စပါး စိုက်ဧက( ၇၉) ဧကနှင့် ပြောင်းစိုက်ဧက (၁၃၉.၅) ဧက၊ သြဂုတ်လ(၂၃) ရက်နေ့တွင် စပါး စိုက်ဧက ( ၄၅.၃၀) ဧကနှင့် စက်တင်ဘာလ(၁)ရက်နေ့တွင် စပါးစိုက်ဧက (၉၇.၅၂) ဧက၊ ပြောင်း ( ၂၂) ဧကနှင့် ကြံ ( ၁၁ )ဧကတို့ ပျက်စီး ခဲ့ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~