လားရိႈး - နမၼတူလမ္းပိုင္း ေရေက်ာ္၍ လမ္းပိတ္ထားေသာ္လည္း ေဒသတြင္းတုိက္ပြဲရိွေနသျဖင့္ ဆက္လက္အသံုးျပဳေနရ

လားရိႈး - နမၼတူလမ္းပိုင္း ေရေက်ာ္၍ လမ္းပိတ္ထားေသာ္လည္း ေဒသတြင္းတုိက္ပြဲရိွေနသျဖင့္ ဆက္လက္အသံုးျပဳေနရ
စက်တင်ဘာ 4, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈး-နမၼတူလမ္းတြင္ ေရႀကီးေနမႈေၾကာင့္ လမ္းပိုင္းအား ယာယီပိတ္ထား ေသာ္လည္း နမၼတူသို႔သြားသည့္ အျခားလမ္းပိုင္းတြင္ တိုုက္ပြဲျဖစ္ပြားေနျခင္းေၾကာင့္ ေရႀကီးေနသည့္ လမ္းပိုင္း မွသာ ခရီးသည္မ်ား သြားလာေနရေၾကာင္း သိရသည္။

“ ဒီဘက္လမ္းမွာေရႀကီးေနလို႔ လမ္းပိတ္ထားတယ္ဆိုတာသိေပမဲ့ ဒီကေနပဲသြားဖို႔ႀကိဳးစားရတယ္။ သီေပါ ဘက္ကေနသြားတဲ့လမ္းမွာက ပန္လံုရြာနားမွာ တိုက္ပြဲျဖစ္ေနတဲ့အတြက္ မသြားရဲဘူး။ ေရႀကီးေနတဲ့ဘက္က ျဖတ္တာကမွ အႏၱရာယ္ကင္းဦးမယ္” ဟု လားရိႈးမွ နမၼတူသို႔ စက္တင္ဘာလ (၄) ရက္ေန႔ နံနက္ပိုင္းက ခရီးသြားသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စက္တင္ဘာလ (၂) ရက္ေန႔မွစတင္၍ လားရိႈး-နမၼတူလမ္းပိုင္းရွိ အီႏိုင္းေက်းရြာအား ျဖတ္သန္းသြားသည့္ လမ္းမႀကီးႏွစ္ေနရာတြင္ ေရေက်ာ္ေနျခင္းေၾကာင့္ ၄င္းလမ္းပိုင္းအား ယာယီပိတ္ထားျခင္းျဖစ္ေၾကာင္း ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

လမ္းပိုင္းေရေက်ာ္သည့္ေနရာအား ျဖတ္သန္းသြားလိုသည့္ ခရီးသည္မ်ားကို နယ္ေျမခံအင္ဂ်င္နီယာတပ္မွ တပ္ဖြဲ႔ဝင္မ်ားက စက္တပ္ေလွမ်ားျဖင့္ ကူညီသယ္ေဆာင္ေပးေနၿပီး လားရႈိးၿမိဳ႕ ဗဟိုမီးသတ္ႏွင့္ ရပ္ကြက္ (၁၀)မွ မီးသတ္တပ္ဖြဲ႔ဝင္ အင္အား(၂၀)၊ လူမႈကူညီေရး အသင္းမ်ား၊ ျမန္မာႏိုင္ငံလူမႈကူညီ ကယ္ဆယ္ေရး (လားရိႈး)တို႔မွလည္း လာေရာက္ ကူညီေနေၾကာင္း သိရသည္။

၄င္းလမ္းပိုင္းတြင္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၆)ရက္ေန႔က ပထမဦးဆံုးအႀကိမ္ ေရႀကီးနစ္ျမဳပ္ခဲ့ျခင္းျဖစ္ၿပီး ၾသဂုတ္လ (၂၃)ရက္တြင္ ဒုတိယအႀကိမ္ေျမာက္ ေရႀကီးခဲ့ျခင္းျဖစ္ကာ စက္တင္ဘာလ (၂)ရက္ေန႔မွ စတင္၍ တတိယအႀကိမ္ေျမာက္ ေရႀကီး၍လမ္းပိုင္းပိတ္ထားရျခင္းျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕နယ္ အီႏိုင္းေက်းရြာရွိ အီႏိုင္းေခ်ာင္းမွ ေရလ်ွံလာမႈေၾကာင့္ လားရိႈး-နမၼတူ လမ္းပိုင္းရွိ အနိမ့္ပိုင္း ေနရာႏွစ္ခုတြင္ ေရအျမင့္ (၃) ေပခြဲအထိ ျမင့္တက္လာျခင္းေၾကာင့္ လမ္းပိုင္းျဖတ္သန္းမႈကို ယာယီပိတ္ ထားျခင္းျဖစ္ေသာ္လည္း နမၼတူသို႔ သြားရန္အျခားလမ္းျဖစ္သည့္ သီေပါ-နမၼတူ လမ္းပုိုင္းရွိ သီေပါ-နမၼတူ-နမ့္ဆန္ ၿမိဳ႕နယ္သံုးခုဆံုသည့္ေနရာတြင္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႔တစ္ခုတို႔ တိုက္ပြဲျဖစ္ပြားေနသည့္ အတြက္ ေရႀကီးေနသည့္ လမ္းပိုင္းမွသာ ျဖတ္သန္းသြားလာေနျခင္းျဖစ္ေၾကာင္း ခရီးသြားမ်ားထံက သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုး - နမ္မတူလမ်းပိုင်း ရေကျော်၍ လမ်းပိတ်ထားသော်လည်း ဒေသတွင်းတိုက်ပွဲရှိနေသဖြင့် ဆက်လက်အသုံးပြုနေရ
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး-နမ္မတူလမ်းတွင် ရေကြီးနေမှုကြောင့် လမ်းပိုင်းအား ယာယီပိတ်ထား သော်လည်း နမ္မတူသို့သွားသည့် အခြားလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ရေကြီးနေသည့် လမ်းပိုင်း မှသာ ခရီးသည်များ သွားလာနေရကြောင်း သိရသည်။

“ ဒီဘက်လမ်းမှာရေကြီးနေလို့ လမ်းပိတ်ထားတယ်ဆိုတာသိပေမဲ့ ဒီကနေပဲသွားဖို့ကြိုးစားရတယ်။ သီပေါ ဘက်ကနေသွားတဲ့လမ်းမှာက ပန်လုံရွာနားမှာ တိုက်ပွဲဖြစ်နေတဲ့အတွက် မသွားရဲဘူး။ ရေကြီးနေတဲ့ဘက်က ဖြတ်တာကမှ အန္တရာယ်ကင်းဦးမယ်” ဟု လားရှိုးမှ နမ္မတူသို့ စက်တင်ဘာလ (၄) ရက်နေ့ နံနက်ပိုင်းက ခရီးသွားသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စက်တင်ဘာလ (၂) ရက်နေ့မှစတင်၍ လားရှိုး-နမ္မတူလမ်းပိုင်းရှိ အီနိုင်းကျေးရွာအား ဖြတ်သန်းသွားသည့် လမ်းမကြီးနှစ်နေရာတွင် ရေကျော်နေခြင်းကြောင့် ၎င်းလမ်းပိုင်းအား ယာယီပိတ်ထားခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လမ်းပိုင်းရေကျော်သည့်နေရာအား ဖြတ်သန်းသွားလိုသည့် ခရီးသည်များကို နယ်မြေခံအင်ဂျင်နီယာတပ်မှ တပ်ဖွဲ့ဝင်များက စက်တပ်လှေများဖြင့် ကူညီသယ်ဆောင်ပေးနေပြီး လားရှိုးမြို့ ဗဟိုမီးသတ်နှင့် ရပ်ကွက် (၁၀)မှ မီးသတ်တပ်ဖွဲ့ဝင် အင်အား(၂၀)၊ လူမှုကူညီရေး အသင်းများ၊ မြန်မာနိုင်ငံလူမှုကူညီ ကယ်ဆယ်ရေး (လားရှိုး)တို့မှလည်း လာရောက် ကူညီနေကြောင်း သိရသည်။

၎င်းလမ်းပိုင်းတွင် ၂၀၁၈ ခုနှစ် သြဂုတ်လ (၆)ရက်နေ့က ပထမဦးဆုံးအကြိမ် ရေကြီးနစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ (၂၃)ရက်တွင် ဒုတိယအကြိမ်မြောက် ရေကြီးခဲ့ခြင်းဖြစ်ကာ စက်တင်ဘာလ (၂)ရက်နေ့မှ စတင်၍ တတိယအကြိမ်မြောက် ရေကြီး၍လမ်းပိုင်းပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ အီနိုင်းချောင်းမှ ရေလျှံလာမှုကြောင့် လားရှိုး-နမ္မတူ လမ်းပိုင်းရှိ အနိမ့်ပိုင်း နေရာနှစ်ခုတွင် ရေအမြင့် (၃) ပေခွဲအထိ မြင့်တက်လာခြင်းကြောင့် လမ်းပိုင်းဖြတ်သန်းမှုကို ယာယီပိတ် ထားခြင်းဖြစ်သော်လည်း နမ္မတူသို့ သွားရန်အခြားလမ်းဖြစ်သည့် သီပေါ-နမ္မတူ လမ်းပိုင်းရှိ သီပေါ-နမ္မတူ-နမ့်ဆန် မြို့နယ်သုံးခုဆုံသည့်နေရာတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုတို့ တိုက်ပွဲဖြစ်ပွားနေသည့် အတွက် ရေကြီးနေသည့် လမ်းပိုင်းမှသာ ဖြတ်သန်းသွားလာနေခြင်းဖြစ်ကြောင်း ခရီးသွားများထံက သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~