လားရိႈးၿမိဳ႕မေစ်းတြင္ ေရြ႕လ်ားဓါတ္ခြဲခန္းျဖင့္ စားေသာက္ကုန္ (၃၃)မ်ိဳးစစ္ေဆးရာ သံသယရိွထုတ္ကုန္ (၆)မ်ိဳးေတြ႔ရိွ

လားရိႈးၿမိဳ႕မေစ်းတြင္ ေရြ႕လ်ားဓါတ္ခြဲခန္းျဖင့္ စားေသာက္ကုန္ (၃၃)မ်ိဳးစစ္ေဆးရာ သံသယရိွထုတ္ကုန္ (၆)မ်ိဳးေတြ႔ရိွ
စက်တင်ဘာ 11, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ စားသံုးသူေရးရာဦးစီးဌာနက အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာန၏ ေရြ႕လ်ားဓါတ္ခြဲခန္းျဖင့္ လားရိႈးၿမိဳ႕မေစ်းအတြင္း စားေသာက္ကုန္မ်ားကို  ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၁)ရက္ေန႔က ပထမဆံုးအႀကိမ္စစ္ေဆးရာ သံသယရွိ စားေသာက္ကုန္(၆) မ်ိဳး ေတြ႔ရေၾကာင္း သိရသည္။

“အဓိကကေတာ့ အရင္ကဆို ေစ်းကြက္နမူနာေကာက္ယူၿပီးေတာ့ ရံုးခ်ဳပ္ကိုပို႔ရတယ္။ ရံုးခ်ဳပ္က ဓါတ္ခြဲစစ္ေဆးတဲ့အေျဖကို လနဲ႔ခ်ီၿပီး ေစာင့္ရတယ္။ အခု mobile lab နဲ႔ဆိုေတာ့ ခ်က္ခ်င္းအေျဖသိရတာေပါ့။ အခု အစားအေသာက္နမူနာ(၃၃)မ်ိဳး စစ္ရာမွာ (၂၇)မ်ိဳးကေတာ့ တားျမစ္ဆိုးေဆး၊ ေဖာ္မလင္လို တာရွည္ခံေဆးသံုးထားတာမ်ိဳးေတြ မရိွဘူး။ (၆)မ်ိဳးကေတာ့ နည္းနည္း သံသယရိွတယ္။ ဒါေၾကာင့္ ေနျပည္ေတာ္ ဓါတ္ခြဲခန္းပို႔ၿပီးမွ အတည္ျပဳရမွာပါ။ စားသံုးရန္မသင့္ဘူးဆိုရင္ ေစ်းကြက္ကေန ျပန္သိမ္းခုိင္းမွာပါ”ဟု စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး (လားရႈိး)မွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈးၿမိဳ႕မေစ်းအတြင္း စစ္ေဆးရာ၌ လားရိႈးၿမိဳ႕မွထုတ္လုပ္သည့္ မုန္႔ဖတ္၊ ငရုတ္သီးမႈန္႔၊ မုန္႔ညႇင္းခ်ဥ္စသည့္ စားေသာက္ကုန္မ်ားကို အဓိကစစ္ေဆးခဲ့ျခင္းျဖစ္ၿပီး ယခုစစ္ေဆးမႈမွာ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ FDA ၏ ေရြ႕လ်ားဓါတ္ခြဲခန္းျဖင့္ ပထမဆံုးအႀကိမ္စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုလို mobile lab နဲ႔စစ္တာက FDA ကလုပ္တာေပါ့။ ေနျပည္ေတာ္ကေန ေတာက္ေလွ်ာက္လာၿပီး လမ္းတေလွ်ာက္ၿမိဳ႕ေတြမွာ စစ္တာေပါ့ေနာ္။ ၿမိဳ႕တစ္ၿမိဳ႕မွာ ပံုမွန္စစ္ေဆးဖို႔ဆိုတာက သူတို႔မွာလည္း ကုန္က်စရိတ္ေတြ၊ လုပ္ႏုိင္စြမ္းေတြ စတာေတြေၾကာင့္  အကန္႔အသတ္ေတာ့ ရိွတာေပါ့။ လက္ရိွ အသစ္ျပန္ေရးဆြဲေနတဲ့ စားသံုးသူေရးရာဥပေဒနဲ႔ နည္းဥပေဒေတြ အတည္ျပဳၿပီးရင္ေတာ့ ကၽြန္ေတာ္တုိ႔ ဌာနေတြအေနနဲ႔ ေစ်းကြက္နမူနာေတြကို ကိုယ္တုိင္စစ္ေဆးႏုိင္ဖို႔၊ ျပည္တြင္းဝင္မယ့္ စားေသာက္ကုန္ေတြဆိုရင္ နယ္စပ္မွာကတည္းက စစ္ေဆးၿပီးမွ ျပည္တြင္းအဝင္ခံဖို႔အထိ ထည့္သြင္းေရးဆြဲထားပါတယ္။ ေလာေလာဆယ္မွာေတာ့ FDA က ေထာက္ခံခ်က္ေပးရေတာ့ FDA က အဓိက တာဝန္ယူလုပ္ေနၿပီး ကၽြန္ေတာ္တုိ႔ဌာနေတြက ဝိုင္းဝန္းလုပ္ေဆာင္ေပးေနတာပါ”ဟု စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး (လားရႈိး)မွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက ေျပာသည္။

လားရိႈးၿမိဳ႕မေစ်းအတြင္း စစ္ေဆးမႈကို အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈဦးစီးဌာန(FDA) ႏွင့္အတူ စားသံုးသူေရးရာဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ ရဲတပ္ဖြဲ႔တို႔မွ တာဝန္ရိွသူမ်ား ပူးေပါင္းေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့မဈေးတွင် ရွေ့လျားဓါတ်ခွဲခန်းဖြင့် စားသောက်ကုန် (၃၃)မျိုးစစ်ဆေးရာ သံသယရှိထုတ်ကုန် (၆)မျိုးတွေ့ရှိ
********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာနက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ရွေ့လျားဓါတ်ခွဲခန်းဖြင့် လားရှိုးမြို့မဈေးအတွင်း စားသောက်ကုန်များကို  ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့က ပထမဆုံးအကြိမ်စစ်ဆေးရာ သံသယရှိ စားသောက်ကုန်(၆) မျိုး တွေ့ရကြောင်း သိရသည်။

“အဓိကကတော့ အရင်ကဆို ဈေးကွက်နမူနာကောက်ယူပြီးတော့ ရုံးချုပ်ကိုပို့ရတယ်။ ရုံးချုပ်က ဓါတ်ခွဲစစ်ဆေးတဲ့အဖြေကို လနဲ့ချီပြီး စောင့်ရတယ်။ အခု mobile lab နဲ့ဆိုတော့ ချက်ချင်းအဖြေသိရတာပေါ့။ အခု အစားအသောက်နမူနာ(၃၃)မျိုး စစ်ရာမှာ (၂၇)မျိုးကတော့ တားမြစ်ဆိုးဆေး၊ ဖော်မလင်လို တာရှည်ခံဆေးသုံးထားတာမျိုးတွေ မရှိဘူး။ (၆)မျိုးကတော့ နည်းနည်း သံသယရှိတယ်။ ဒါကြောင့် နေပြည်တော် ဓါတ်ခွဲခန်းပို့ပြီးမှ အတည်ပြုရမှာပါ။ စားသုံးရန်မသင့်ဘူးဆိုရင် ဈေးကွက်ကနေ ပြန်သိမ်းခိုင်းမှာပါ”ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး (လားရှိုး)မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့မဈေးအတွင်း စစ်ဆေးရာ၌ လားရှိုးမြို့မှထုတ်လုပ်သည့် မုန့်ဖတ်၊ ငရုတ်သီးမှုန့်၊ မုန့်ညှင်းချဉ်စသည့် စားသောက်ကုန်များကို အဓိကစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယခုစစ်ဆေးမှုမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် FDA ၏ ရွေ့လျားဓါတ်ခွဲခန်းဖြင့် ပထမဆုံးအကြိမ်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

“အခုလို mobile lab နဲ့စစ်တာက FDA ကလုပ်တာပေါ့။ နေပြည်တော်ကနေ တောက်လျှောက်လာပြီး လမ်းတလျှောက်မြို့တွေမှာ စစ်တာပေါ့နော်။ မြို့တစ်မြို့မှာ ပုံမှန်စစ်ဆေးဖို့ဆိုတာက သူတို့မှာလည်း ကုန်ကျစရိတ်တွေ၊ လုပ်နိုင်စွမ်းတွေ စတာတွေကြောင့်  အကန့်အသတ်တော့ ရှိတာပေါ့။ လက်ရှိ အသစ်ပြန်ရေးဆွဲနေတဲ့ စားသုံးသူရေးရာဥပဒေနဲ့ နည်းဥပဒေတွေ အတည်ပြုပြီးရင်တော့ ကျွန်တော်တို့ ဌာနတွေအနေနဲ့ ဈေးကွက်နမူနာတွေကို ကိုယ်တိုင်စစ်ဆေးနိုင်ဖို့၊ ပြည်တွင်းဝင်မယ့် စားသောက်ကုန်တွေဆိုရင် နယ်စပ်မှာကတည်းက စစ်ဆေးပြီးမှ ပြည်တွင်းအဝင်ခံဖို့အထိ ထည့်သွင်းရေးဆွဲထားပါတယ်။ လောလောဆယ်မှာတော့ FDA က ထောက်ခံချက်ပေးရတော့ FDA က အဓိက တာဝန်ယူလုပ်နေပြီး ကျွန်တော်တို့ဌာနတွေက ဝိုင်းဝန်းလုပ်ဆောင်ပေးနေတာပါ”ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး (လားရှိုး)မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောသည်။

လားရှိုးမြို့မဈေးအတွင်း စစ်ဆေးမှုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~