လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် ရှမ်းတောင်နှင့်မြောက်နှစ်ခုပေါင်းထက် ထောက်ပံ့ငွေ (၅)ဆကျော် ပေးထား
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် ရှမ်းတောင်နှင့်မြောက်နှစ်ခုပေါင်းထက် ထောက်ပံ့ငွေ (၅)ဆကျော် ပေးထား
စက်တင်ဘာ 24, 2018
By Tachileik News Agency
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်အတွင်း ရှမ်းပြည်နယ်ရှိ ပြည်သူလူထုသို့ စက်တင်ဘာလ အတွင်း ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း (၆,၉၆၆.၇) သုံးစွဲထားရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် ရှမ်းတောင်နှင့်မြောက်ထက် (၅)ဆကျော်ဖြင့် အများဆုံး ထောက်ပံ့ထားကြောင်း သိရသည်။
ယင်းကဲ့သို့ ထောက်ပံ့ငွေများ စတင်ပေးအပ်ရာတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ လာရောက်ပေးအပ်သည့်ခရီးစဉ်အတွင်း ကျိုင်းတုံနှင့် တာချီလိတ်မြို့များတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန အနေဖြင့် ရေပေးဝေရေးနှင့် မြေထိန်းနံရံ တည်ဆောက်ရေးတို့ အတွက် ထောက်ပံ့ငွေများအပြင် ဒေသတွင်းမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကိုလည်း ပံ့ပိုးငွေများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများဖြင့် လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍအနေဖြင့် အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်တွင် စတင်လိုက်သည့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်း အစီအစဉ်အရ ရှမ်းပြည်နယ်အတွင်း မသန်စွမ်း သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်းမှ မသန်စွမ်း(၁,၉၂၂)ဦးအတွက် ကျပ်သိန်းပေါင်း (၅၇၆.၆)၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ မသန်စွမ်း(၁,၄၈၄)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ မသန်စွမ်း (၄၃၈)ဦးနှင့် အထူးကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး (၁၂၄)ဦးအတွက် တစ်ဦးလျှင် ကျပ်(၃၀,ဝဝဝ)နှုန်းဖြင့် ထောက်ပံ့ငွေများ ပေးအပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ထောက်ပံ့ငွေများ စတင်ပေးအပ်ရာတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ လာရောက်ပေးအပ်သည့်ခရီးစဉ်အတွင်း ကျိုင်းတုံနှင့် တာချီလိတ်မြို့များတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန အနဖြေင့် ရေပေးဝေရေးနှင့် မြေထိန်းနံရံ တည်ဆောက်ရေးတို့ အတွက် ထောက်ပံ့ငွေများအပြင် ဒေသတွင်းမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကိုလည်း ပံ့ပိုးငွေများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
“အစိုးရအနေနဲ့ ပြည်သူကို တိုက်ရိုက် အကျိုးရှိမယ့် လုပ်ငန်းတွေကို အာရုံထား ဆောင်ရွက်ပေးနေပါတယ်။ အဓိကရည်ရွယ်ချက်တွဖြေစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် လိုအပ်တဲ့ အခြေခံများ ရရှိရေးအတွက် အခြေခံဥပဒပြေင်ဆင်ရေး ဒီ(၃)ချက်ကို ဦးတည်ပြီး ဆောင်ရွက် နေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပူးပေါင်းဆောင်ရွက်တဲ့ အင်အားလိုပါတယ်။ ပြည်သူလူထုနဲ့ ဌာနဆိုင်ရာတို့၊ လူမှုအဖွဲ့အစည်းတွေလည်း လက်ရှိမှာလည်း ပူးပေါင်းဆောင်ရွက်နကြေပါတယ်။ ဒီထက်လည်းပိုပြီး ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့က ထောက်ပံ့ငွေများပေးအပ်ရာ၌ ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး၏ ကျိုင်းတုံမြို့ ခရီးစဉ်အတွင်း ကျိုင်းတုံရေပေးဝေရေးလုပ်ငန်းအတွက် ကျပ်သိန်းပေါင်း (၂,၉၅၀)နှင့် ကျိုင်းတုံမြို့ရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(၁၁)ဖွဲ့အတွက် ကျပ်(၃၃)သိန်းနှင့် တာချီလိတ်မြို့ ခရီးစဉ်အတွင်း တာချီလိတ်မြို့အပိုင်းရှိ နှစ်နိုင်ငံနယ်စပ် မယ်ဆိုင် - မယ်ဟောက်ချောင်း အလျား(၆၅၀)ပေတွင် မြေထိန်းနံရံတည်ဆောက်ရေးအတွက် ကျပ်သိန်းပေါင်း(၂၇၇၈.၃)နှင့် တာချီလိတ်မြို့ရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (၅)ဖွဲ့အတွက် ကျပ်(၁၅)သိန်းတို့ကိုလည်း ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများဖြင့် လုပ်ငန်းဆောင်ရွက်နခြေင်းဖြစ်ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍအနဖြေင့် အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~