ဖရူဆိုၿမိဳ႕နယ္ အမွတ္ (၁၄)တန္းျမင့္စစ္ေလ့က်င့္ေရးေက်ာင္းက အေၾကာင္းမၾကားဘဲ လက္နက္ႀကီးမ်ား ပစ္ခတ္ေန၍ ေဒသခံမ်ား စိုးရိမ္ေန

ဖရူဆိုၿမိဳ႕နယ္ အမွတ္ (၁၄)တန္းျမင့္စစ္ေလ့က်င့္ေရးေက်ာင္းက အေၾကာင္းမၾကားဘဲ လက္နက္ႀကီးမ်ား ပစ္ခတ္ေန၍ ေဒသခံမ်ား စိုးရိမ္ေန
စက်တင်ဘာ 16, 2018
By 🌸
ကယားျပည္နယ္၊ ဖရူဆုိၿမဳိ႕နယ္၊ ေဒါေလာခူေက်းရြာအနီး႐ွိ အမွတ္ (၁၄) တန္းျမင့္ စစ္ေလ့က်င့္ေရးေက်ာင္းက ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၅) ရက္ေန႔ နံနက္ပိုင္းတြင္ အနီးဝန္းက်င္ရိွ ေဒသခံမ်ားအား အသိေပး အေၾကာင္းၾကားျခင္းမရိွဘဲ လက္နက္ႀကီးမ်ားပစ္ခတ္ေလ့က်င့္မႈျပဳလုပ္ခဲ့သျဖင့္ အနီးဝန္းက်င္ ေတာင္ယာမ်ားတြင္ စစ္ေဆးျခင္းႏွင့္ အဆိုပါကိစၥအား သက္ဆုိင္ရာသို႔ အေၾကာင္းၾကားျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ေလ့က်င့္မႈမ်ားျပဳလုပ္ရာတြင္ ေလ့က်င့္ကြင္းေက်ာ္ၿပီး အနီးဝန္းက်င္ရိွ ေတာင္ယာမ်ားသို႔ လက္နက္ႀကီးက်ည္ က်ေရာက္တတ္သျဖင့္ အနီးဝန္းက်င္ေက်းရြာမ်ားသို႔ အသိေပးအေၾကာင္းၾကားစာမ်ားကို အမွတ္ (၁၄) တန္းျမင့္ စစ္ေလ့က်င့္ေရးေက်ာင္းက ႀကိဳတင္ေပးပို႔ေလ့ရိွေသာ္လည္း ယခုတစ္ႀကိမ္တြင္ အသိေပးအေၾကာင္းၾကားခဲ့ျခင္း မရိွေၾကာင္း သိရသည္။

" ေက်းရြာဥကၠဌေတြကို အသိေပးမႈမရွိဘူး။ ေဒသခံေတြက စိုးရိမ္ၾကတာေပါ့။ အရင္ကဆို အသိေပးတယ္ စာထြက္တယ္။ သူတို႔ ေလ့က်င့္ေရးလုပ္တဲ့ေနရာေတြတစ္ဝိုက္မွာ ေတာင္ယာေတြ ႐ွိတယ္။ အရင္ကဆို ေလ့က်င့္တဲ့ေန႔ေတြဆို ေတာင္ယာမသြားၾကဘူး။ အႏၱရာယ္မ်ားတယ္ေလ။ ေတာင္ယာေတြထဲ ဒီလက္နက္ႀကီး က်ည္ေတြ က်လား၊ မကြဲတဲ့ ဗုံးေတြ႐ွိေနလားဆိုတာ သြားၾကည့္မယ္။ ႐ွိေနရင္ သက္ဆိုင္ရာကို အသိေပးတာေတြ စာတင္တာေတြ ကၽြန္ေတာ္ လုပ္သြားမွာပါ။ အရင္ကဆို ေတာင္ယာထဲ မကြဲဘဲ က်န္ေနတဲ့ ဗုံးေတြ ႐ွိခဲ့တယ္ေလ။ ဒါေၾကာင့္ ေဒသခံေတြလည္း စိုးရိမ္ေနၾကတာေပါ့ " ဟု ဖ႐ူဆိုၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသဲရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေလ့က်င့္ေရးေက်ာင္းပတ္လည္တြင္ ေဒသခံမ်ား၏ ေတာင္ယာမ်ားရိွေနၿပီး ႏြားေက်ာင္းေနသူမ်ားလည္း ရိွေနတတ္ၿပီး ႀကိဳတင္အေၾကာင္းမၾကားဘဲ လက္နက္ႀကီးပစ္ခတ္သံမ်ားေၾကာင့္ စိုးရိမ္ထိတ္လန္႔မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

" အရင္တုန္းက တရားဝင္စာထြက္တယ္။ ႀကဳိတင္အေၾကာင္းၾကား အသ္ိေပးတယ္။ အဲဒီလိုဆို ကြၽန္ေတာ္တို႔ ေတာင္ယာမသြားေတာ့ဘူး။ ႏြားေက်ာင္းတာေတြလည္း မလုပ္ဘူး။ အခုကဘာလုိ႔ တရားဝင္ စာမထြက္ေတာ့တာလဲ မသိဘူး။ ကြၽန္ေတာ္တို႔က တပ္နားတစ္ဝိုက္မွာ ေနေနရတာေလ။ ကြၽန္ေတာ္တို႔ေျမေတြသိမ္းၿပီး တပ္တည္ခဲ့တာပဲ။ ကြၽန္ေတာ္တို႔ကို အေလးထားသင့္တယ္။ ေတာင္သူယာသြားတဲ့သူေတြေရာ၊ ႏြားေက်ာင္း သမားေတြေရာ အကုန္အႏၱရာယ္မ်ားတယ္။ အရင္ကဆို ဗုံးသီးေတြ ေတာင္ယာထဲက်တယ္။ မကြဲေသးတာေပါ့ ။ အဲဒီလိုေတြ ျဖစ္မွာစိုးတယ္ေလ။ တိုက္ပြဲေတြ ျဖစ္ေနသလိုပဲ ေၾကာက္စရာေကာင္းတယ္ " ဟု ေဒသခံတစ္ဦးက ေျပာသည္။

အမွတ္ (၁၄)တန္းျမင့္ စစ္ေလ့က်င့္ေရး ေက်ာင္းကို ၂၀၁၂ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါ စစ္ေလ့က်င့္ေရးေက်ာင္းအနီးတြင္ မာခေရာ႐ွည္ ေက်းရြာ၊ ေဒါေလာခူေက်းရြာ၊ ေလာဂ်ာေက်းရြာမ်ားရိွေနျခင္းျဖစ္သည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ဖရူဆိုမြို့နယ် အမှတ် (၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းက အကြောင်းမကြားဘဲ လက်နက်ကြီးများ ပစ်ခတ်နေ၍ ဒေသခံများ စိုးရိမ်နေ
*************
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါလောခူကျေးရွာအနီးရှိ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် အနီးဝန်းကျင်ရှိ ဒေသခံများအား အသိပေး အကြောင်းကြားခြင်းမရှိဘဲ လက်နက်ကြီးများပစ်ခတ်လေ့ကျင့်မှုပြုလုပ်ခဲ့သဖြင့် အနီးဝန်းကျင် တောင်ယာများတွင် စစ်ဆေးခြင်းနှင့် အဆိုပါကိစ္စအား သက်ဆိုင်ရာသို့ အကြောင်းကြားခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

လေ့ကျင့်မှုများပြုလုပ်ရာတွင် လေ့ကျင့်ကွင်းကျော်ပြီး အနီးဝန်းကျင်ရှိ တောင်ယာများသို့ လက်နက်ကြီးကျည် ကျရောက်တတ်သဖြင့် အနီးဝန်းကျင်ကျေးရွာများသို့ အသိပေးအကြောင်းကြားစာများကို အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းက ကြိုတင်ပေးပို့လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင် အသိပေးအကြောင်းကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

" ကျေးရွာဥက္ကဌတွေကို အသိပေးမှုမရှိဘူး။ ဒေသခံတွေက စိုးရိမ်ကြတာပေါ့။ အရင်ကဆို အသိပေးတယ် စာထွက်တယ်။ သူတို့ လေ့ကျင့်ရေးလုပ်တဲ့နေရာတွေတစ်ဝိုက်မှာ တောင်ယာတွေ ရှိတယ်။ အရင်ကဆို လေ့ကျင့်တဲ့နေ့တွေဆို တောင်ယာမသွားကြဘူး။ အန္တရာယ်များတယ်လေ။ တောင်ယာတွေထဲ ဒီလက်နက်ကြီး ကျည်တွေ ကျလား၊ မကွဲတဲ့ ဗုံးတွေရှိနေလားဆိုတာ သွားကြည့်မယ်။ ရှိနေရင် သက်ဆိုင်ရာကို အသိပေးတာတွေ စာတင်တာတွေ ကျွန်တော် လုပ်သွားမှာပါ။ အရင်ကဆို တောင်ယာထဲ မကွဲဘဲ ကျန်နေတဲ့ ဗုံးတွေ ရှိခဲ့တယ်လေ။ ဒါကြောင့် ဒေသခံတွေလည်း စိုးရိမ်နေကြတာပေါ့ " ဟု ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါလေ့ကျင့်ရေးကျောင်းပတ်လည်တွင် ဒေသခံများ၏ တောင်ယာများရှိနေပြီး နွားကျောင်းနေသူများလည်း ရှိနေတတ်ပြီး ကြိုတင်အကြောင်းမကြားဘဲ လက်နက်ကြီးပစ်ခတ်သံများကြောင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

" အရင်တုန်းက တရားဝင်စာထွက်တယ်။ ကြိုတင်အကြောင်းကြား အသိပေးတယ်။ အဲဒီလိုဆို ကျွန်တော်တို့ တောင်ယာမသွားတော့ဘူး။ နွားကျောင်းတာတွေလည်း မလုပ်ဘူး။ အခုကဘာလို့ တရားဝင် စာမထွက်တော့တာလဲ မသိဘူး။ ကျွန်တော်တို့က တပ်နားတစ်ဝိုက်မှာ နေနေရတာလေ။ ကျွန်တော်တို့မြေတွေသိမ်းပြီး တပ်တည်ခဲ့တာပဲ။ ကျွန်တော်တို့ကို အလေးထားသင့်တယ်။ တောင်သူယာသွားတဲ့သူတွေရော၊ နွားကျောင်း သမားတွေရော အကုန်အန္တရာယ်များတယ်။ အရင်ကဆို ဗုံးသီးတွေ တောင်ယာထဲကျတယ်။ မကွဲသေးတာပေါ့ ။ အဲဒီလိုတွေ ဖြစ်မှာစိုးတယ်လေ။ တိုက်ပွဲတွေ ဖြစ်နေသလိုပဲ ကြောက်စရာကောင်းတယ် " ဟု ဒေသခံတစ်ဦးက ပြောသည်။

အမှတ် (၁၄)တန်းမြင့် စစ်လေ့ကျင့်ရေး ကျောင်းကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စစ်လေ့ကျင့်ရေးကျောင်းအနီးတွင် မာခရောရှည် ကျေးရွာ၊ ဒေါလောခူကျေးရွာ၊ လောဂျာကျေးရွာများရှိနေခြင်းဖြစ်သည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~