က်ိဳင္းတံုတြင္ လမ္းေဘး၌ ဖုန္းေဆာ့ေနသည့္လူငယ္ကို အုပ္စုဖြဲ႔ရိုက္ႏွက္၍ ေသဆံုး

က်ိဳင္းတံုတြင္ လမ္းေဘး၌ ဖုန္းေဆာ့ေနသည့္လူငယ္ကို အုပ္စုဖြဲ႔ရိုက္ႏွက္၍ ေသဆံုး
စက်တင်ဘာ 11, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ လမ္းေဘး၌ ဖုန္းေဆာ့ေနစဥ္ လူငယ္(၇)ဦးပါအဖြဲ႕က ဓါး၊ သံတုတ္တို႔ျဖင့္ ဝိုင္းဝန္းရိုက္ႏွက္သျဖင့္ ဒဏ္ရာရသြားသည့္လူငယ္မွာ ေဆးကုသမႈခံယူစဥ္ ေသဆံုးသြားေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၀)ရက္ေန႔က စိုင္းရီတစ္(ခ) ခ်င္ဆမ္၊ စိုင္းမြန္းလားႏွင့္ ေက်ာ္ရွီမြန္တုိ႔သည္ ၿမိဳ႕မေဘာလံုးကြင္းတြင္ ေဘာလံုးပြဲၾကည့္ၿပီးေနာက္ ေလယာဥ္ကြင္းလမ္းအတုိင္း ဆိုင္ကယ္ျဖင့္ ျပန္လာၿပီး လမ္းတြင္ဆိုင္ကယ္ရပ္၍ ဖုန္းေဆာ့ေနၾကစဥ္ တုတ္၊ဓါးမ်ား ကိုင္ေဆာင္ထားသည့္ လူငယ္(၇)ဦးေရာက္လာကာ ဝိုင္းဝန္းရိုက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ရိုက္ႏွက္ခံရမႈေၾကာင့္ အသက္(၁၅)ႏွစ္အရြယ္ စိုင္းရီတစ္(ခ) ခ်င္ဆမ္မွာ မ်က္ႏွာႏွင့္ လက္တို႔တြင္ ဓါးဒဏ္ရာမ်ားရသြားသျဖင့္ က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ကုသေပးထားၿပီး ဓါး၊တုတ္တုိ႔ျဖင့္ ဝိုင္းဝန္းရိုက္ႏွက္ခဲ့သည့္ အိုက္ပီး(ခ) စိုင္းရွဲန္တစ္၊ အုိက္ဝမ္း (ခ) စိုင္းရွဲန္ဝမ္း၊ အုိက္သား (ခ) ေအာင္ျမတ္ဦး၊ အုိက္ဆမ္၊ စိုင္းတစ္(ခ) အုိက္ေနာ့၊ အုိက္ေဆာင္ႏွင့္ စိုင္းေထာင္းခမ္း(ခ) အုိက္ေထာင္းတုိ႔အား ဖမ္းဆီး၍ က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၃၆၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆၊/၁၁၄ ျဖင့္ စက္တင္ဘာလ(၁၀)ရက္ေန႔တြင္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေဆးကုသမႈခံယူေနသည့္ စိုင္းရီတစ္(ခ)ခ်င္ဆမ္မွာ စက္တင္ဘာလ(၁၁)ရက္ေန႔တြင္ ေသဆံုးသြားသျဖင့္ အဆိုပါ (၇)ဦးအား ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၄ ျဖင့္ ေျပာင္းလဲစစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။
ရိုက္ႏွက္ခံရသူမ်ားႏွင့္ ရိုက္ႏွက္ခဲ့သည့္လူငယ္မ်ားမွာ အသက္(၁၇)ႏွစ္မွ (၂၀)အရြယ္မ်ားျဖစ္ေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံတွင် လမ်းဘေး၌ ဖုန်းဆော့နေသည့်လူငယ်ကို အုပ်စုဖွဲ့ရိုက်နှက်၍ သေဆုံး
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် လမ်းဘေး၌ ဖုန်းဆော့နေစဉ် လူငယ်(၇)ဦးပါအဖွဲ့က ဓါး၊ သံတုတ်တို့ဖြင့် ဝိုင်းဝန်းရိုက်နှက်သဖြင့် ဒဏ်ရာရသွားသည့်လူငယ်မှာ ဆေးကုသမှုခံယူစဉ် သေဆုံးသွားကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်နေ့က စိုင်းရီတစ်(ခ) ချင်ဆမ်၊ စိုင်းမွန်းလားနှင့် ကျော်ရှီမွန်တို့သည် မြို့မဘောလုံးကွင်းတွင် ဘောလုံးပွဲကြည့်ပြီးနောက် လေယာဉ်ကွင်းလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ပြန်လာပြီး လမ်းတွင်ဆိုင်ကယ်ရပ်၍ ဖုန်းဆော့နေကြစဉ် တုတ်၊ဓါးများ ကိုင်ဆောင်ထားသည့် လူငယ်(၇)ဦးရောက်လာကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရိုက်နှက်ခံရမှုကြောင့် အသက်(၁၅)နှစ်အရွယ် စိုင်းရီတစ်(ခ) ချင်ဆမ်မှာ မျက်နှာနှင့် လက်တို့တွင် ဓါးဒဏ်ရာများရသွားသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးထားပြီး ဓါး၊တုတ်တို့ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် အိုက်ပီး(ခ) စိုင်းရှဲန်တစ်၊ အိုက်ဝမ်း (ခ) စိုင်းရှဲန်ဝမ်း၊ အိုက်သား (ခ) အောင်မြတ်ဦး၊ အိုက်ဆမ်၊ စိုင်းတစ်(ခ) အိုက်နော့၊ အိုက်ဆောင်နှင့် စိုင်းထောင်းခမ်း(ခ) အိုက်ထောင်းတို့အား ဖမ်းဆီး၍ ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၃၆၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆၊/၁၁၄ ဖြင့် စက်တင်ဘာလ(၁၀)ရက်နေ့တွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆေးကုသမှုခံယူနေသည့် စိုင်းရီတစ်(ခ)ချင်ဆမ်မှာ စက်တင်ဘာလ(၁၁)ရက်နေ့တွင် သေဆုံးသွားသဖြင့် အဆိုပါ (၇)ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄ ဖြင့် ပြောင်းလဲစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
ရိုက်နှက်ခံရသူများနှင့် ရိုက်နှက်ခဲ့သည့်လူငယ်များမှာ အသက်(၁၇)နှစ်မှ (၂၀)အရွယ်များဖြစ်ကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~