က်ိဳင္းတံုတြင္ ပထမဆံုးက်င္းပမည့္ ဖူဆယ္ၿပိဳင္ပြဲအတြက္ စက္တင္ဘာလကုန္ ေနာက္ဆံုးထား၍ စာရင္းေပးႏုိင္

က်ိဳင္းတံုတြင္ ပထမဆံုးက်င္းပမည့္ ဖူဆယ္ၿပိဳင္ပြဲအတြက္ စက္တင္ဘာလကုန္ ေနာက္ဆံုးထား၍ စာရင္းေပးႏုိင္
စက်တင်ဘာ 12, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္  ပထမအႀကိမ္ အသက္(၂၃)ႏွစ္ေအာက္ ဖူဆယ္ေဘာလံုးၿပိဳင္ပြဲ က်င္းပမည္ျဖစ္ရာ ဝင္ေရာက္ယွဥ္ၿပိဳင္လိုသူမ်ားအေနျဖင့္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလကုန္ေနာက္ဆံုးထား၍ စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

အဆုိပါ ၿပိဳင္ပြဲမွေန၍ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္ၿပိဳင္ပြဲဝင္ႏုိင္မည့္ လက္ေရြးစင္မ်ား ေပၚထြက္လာေရး ရည္ရြယ္ခ်က္ျဖင့္ လူမႈေရးကူညီေစာင့္ေရွာက္မႈအသင္းႏွင့္ က်ိဳင္းတံုၿမိဳ႕နယ္ ေဘာလံုးအဖြဲ႕ခ်ဳပ္၏ ပံ့ပိုးမႈျဖင့္ ၿမိဳ႕နယ္အားကစားႏွင့္ကာယပညာဦးစီးဌာနက ပထမဆံုးအႀကိမ္အျဖစ္ စီစဥ္က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

“ဖူဆယ္က ကၽြန္ေတာ္တုိ႔ ၿမိဳ႕နယ္အေနနဲ႔ အဆင့္မီကြင္းမရိွေတာ့ မက်င္းပျဖစ္ဘူး။ အခုက စပြန္ဆာရိွလုိ႔ က်င္းပျဖစ္တာပါ။ တာခ်ီလိတ္ကေတာ့ အဆင့္မီကြင္းရိွေတာ့ ရွမ္းတစ္ျပည္နယ္လံုးအေနနဲ႔ တာခ်ီလိတ္က လက္ေရြးစင္ေတြပဲ ေလ့က်င့္ေစလႊတ္ေနတာပါ။ လက္ရိွ ျပည္နယ္အဆင့္သြားၿပိဳင္တဲ့ လက္ေရြးစင္အဖြဲ႕မွာ က်ိဳင္းတံုက ႏွစ္ေယာက္ပါပါတယ္။ ကၽြန္ေတာ္တုိ႔ က်ိဳင္းတံုအေနနဲ႔လည္း ေနာက္ပိုင္းမွာ ျပည္နယ္လက္ေရြးစင္ေတြ ထြက္လာေအာင္ လုပ္ႏုိင္ဖို႔ အခုစတင္ျပင္ဆင္ေနတာပါ”ဟု က်ိဳင္းတံုၿမိဳ႕နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာန အားကစားမွဴး ဦးစိုင္းခ်စ္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုတြင္ ပထမဆံုးက်င္းပသည့္ ဖူဆယ္ေဘာလံုးၿပိဳင္ပြဲတြင္ အသက္ (၂၃)ႏွစ္ေက်ာ္ ဖူဆယ္ကစားသမားမ်ားပါဝင္ခြင့္အား ကန္႔သတ္လုိက္သျဖင့္ ေဝဖန္မႈမ်ားေပၚထြက္ေနၿပီး ၿမိဳ႕နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာနအေနျဖင့္လည္း ပထမဆံုးက်င္းပသည့္ပြဲမွေန၍ လာမည့္ႏွစ္မ်ားအတြက္ လက္ေရြးစင္လူငယ္မ်ား ေရြးထုတ္လိုသျဖင့္ အသက္ကန္႔သတ္လုိက္ျခင္းျဖစ္သည္ဟု ဆိုသည္။

“  ျပည္နယ္နဲ႔တုိင္းၿပိဳင္ပြဲေတြမွာက အသက္(၂၅)ႏွစ္ေယာက္ၿပိဳင္ပြဲပဲရိွေတာ့ အဲဒီအတြက္ ရည္မွန္းေတာ့ အသက္(၂၃)ႏွစ္ေအာက္ေလာက္ ေရြးထုတ္ထားမွ လက္ေရြးစင္ ဆက္ထြက္မွာေပါ့။ အခုကတည္းက အသက္(၂၅)ေအာက္ေလာက္ လုပ္လုိက္လို႔ လက္ေရြးစင္ ထြက္လာရင္ေတာင္ ကၽြန္ေတာ္တုိ႔က တစ္ႏွစ္ပဲ ရိွေတာ့တာေပါ့။ ၿပိဳင္ပြဲေတြက အသက္ကန္႔သတ္ခ်က္ၿပိဳင္ပြဲေတြရိွေတာ့ အဲဒီဟာေတြကို မွီျငမ္းၿပီး  ဦးစီးဌာနအေနနဲ႔ လုပ္ရတာပါ”ဟု က်ိဳင္းတံုၿမိဳ႕နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာန အားကစားမွဴး ဦးစိုင္းခ်စ္ေအာင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ဖူဆယ္ၿပိဳင္ပြဲမ်ား က်င္းပရာတြင္ အလြတ္တန္းၿပိဳင္ပြဲမ်ားပါ ထည့္သြင္းက်င္းပေသာ္လည္း က်ိဳင္းတံုၿမိဳ႕အေနျဖင့္ တကၠသိုလ္မ်ားလည္းရိွေနရာ လူငယ္ကစားသမားပိုမိုမ်ားျပားသည့္အတြက္ အသက္ကန္႔သတ္သည့္ ၿပိဳင္ပြဲကို စီစဥ္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါၿပိဳင္ပြဲကို က်ိဳင္းတံုခရိုင္မိုးလံုေလလံုအားကစားခန္းမတြင္ ေအာက္တိုဘာလ (၇)ရက္ေန႔တြင္ စတင္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ပထမဆုရအသင္းကို ဆုေငြ က်ပ္(၂)သိန္း၊ ဒုတိယဆုရအသင္းကို ဆုေငြက်ပ္(၁)သိန္း ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲအတြက္ စာရင္းေပးသြင္းလိုသူမ်ားအေနျဖင့္ က်ိဳင္းတံုၿမိဳ႕နယ္အားကစားမွဴး ဦးစိုင္းခ်စ္ေအာင္ ၀၉ ၂၅၀၁၃၀၃၂၀၊ ဘ႑ာေရးမွဴး ဦးသိန္းတန္ ၀၉ ၄၂၈၂၁၉၂၉၉ ႏွင့္ ဦးယာထြန္း ၀၉ ၅၂၅၃၀၈၇ တို႔သို႔ စက္တင္ဘာလ (၃၀)ရက္ေန႔ ေနာက္ဆံုးထား စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕တြင္ အားကစားၿပိဳင္ပြဲမ်ား က်င္းပရန္အတြက္ ပံ့ပိုးလိုသည့္လုပ္ငန္းရွင္မ်ားရိွပါက အားကစားႏွင့္ ကာယပညာဦးစီးဌာနအေနျဖင့္ ၿပိဳင္ပြဲမ်ားက်င္းပႏုိင္ေရး ပူးေပါင္းေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံတွင် ပထမဆုံးကျင်းပမည့် ဖူဆယ်ပြိုင်ပွဲအတွက် စက်တင်ဘာလကုန် နောက်ဆုံးထား၍ စာရင်းပေးနိုင်
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်  ပထမအကြိမ် အသက်(၂၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလကုန်နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲမှနေ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲဝင်နိုင်မည့် လက်ရွေးစင်များ ပေါ်ထွက်လာရေး ရည်ရွယ်ချက်ဖြင့် လူမှုရေးကူညီစောင့်ရှောက်မှုအသင်းနှင့် ကျိုင်းတုံမြို့နယ် ဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ပထမဆုံးအကြိမ်အဖြစ် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ဖူဆယ်က ကျွန်တော်တို့ မြို့နယ်အနေနဲ့ အဆင့်မီကွင်းမရှိတော့ မကျင်းပဖြစ်ဘူး။ အခုက စပွန်ဆာရှိလို့ ကျင်းပဖြစ်တာပါ။ တာချီလိတ်ကတော့ အဆင့်မီကွင်းရှိတော့ ရှမ်းတစ်ပြည်နယ်လုံးအနေနဲ့ တာချီလိတ်က လက်ရွေးစင်တွေပဲ လေ့ကျင့်စေလွှတ်နေတာပါ။ လက်ရှိ ပြည်နယ်အဆင့်သွားပြိုင်တဲ့ လက်ရွေးစင်အဖွဲ့မှာ ကျိုင်းတုံက နှစ်ယောက်ပါပါတယ်။ ကျွန်တော်တို့ ကျိုင်းတုံအနေနဲ့လည်း နောက်ပိုင်းမှာ ပြည်နယ်လက်ရွေးစင်တွေ ထွက်လာအောင် လုပ်နိုင်ဖို့ အခုစတင်ပြင်ဆင်နေတာပါ”ဟု ကျိုင်းတုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဦးစိုင်းချစ်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံတွင် ပထမဆုံးကျင်းပသည့် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသက် (၂၃)နှစ်ကျော် ဖူဆယ်ကစားသမားများပါဝင်ခွင့်အား ကန့်သတ်လိုက်သဖြင့် ဝေဖန်မှုများပေါ်ထွက်နေပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့်လည်း ပထမဆုံးကျင်းပသည့်ပွဲမှနေ၍ လာမည့်နှစ်များအတွက် လက်ရွေးစင်လူငယ်များ ရွေးထုတ်လိုသဖြင့် အသက်ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“  ပြည်နယ်နဲ့တိုင်းပြိုင်ပွဲတွေမှာက အသက်(၂၅)နှစ်ယောက်ပြိုင်ပွဲပဲရှိတော့ အဲဒီအတွက် ရည်မှန်းတော့ အသက်(၂၃)နှစ်အောက်လောက် ရွေးထုတ်ထားမှ လက်ရွေးစင် ဆက်ထွက်မှာပေါ့။ အခုကတည်းက အသက်(၂၅)အောက်လောက် လုပ်လိုက်လို့ လက်ရွေးစင် ထွက်လာရင်တောင် ကျွန်တော်တို့က တစ်နှစ်ပဲ ရှိတော့တာပေါ့။ ပြိုင်ပွဲတွေက အသက်ကန့်သတ်ချက်ပြိုင်ပွဲတွေရှိတော့ အဲဒီဟာတွေကို မှီငြမ်းပြီး  ဦးစီးဌာနအနေနဲ့ လုပ်ရတာပါ”ဟု ကျိုင်းတုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဦးစိုင်းချစ်အောင်က ပြောသည်။

တာချီလိတ်မြို့တွင် ဖူဆယ်ပြိုင်ပွဲများ ကျင်းပရာတွင် အလွတ်တန်းပြိုင်ပွဲများပါ ထည့်သွင်းကျင်းပသော်လည်း ကျိုင်းတုံမြို့အနေဖြင့် တက္ကသိုလ်များလည်းရှိနေရာ လူငယ်ကစားသမားပိုမိုများပြားသည့်အတွက် အသက်ကန့်သတ်သည့် ပြိုင်ပွဲကို စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ကျိုင်းတုံခရိုင်မိုးလုံလေလုံအားကစားခန်းမတွင် အောက်တိုဘာလ (၇)ရက်နေ့တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆုရအသင်းကို ဆုငွေ ကျပ်(၂)သိန်း၊ ဒုတိယဆုရအသင်းကို ဆုငွေကျပ်(၁)သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအတွက် စာရင်းပေးသွင်းလိုသူများအနေဖြင့် ကျိုင်းတုံမြို့နယ်အားကစားမှူး ဦးစိုင်းချစ်အောင် ၀၉ ၂၅၀၁၃၀၃၂၀၊ ဘဏ္ဍာရေးမှူး ဦးသိန်းတန် ၀၉ ၄၂၈၂၁၉၂၉၉ နှင့် ဦးယာထွန်း ၀၉ ၅၂၅၃၀၈၇ တို့သို့ စက်တင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် အားကစားပြိုင်ပွဲများ ကျင်းပရန်အတွက် ပံ့ပိုးလိုသည့်လုပ်ငန်းရှင်များရှိပါက အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ပြိုင်ပွဲများကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~