
စကျတငျဘာ 13, 2018
By 🌸


လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပိုစတာကို မြို့တော်ခန်းမရှေ့တွင် စိုက်ထူခြင်း၊ အခြေခံပညာကျောင်းများတွင် ကျင်းပခဲ့သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြိုပြိုင်ပွဲများမှ ဆုရသူများကို ချီးမြှင့်ခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ဆောင်ချက်များ ပြသခြင်းတို့ကို လုပ်ဆောင်ကြကြောင်း သိရသည်။

သတင်း #ကြည်စိုးလင်း
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံတွင် ကျင်းပသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားသို့ လူဦးရေ (၄၀၀)ကျော် တက်ရောက်
*************
ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့က မြို့တော်ခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်၊ ထိုင်းနိုင်ငံ လူမှုရေးအသင်းအဖွဲ့ FOCUS၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း လူဦးရေ (၄၀၀)ကျော် တက်ရောက်ကြကြောင်း သိရသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပိုစတာကို မြို့တော်ခန်းမရှေ့တွင် စိုက်ထူခြင်း၊ အခြေခံပညာကျောင်းများတွင် ကျင်းပခဲ့သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြိုပြိုင်ပွဲများမှ ဆုရသူများကို ချီးမြှင့်ခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ဆောင်ချက်များ ပြသခြင်းတို့ိကို လုပ်ဆောင်ကြကြောင်း သိရသည်။

သတင်း #ကြည်စိုးလင်း
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~