က်ိဳင္းတံုၿမိဳ႕နယ္အတြင္း မူးယစ္ေဆးေရာင္းခ်ေနသူမ်ားအား ကြင္းဆက္ေဖၚထုတ္ဖမ္းဆီးရမိ

က်ိဳင္းတံုၿမိဳ႕နယ္အတြင္း မူးယစ္ေဆးေရာင္းခ်ေနသူမ်ားအား ကြင္းဆက္ေဖၚထုတ္ဖမ္းဆီးရမိ
စက်တင်ဘာ 16, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ မုိင္းဇင္းေက်းရြာအုပ္စု၊ ဝမ္မံုေက်းရြာအနီး လယ္ေတာတြင္ မူးယစ္ေဆးေရာင္းဝယ္သံုးစြဲမႈမ်ားရိွေၾကာင္းသတင္းအရ ရဲတပ္ဖြဲ႔ကရွာေဖြရာ မူးယစ္ေဆးေရာင္းခ်သူ၊ တစ္ဆင့္ေရာင္းခ်သူႏွင့္ သံုးစြဲသူတုိ႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ခရိုင္ရဲတပ္ဖြဲ႕(မႈ/ႏွိမ္)မွတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ မူးယစ္သတင္းရသည့္ ဝမ္မံုေက်းရြာအနီး လယ္ေတာမ်ားတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၅)ရက္ေန႔က ရွာေဖြရာ ေန႔လယ္(၁၁)နာရီခြဲအခ်ိန္တြင္ လယ္ေတာစပ္၌ လဲစဆိုသူကို ေတြ႔ရၿပီး ၎ထံမွ WY စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၃၉၉)ျပား၊ ၎စီးနင္းလာသည့္ ဆုိင္ကယ္တုိ႔ကို သိမ္းဆည္းရမိၿပီး အဆိုပါစိတ္ၾကြေဆးျပားမ်ားမွာ စန္းေလာင္ဆိုသူက ေရာင္းခ်ခုိင္းသည္ကို ေဖၚထုတ္ရရိွေၾကာင္း သိရသည္။

ယင္းေန႔ ညေန(၃)နာရီခြဲအခ်ိန္တြင္ မိုင္းယန္းေက်းရြာအုပ္စု၊ ဝမ္က်န္းရြာရိွ စန္းေလာင္၏လယ္တဲကို ဆက္လက္ရွာေဖြရာ အဆိုပါတဲအတြင္း ဒိုလိုကို ေတြ႔ရၿပီး ဒိုလိုထံမွ စိတ္ၾကြေဆးျပား (၃)ျပား၊ တဲအတြင္းမွ တူမီးေသနတ္(၁)လက္တို႔အား ေတြ႔ရေၾကာင္း သိရသည္။

တဲအတြင္းရွာေဖြေနစဥ္ စန္းေလာင္ျပန္ေရာက္လာသျဖင့္ ၎အားရွာေဖြရာ WY စာတန္းပါ စိတ္ၾကြေဆးျပား (၁၄၅)ျပားႏွင့္ မူးယစ္ေဆးေရာင္းခ်ရေငြဟု ယူဆရသည့္ က်ပ္ေငြ(၁၀၈၀၀၀)အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

 မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားျဖစ္သည့္ လဲစႏွင့္ စန္းေလာင္တို႔အား မယ(ပ)၁၈၇/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္လည္းေကာင္း ဒိုလိုႏွင့္ စန္းေလာင္တို႔အား မယ(ပ)၁၈၈/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၁/၂၂(ခ)ျဖင့္လည္းေကာင္း က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္းသိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု-ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့နယ်အတွင်း  မူးယစ်ဆေးရောင်းချနေသူများအား ကွင်းဆက်ဖေါ်ထုတ်ဖမ်းဆီးရမိ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဝမ်မုံကျေးရွာအနီး လယ်တောတွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုများရှိကြောင်းသတင်းအရ ရဲတပ်ဖွဲ့ကရှာဖွေရာ မူးယစ်ဆေးရောင်းချသူ၊ တစ်ဆင့်ရောင်းချသူနှင့် သုံးစွဲသူတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်သတင်းရသည့် ဝမ်မုံကျေးရွာအနီး လယ်တောများတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့က ရှာဖွေရာ နေ့လယ်(၁၁)နာရီခွဲအချိန်တွင် လယ်တောစပ်၌ လဲစဆိုသူကို တွေ့ရပြီး ၎င်းထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၃၉၉)ပြား၊ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်တို့ကို သိမ်းဆည်းရမိပြီး အဆိုပါစိတ်ကြွဆေးပြားများမှာ စန်းလောင်ဆိုသူက ရောင်းချခိုင်းသည်ကို ဖေါ်ထုတ်ရရှိကြောင်း သိရသည်။

ယင်းနေ့ ညနေ(၃)နာရီခွဲအချိန်တွင် မိုင်းယန်းကျေးရွာအုပ်စု၊ ဝမ်ကျန်းရွာရှိ စန်းလောင်၏လယ်တဲကို ဆက်လက်ရှာဖွေရာ အဆိုပါတဲအတွင်း ဒိုလိုကို တွေ့ရပြီး ဒိုလိုထံမှ စိတ်ကြွဆေးပြား (၃)ပြား၊ တဲအတွင်းမှ တူမီးသေနတ်(၁)လက်တို့အား တွေ့ရကြောင်း သိရသည်။

တဲအတွင်းရှာဖွေနေစဉ် စန်းလောင်ပြန်ရောက်လာသဖြင့် ၎င်းအားရှာဖွေရာ WY စာတန်းပါ စိတ်ကြွဆေးပြား (၁၄၅)ပြားနှင့် မူးယစ်ဆေးရောင်းချရငွေဟု ယူဆရသည့် ကျပ်ငွေ(၁၀၈၀၀၀)အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

 မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသူများဖြစ်သည့် လဲစနှင့် စန်းလောင်တို့အား မယ(ပ)၁၈၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း ဒိုလိုနှင့် စန်းလောင်တို့အား မယ(ပ)၁၈၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁/၂၂(ခ)ဖြင့်လည်းကောင်း ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ-ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~