က်ဳိင္းတံုၿမိဳ႕နယ္ မိုင္းဇင္းေက်းရြာအုပ္စုအတြင္းရွိ လယ္ထဲတြင္ အိမ္ေျခမဲ့ အမ်ဳိးသားတစ္ဦး ေသဆံုး

က်ဳိင္းတံုၿမိဳ႕နယ္ မိုင္းဇင္းေက်းရြာအုပ္စုအတြင္းရွိ လယ္ထဲတြင္ အိမ္ေျခမဲ့ အမ်ဳိးသားတစ္ဦး ေသဆံုး
စက်တင်ဘာ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ မုိင္းဇင္းေက်းရြာအုပ္စု၊ မုိင္းဇင္းဝေက်းရြာအနီးတြင္ အိမ္ေျခမဲ့ အမ်ိဳးသားတစ္ဦး လယ္တဲအတြင္း ေသဆံုးေနသည္ကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၃)ရက္ေန႔ ေန႔လယ္(၁)နာရီက ေတြ႔ရသျဖင့္ ေသမႈေသခင္း ဖြင့္လွစ္ၿပီး စစ္ေဆးေနေၾကာင္း သိရသည္။

မုိင္းဇင္းဝေက်းရြာအနီး လယ္ေတာတဲ အတြင္း၌ အသက္(၄၀)ဝန္းက်င္ လွေက်ာ္ဆိုသည့္ အိမ္ရာမဲ့ တစ္ဦးမွာ ခႏၶာကိုယ္အေပၚပိုင္းတြင္ ပုဆိုးၿခံဳထားၿပီး ခႏၶာကိုယ္ေအာက္ပိုင္းတြင္ ပီနံအိတ္ ေျခေထာက္စြပ္လ်က္ ေသဆံုးေနသည္ကို ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအား စစ္ေဆးၿပီး အေလာင္းအား က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္စစ္ေဆးထားေၾကာင္း သိရသည္။

ေသဆံုးသူမွာ အိမ္ရာမဲ့ တစ္ဦးျဖစ္ကာ အရက္ေသာက္သံုးတတ္သူျဖစ္ေၾကာင္းသိရၿပီး အေအးမိ၍ ေသဆံုးျခင္းျဖစ္သည္ဟု ကနဦး စစ္ေဆးခ်က္အရ သိရသည္။

အဆိုပါ ေသဆံုးမႈအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၃၈/၁၈ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ေအာင္ျမင္ေစ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ မိုင်းဇင်းဝကျေးရွာအနီးတွင် အိမ်ခြေမဲ့ အမျိုးသားတစ်ဦး လယ်တဲအတွင်း သေဆုံးနေသည်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့ နေ့လယ်(၁)နာရီက တွေ့ရသဖြင့် သေမှုသေခင်း ဖွင့်လှစ်ပြီး စစ်ဆေးနေကြောင်း သိရသည်။

မိုင်းဇင်းဝကျေးရွာအနီး လယ်တောတဲ အတွင်း၌ အသက်(၄၀)ဝန်းကျင် လှကျော်ဆိုသည့် အိမ်ရာမဲ့ တစ်ဦးမှာ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ပုဆိုးခြုံထားပြီး ခန္ဓာကိုယ်အောက်ပိုင်းတွင် ပီနံအိတ် ခြေထောက်စွပ်လျက် သေဆုံးနေသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးပြီး အလောင်းအား ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးထားကြောင်း သိရသည်။

သေဆုံးသူမှာ အိမ်ရာမဲ့ တစ်ဦးဖြစ်ကာ အရက်သောက်သုံးတတ်သူဖြစ်ကြောင်းသိရပြီး အအေးမိ၍ သေဆုံးခြင်းဖြစ်သည်ဟု ကနဦး စစ်ဆေးချက်အရ သိရသည်။

အဆိုပါ သေဆုံးမှုအား ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၃၈/၁၈ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - အောင်မြင်စေ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~