ကျိုင်းတုံမြို့တွင် ညောင်ပင်အမြစ်လန်ကာ လဲပြိုကျ၍ ကွန်ကရစ်ဓါတ်တိုင်ကျိုး

ကျိုင်းတုံမြို့တွင် ညောင်ပင်အမြစ်လန်ကာ လဲပြိုကျ၍ ကွန်ကရစ်ဓါတ်တိုင်ကျိုး
စကျတငျဘာ 3, 2018
By Tachileik News Agency

ညောင်ပင် အမြစ်လန်ကာ လမ်းပေါ်သို့ လဲကျခဲ့ရာမှ လမ်းပေါ်ရှိ ကွန်ကရစ် လျှပ်စစ်ဓါတ်တိုင် (၂)တိုင်မှာ ကျိုးကျပျက်စီးခဲ့ပြီး ကွန်ကရစ်လျှပ်စစ်တိုင်(၃)တိုင်မှာ ယိုင်နဲ့သွားမှု ဖြစ်ပေါ်ခဲ့သော်လည်း အခြားထိခိုက်မှုမရှိစေခဲ့ကြောင်း  သိရသည်။

အဆိုပါ သစ်ပင် လဲကျရာနေရာသို့ ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ ကျိုင်းတုံခရိုင် မီးသတ် ဦးစီးမှူး ဦးမျိုးဇင်ဝင်း၊ သက်ဆိုင်ရဲ ရာတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်(၃) နှင့် ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူးများနှင့် အနီးနေပြည်သူများမှ စုပေါင်း၍ ရှင်းလင်းကာ ခုတ်ထွင် ဖယ်ရှားခဲ့ကြကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကတ်ဖလမ်းဟောင်း၊ အမှတ်(၈)တပ်မတော်တပ်ထိန်း တပ်ခွဲသက်သာဆိုင်ရှေ့ရှိ သက်တမ်းရင့် ညောင်ပင်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမြစ်မှလန်၍ လမ်းပေါ်သို့ လဲကျမှု ၂၀၁၈ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့ နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ညောင်ပင် အမြစ်လန်ကာ လမ်းပေါ်သို့ လဲကျခဲ့ရာမှ လမ်းပေါ်ရှိ ကွန်ကရစ် လျှပ်စစ်ဓာတ်တိုင် (၂)တိုင်မှာ ကျိုးကျပျက်စီးခဲ့ပြီး ကွန်ကရစ်လျှပ်စစ်တိုင်(၃)တိုင်မှာ ယိုင်နဲ့သွားမှု ဖြစ်ပေါ်ခဲ့သော်လည်း အခြားထိခို်က်မှုမရှိစေခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင် လဲကျရာနေရာသို့ ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ ကျိုင်းတုံခရိုင် မီးသတ် ဦးစီးမှူး ဦးမျိုးဇင်ဝင်း၊ သက်ဆိုင်ရဲ ရာတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်(၃) နှင့် ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူးများနှင့် အနီးနပြေည်သူများမှ စုပေါင်း၍ ရှင်းလင်းကာ ခုတ်ထွင် ဖယ်ရှားခဲ့ကြကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - အောင်မြင်ပါစေ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~