ေက်ာက္မဲၿမိဳ႕နယ္ မုိင္းေငါ့ေက်းရြာအုပ္စု လက္ဖက္ခင္းတြင္ မုိင္းနင္းမိ၍ ေဒသခံ (၃)ဦးဒဏ္ရာရ (၁)ဦး စိုးရိမ္ရ

ေက်ာက္မဲၿမိဳ႕နယ္ မုိင္းေငါ့ေက်းရြာအုပ္စု လက္ဖက္ခင္းတြင္ မုိင္းနင္းမိ၍ ေဒသခံ (၃)ဦးဒဏ္ရာရ (၁)ဦး စိုးရိမ္ရ
စက်တင်ဘာ 17, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ မိုင္းေငါ့ေက်းရြာအုပ္စု၊ ခ်ံဳးေဟာင္းေက်းရြာႏွင့္ အင္းအိုးရြာၾကား ရွိ လက္ဖက္ခင္းတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၆)ရက္ေန႔ ညေနက မိုင္းနင္းမိ၍ လက္ဖက္ခူးေနသည့္ ေဒသခံ(၃)ဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။

ခ်ဳံးေဟာင္းရြာႏွင့္ အင္းအိုးေက်းရြာၾကားရွိ လက္ဖက္ခင္းတစ္ခုတြင္ အမ်ိဳးသား (၂) ဦး၊ အမ်ိဳးသမီး (၂) ဦးႏွင့္ ကေလး(၁)ဦးတို႔ပါဝင္သည့္အဖြဲ႕က လက္ဖက္ခူးေနစဥ္ ညေန (၃) နာရီခြဲဝန္းက်င္၌ မုိင္းနင္းမိ၍ ေပါက္ကြဲခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေပါက္ကြဲမႈေၾကာင့္ အသက္(၅၇)ႏွစ္အရြယ္ ေဒၚေအးစံမွာ ေပါင္ႏွစ္ဖက္၊ ညာလက္ေမာင္းတို႔တြင္ လည္းေကာင္း၊ အသက္(၃၀)အရြယ္ ဦးေမာင္ေအးမွာ လည္ဂုတ္၊ ညာလက္၊ ညာဘက္ခါးအနီးတြင္ လည္းေကာင္း၊ အသက္(၁၉)ႏွစ္အရြယ္ မေအးယံုမွာ ညာဘက္ဒူးဆစ္၊ ပါး၊ ဘယ္ဖက္ေပါင္၊ လည္ဂုတ္ေနာက္၊ တံေတာင္ဆစ္တို႔တြင္လည္းေကာင္း ဒဏ္ရာအသီးသီးရသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ဖက္ခူးသည့္အဖြဲ႕မွ အသက္(၂၉)ႏွစ္အရြယ္ စိုင္းစိုးဥာဏ္ႏွင့္ သားျဖစ္သူတို႔မွာ ဒဏ္ရာရရိွျခင္းမရိွေၾကာင္း သိရသည္။

ဒဏ္ရာရရွိသူအနက္ မေအးယံုမွာ စိုးရိမ္ရသည့္အေျခအေနတြင္ရိွေနၿပီး လူနာ(၃)ဦးလံုးကို မိုင္းေငါ့ေဆးရံုမွတစ္ဆင့္ ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ကုသေပးထားေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္း အဓိကစီးပြားေရးလုပ္ငန္းတစ္ခုျဖစ္သည့္ လက္ဖက္ၿခံလုပ္ငန္းမွာ ေဒသတြင္း တုိက္ပြဲမ်ား ျဖစ္ပြားခ်ိန္တြင္ ရပ္နားထားရျခင္း၊ တုိက္ပြဲမရိွခ်ိန္တြင္ မိုင္းနင္းမိ ေပါက္ကြဲမႈမ်ားျဖစ္ပြားျခင္းတို႔ႏွင့္  ႀကံဳေတြ႔ေနရျခင္းျဖစ္သည္။

ျပည္တြင္းပဋိပကၡရိွေနဆဲ ျမန္မာႏိုင္ငံ၏ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး ( ၉) ခုတြင္ ေျမျမႇဳပ္မိုင္းႏွင့္ စစ္ပြဲလက္က်န္ေပါက္ကြဲေစတတ္သည့္ပစၥည္းမ်ား က်န္ရွိေနေသးသည္ဟုယူဆထားၿပီး မိုင္းအႏၱရာယ္ အသိပညာေပးေရး တိုးျမႇင့္ေဆာင္ရြက္ရန္ ပံ့ပိုးေပးထားသည့္အျပင္ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ားကိုလည္း ကူညီေထာက္ပံ့ရန္ အစီအစဥ္ရိွသည့္ ဥေရာပသမဂၢက အစိုးရႏွင့္ တိုင္းရင္းသား ေခါင္းေဆာင္မ်ားအေနျဖင့္ မိုင္းရွင္းလင္းေရး လုပ္ငန္းမ်ားကို ပံ့ပိုးေဆာင္ရြက္ေပးၾကပါရန္ အျပည္ျပည္ဆိုင္ရာ ေျမျမႇဳပ္မိုင္း သတိျပဳေရးေန႔ျဖစ္သည့္ ဧၿပီလ (၄)ရက္ေန႔က တိုက္တြန္းထားသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့နယ် မိုင်းငေါ့ကျေးရွာအုပ်စု လက်ဖက်ခင်းတွင် မိုင်းနင်းမိ၍ ဒေသခံ (၃)ဦးဒဏ်ရာရ (၁)ဦး စိုးရိမ်ရ
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် မိုင်းငေါ့ကျေးရွာအုပ်စု၊ ချုံးဟောင်းကျေးရွာနှင့် အင်းအိုးရွာကြား ရှိ လက်ဖက်ခင်းတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့ ညနေက မိုင်းနင်းမိ၍ လက်ဖက်ခူးနေသည့် ဒေသခံ(၃)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ချုံးဟောင်းရွာနှင့် အင်းအိုးကျေးရွာကြားရှိ လက်ဖက်ခင်းတစ်ခုတွင် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၂) ဦးနှင့် ကလေး(၁)ဦးတို့ပါဝင်သည့်အဖွဲ့က လက်ဖက်ခူးနေစဉ် ညနေ (၃) နာရီခွဲဝန်းကျင်၌ မိုင်းနင်းမိ၍ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အသက်(၅၇)နှစ်အရွယ် ဒေါ်အေးစံမှာ ပေါင်နှစ်ဖက်၊ ညာလက်မောင်းတို့တွင် လည်းကောင်း၊ အသက်(၃၀)အရွယ် ဦးမောင်အေးမှာ လည်ဂုတ်၊ ညာလက်၊ ညာဘက်ခါးအနီးတွင် လည်းကောင်း၊ အသက်(၁၉)နှစ်အရွယ် မအေးယုံမှာ ညာဘက်ဒူးဆစ်၊ ပါး၊ ဘယ်ဖက်ပေါင်၊ လည်ဂုတ်နောက်၊ တံတောင်ဆစ်တို့တွင်လည်းကောင်း ဒဏ်ရာအသီးသီးရသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ဖက်ခူးသည့်အဖွဲ့မှ အသက်(၂၉)နှစ်အရွယ် စိုင်းစိုးဉာဏ်နှင့် သားဖြစ်သူတို့မှာ ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

ဒဏ်ရာရရှိသူအနက် မအေးယုံမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေပြီး လူနာ(၃)ဦးလုံးကို မိုင်းငေါ့ဆေးရုံမှတစ်ဆင့် ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် လက်ဖက်ခြံလုပ်ငန်းမှာ ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားချိန်တွင် ရပ်နားထားရခြင်း၊ တိုက်ပွဲမရှိချိန်တွင် မိုင်းနင်းမိ ပေါက်ကွဲမှုများဖြစ်ပွားခြင်းတို့နှင့်  ကြုံတွေ့နေရခြင်းဖြစ်သည်။

ပြည်တွင်းပဋိပက္ခရှိနေဆဲ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီး ( ၉) ခုတွင် မြေမြှုပ်မိုင်းနှင့် စစ်ပွဲလက်ကျန်ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ ကျန်ရှိနေသေးသည်ဟုယူဆထားပြီး မိုင်းအန္တရာယ် အသိပညာပေးရေး တိုးမြှင့်ဆောင်ရွက်ရန် ပံ့ပိုးပေးထားသည့်အပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း ကူညီထောက်ပံ့ရန် အစီအစဉ်ရှိသည့် ဥရောပသမဂ္ဂက အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးကြပါရန် အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း သတိပြုရေးနေ့ဖြစ်သည့် ဧပြီလ (၄)ရက်နေ့က တိုက်တွန်းထားသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~