ဒုရဲမႈးတစ္ဦးႏွင့္ တာမိုးညဲျပည္သူ႔စစ္တစ္ဦးတို႔ကို မူးယစ္မႈ၊ လက္နက္မႈတို႔ျဖင့္ အေရးယူထား

ဒုရဲမႈးတစ္ဦးႏွင့္ တာမိုးညဲျပည္သူ႔စစ္တစ္ဦးတို႔ကို မူးယစ္မႈ၊ လက္နက္မႈတို႔ျဖင့္ အေရးယူထား
စက်တင်ဘာ 11, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ တာမိုးညဲျပည္သူ႔စစ္အဖြဲ႕ဝင္ေမာင္းႏွင္ၿပီး ဒုရဲမွဴးတစ္ဦး လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္၌ မူးယစ္ေဆးႏွင့္ တရားမဝင္ လက္နက္/ခဲယမ္း စစ္ေဆးေတြ႔ရိွရသျဖင့္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၁)ရက္ေန႔တြင္ ေက်ာက္မဲၿမိဳ႕မရဲစခန္း၌ အမႈဖြင့္ထားေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ အိုရီယမ္တယ္တိုးဂိတ္ႏွင့္ တစ္မုိင္ခန္႔အကြာတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၀)ရက္ေန႔ ည(၈)နာရီဝန္းက်င္က နယ္ေျမခံတပ္မေတာ္အဖြဲ႕က လံုၿခံဳေရးေဆာင္ရြက္ေနစဥ္ သီေပါၿမိဳ႕ဘက္မွ ေက်ာက္မဲၿမိဳ႕ဘက္သို႔  ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးအား စစ္ေဆးရာ တာမိုးညဲျပည္သူ႔စစ္အဖြဲ႕မွ ေသာင္းေ၀ ေမာင္းႏွင္လာၿပီး ယာဥ္ေပၚတြင္ မူဆယ္ခ႐ိုင္ရဲတပ္ဖြဲ႕ လံုၿခံဳေရးအကူတပ္ခြဲတြင္ တာ၀န္ထမ္းေဆာင္ေနေသာ ဒုရဲမွဴးမိုးျမင့္ႏိုင္လိုက္ပါလာသည္ကို ေတြ႔ရေၾကာင္း သိရသည္။

အဆိုပါေမာ္ေတာ္ယာဥ္ေနာက္ခန္းတြင္ အိုက္(စ္)ဟုယူဆရေသာ အျဖဴေရာင္အမႈန္႕ (၂၅) ဂရမ္ခန္႕၊ WY စိတ္ႂကြရူးသြပ္ေဆးျပား (၂)ျပား၊ အညိဳေရာင္အေစးသုတ္လိမ္းထားေသာခတ္ခူးဟုယူဆရသည့္ (၀.၄) ဂရမ္ခန္႔၊ မူးယစ္ေဆးအသံုးျပဳရာတြင္သံုးသည့္ ဆက္စပ္ပစၥည္းမ်ား၊ ဒုရဲမွဴး မိုးျမင့္ႏိုင္ အမည္ပါ ျမန္မာနိင္ငံရဲတပ္ဖြဲ႕ အရာရွိစိစစ္ေရးလက္မွတ္ကပ္ျပား (၁)ခု၊ ေမာ္ဒယ္နံပါတ္ CTU-KKW,32-LR ဂ်ာမန္နိင္ငံထုတ္ ပစၥတိုေသနတ္ (၁) လက္ႏွင့္ က်ည္ (၅) ေထာင့္၊ ၎က်ည္အိမ္ (၁) ခုတို႔ကို ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

တာမိုးညဲျပည္သူ႔စစ္အဖြဲ႕ဝင္ ေသာင္းေဝႏွင့္ ဒုရဲမွဴး မိုးျမင့္ႏိုင္တို႔ကို စက္တင္ဘာလ (၁၁)ရက္ေန႔တြင္ ေက်ာက္မဲၿမိဳ႕မရဲစခန္း၌ မယ(ပ) ၂၄/၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ျဖင့္လည္းေကာင္း ၁၉၂၄ ခုႏွစ္၊ ရွမ္းလက္နက္အမိန္႔ ၁၂ အရ သီးျခားအမႈဖြင့္၍လည္းေကာင္း စစ္ေဆးအေရးယူေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ဒုရဲမှုးတစ်ဦးနှင့် တာမိုးညဲပြည်သူ့စစ်တစ်ဦးတို့ကို မူးယစ်မှု၊ လက်နက်မှုတို့ဖြင့် အရေးယူထား
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် တာမိုးညဲပြည်သူ့စစ်အဖွဲ့ဝင်မောင်းနှင်ပြီး ဒုရဲမှူးတစ်ဦး လိုက်ပါလာသည့် မော်တော်ယာဉ်၌ မူးယစ်ဆေးနှင့် တရားမဝင် လက်နက်/ခဲယမ်း စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့တွင် ကျောက်မဲမြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

ကျောက်မဲမြို့ အိုရီယမ်တယ်တိုးဂိတ်နှင့် တစ်မိုင်ခန့်အကွာတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်နေ့ ည(၈)နာရီဝန်းကျင်က နယ်မြေခံတပ်မတော်အဖွဲ့က လုံခြုံရေးဆောင်ရွက်နေစဉ် သီပေါမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့  မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရာ တာမိုးညဲပြည်သူ့စစ်အဖွဲ့မှ သောင်းေ၀ မောင်းနှင်လာပြီး ယာဉ်ပေါ်တွင် မူဆယ်ခရိုင်ရဲတပ်ဖွဲ့ လုံခြုံရေးအကူတပ်ခွဲတွင် တာဝန်ထမ်းဆောင်နေသော ဒုရဲမှူးမိုးမြင့်နိုင်လိုက်ပါလာသည်ကို တွေ့ရကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်နောက်ခန်းတွင် အိုက်(စ်)ဟုယူဆရသော အဖြူရောင်အမှုန့် (၂၅) ဂရမ်ခန့်၊ WY စိတ်ကြွရူးသွပ်ဆေးပြား (၂)ပြား၊ အညိုရောင်အစေးသုတ်လိမ်းထားသောခတ်ခူးဟုယူဆရသည့် (ဝ.၄) ဂရမ်ခန့်၊ မူးယစ်ဆေးအသုံးပြုရာတွင်သုံးသည့် ဆက်စပ်ပစ္စည်းများ၊ ဒုရဲမှူး မိုးမြင့်နိုင် အမည်ပါ မြန်မာနိင်ငံရဲတပ်ဖွဲ့ အရာရှိစိစစ်ရေးလက်မှတ်ကပ်ပြား (၁)ခု၊ မော်ဒယ်နံပါတ် CTU-KKW,32-LR ဂျာမန်နိင်ငံထုတ် ပစ္စတိုသေနတ် (၁) လက်နှင့် ကျည် (၅) ထောင့်၊ ၎င်းကျည်အိမ် (၁) ခုတို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

တာမိုးညဲပြည်သူ့စစ်အဖွဲ့ဝင် သောင်းဝေနှင့် ဒုရဲမှူး မိုးမြင့်နိုင်တို့ကို စက်တင်ဘာလ (၁၁)ရက်နေ့တွင် ကျောက်မဲမြို့မရဲစခန်း၌ မယ(ပ) ၂၄/၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ဖြင့်လည်းကောင်း ၁၉၂၄ ခုနှစ်၊ ရှမ်းလက်နက်အမိန့် ၁၂ အရ သီးခြားအမှုဖွင့်၍လည်းကောင်း စစ်ဆေးအရေးယူနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~