အက်ဥ္းေထာင္တြင္ ေရာဂါတိုင္းအတြက္ ေဆးတစ္မ်ိဳးတည္းသာေပးေနျခင္းကို ျပဳျပင္ရန္ႏွင့္ ART ေဆးလိုအပ္သူမ်ား ေဆးရရိွေရး ေဆာင္ရြက္ေပးရန္ လူ႔အခြင့္အေရးေကာ္မရွင္အႀကံျပဳ

အက်ဥ္းေထာင္တြင္ ေရာဂါတိုင္းအတြက္ ေဆးတစ္မ်ိဳးတည္းသာေပးေနျခင္းကို ျပဳျပင္ရန္ႏွင့္ ART ေဆးလိုအပ္သူမ်ား ေဆးရရိွေရး ေဆာင္ရြက္ေပးရန္ လူ႔အခြင့္အေရးေကာ္မရွင္အႀကံျပဳ
စက်တင်ဘာ 13, 2018
By 🌸
အက်ဥ္းေထာင္တြင္ မည့္သည့္ေရာဂါျဖစ္သည္ျဖစ္ေစ ေဆးတစ္မ်ိဳးတည္းကိုသာေပးေနျခင္းကို ျပဳျပင္ရန္ႏွင့္ HIV ေရာဂါသည္ အခ်ဳပ္သားမ်ား ART ေဆးရရွိေစေရး ေဆာင္ရြက္ရန္အပါအဝင္ ေတာင္ႀကီးခရိုင္အတြင္းမွ အက်ဥ္းေထာင္ႏွင့္ အခ်ဳပ္ေထာင္မ်ားအတြက္ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က အႀကံျပဳထားေၾကာင္း သိရသည္။

ေကာ္မရွင္က အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္မ်ားအား သြားေရာက္စစ္ေဆးရာတြင္ အက်ဥ္းက်ခံေနရသူမ်ားကို သီးျခားေတြ႔ဆံုေမးျမန္းျခင္းမ်ားအျပင္ အက်ဥ္းဦးစီးဌာနမွ ဝန္ထမ္းမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေတြ႔ဆံု၍ လူ႕အခြင့္အေရးဆိုင္ရာ သတိထားရမည့္ အခ်က္မ်ား၊ ဝန္ထမ္းမ်ား၏ အခက္အခဲမ်ားကိုလည္း ေမးျမန္းေဆြးေႏြးမႈမ်ား လုပ္ေဆာင္ျခင္းမွ ေတြ႔ရိွခ်က္မ်ားအေပၚမူတည္၍ အႀကံျပဳတင္ျပေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ေကာ္မရွင္၏အႀကံျပဳခ်က္တြင္ ေညာင္ေရႊအက်ဥ္းေထာင္၌ မည္သည့္ေရာဂါျဖစ္သည္ျဖစ္ေစ ေဆးတစ္မ်ိဳးတည္းသာေပးေနျခင္းကို ျပဳျပင္ရန္၊ ႏွစ္ႀကီးအက်ဥ္းသားမ်ားအား အသက္ေမြးဝမ္းေက်ာင္းပညာ သင္ၾကားေပးေရး၊ လူအင္အားႏွင့္ မိလႅာမွ်တစြာ ထားရိွရန္၊ အယူခံတက္လိုသည့္ အက်ဥ္းသားအတြက္ ကူညီေပးရန္၊ အက်ဥ္းသားအား မိသားစုႏွင့္ေတြ႔ဆံုႏုိင္ရန္ စဥ္းစားေပးရန္၊ နံနက္အိပ္ရာထခ်ိန္ မ်က္ႏွာသစ္ခြင့္ေပးရန္တို႔ကို အႀကံျပဳထားေၾကာင္း သိရသည္။

ထီးခမ္းစိုက္/ေမြးစခန္းတြင္ စာၾကည့္တိုက္၌ စာအုပ္မ်ား ထပ္မံျဖည့္ဆည္းၿပီး ဖတ္ရႈရန္ေနရာ ျပင္ဆင္ေပးရန္၊ ေသာက္ေရသန႔္ဘူးမ်ား သန္႔ရွင္းစြာထားေပးရန္၊ စခန္းတြင္း ေရဆိုးမ်ားရိွေန၍ ေရစီးေရလာေကာင္းေစရန္၊ အိပ္ေဆာင္ ဖေယာင္းပုဆိုးမ်ား လဲလွယ္ေပးရန္ႏွင့္ ေတာင္ေလးလုံးစိုက္/ေမြးစခန္းတြင္ မီးဖိုႀကီးရွိ အစားအေသာက္မ်ားႏွင့္ ေရကန္မ်ားတြင္ ယင္ေကာင္မ်ား ကင္းရွင္းေစရန္၊ မိုးယိုေနသည့္ ေဆးခန္းျပဳျပင္ရန္တုိ႔ အႀကံျပဳထားေၾကာင္း သိရသည္။

အခ်ဳပ္ေထာင္တြင္ HIV ေရာဂါသည္ အခ်ဳပ္သား (၁၀) ဦးကို ART ေဆးရရွိေစေရး ေဆာင္ရြက္ရန္၊ အမ်ိဳးသမီးေဆာင္ ေရခ်ိဳးခန္း ျပင္ဆင္ေပးရန္၊ အဝတ္လွန္းတန္းမ်ား ျပဳလုပ္ေပးရန္တို႔ကို အႀကံျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာနိုင္ငံ အမ်ိဳးသား လူ႕အခြင့္အေရး ေကာ္မရွင္မွ အဖြဲ႕ဝင္မ်ားျဖစ္ၾကေသာ ဦးယုလြင္ေအာင္ႏွင့္ ေဒါက္တာျမင့္ၾကည္တို႔ပါဝင္သည့္ ၾကည့္ရႈစစ္ေဆးေရးအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ဩဂုတ္လ (၃၀) ရက္ႏွင့္ (၃၁) ရက္ေန႔မ်ားတြင္ ေညာင္ေ႐ႊအက်ဥ္းေထာင္၊ ေတာင္ႀကီး အခ်ဳပ္ေထာင္၊ စိုက္/ေမြးစခန္းမ်ားႏွင့္ ရဲစခန္းအခ်ဳပ္ခန္းမ်ားအား ေကာ္မရွင္ဥပေဒ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ၾကည့္ရႈစစ္ေဆးခဲ့ၿပီးေနာက္ အႀကံျပဳ ခ်က္မ်ားကို ျပည္ထဲေရးဝန္ႀကီးဌာနသို႔ ေပးပို႔ထားၿပီးျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၂)ရက္ေန႔တြင္ ေကာ္မရွင္၏သတင္းထုတ္ျပန္ခ်က္သိရသည္။

ျမန္မာနိုင္ငံအမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္အဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၃၀)ရက္ေန႔ႏွင့္ (၃၁)ရက္ေန႔မ်ားတြင္ ေတာင္ႀကီးခ႐ိုင္အတြင္းရိွ အက်ဥ္းဦးစီးဌာန၊ ဘန္းကန္၊ ထီးခမ္း၊ ေတာင္ေလးလံုး စိုက္ပ်ဳိးေမြးျမဴေရးႏွင့္ အသက္ေမြးမႈအတတ္သင္စခန္းမ်ား၊ ေညာင္ေရႊအက်ဥ္းေထာင္၊ ေအးသာယာၿမိဳ႕မရဲစခန္းအခ်ဳပ္ခန္း၊ ေတာင္ႀကီးၿမိဳ႕မရဲစခန္းအခ်ဳပ္ခန္း၊ နယ္ေျမရဲစခန္းအခ်ဳပ္ခန္း၊ ေတာင္ႀကီးအခ်ဳပ္ေထာင္၊ စဝ္စံထြန္းေဆး႐ံုအခ်ဳပ္ခန္း၊ ၿမိဳ႕နယ္တရား႐ံုးအခ်ဳပ္ခန္းမ်ားသို႔ သြားေရာက္ၿပီး အက်ဥ္းေထာင္အတြင္း အက်ဥ္းသားမ်ား အိပ္ေဆာင္၊ စားဖိုႀကီး၊ စာၾကည့္တိုက္မ်ားႏွင့္ ေဆးေပးခန္းမ်ားကို စစ္ေဆးခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေကာ္မရွင္အဖြဲ႕သည္ စက္တင္ဘာလ (၁၂) ရက္ေန႔မွစ၍ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ရဲစခန္းအခ်ဳပ္ေထာင္၊ ေဆးရံုအခ်ဳပ္ေထာင္ႏွင့္ က်ိဳင္းတံုၿမိဳ႕ရိွ အက်ဥ္းေထာင္၊ ေဆးရံုအခ်ဳပ္မ်ားကို စက္တင္ဘာလ(၁၂)ရက္ေန႔မွ (၁၅)ရက္ေန႔အထိ စစ္ေဆးေနၾကၿပီး အႀကံျပဳခ်က္မ်ားကို ဝန္ႀကီးဌာနထံ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Photo:MHRC
~~~~~~~~⊰❂ unicode ~~~~~~~~
အကျဉ်းထောင်တွင် ရောဂါတိုင်းအတွက် ဆေးတစ်မျိုးတည်းသာပေးနေခြင်းကို ပြုပြင်ရန်နှင့် ART ဆေးလိုအပ်သူများ ဆေးရရှိရေး ဆောင်ရွက်ပေးရန် လူ့အခွင့်အရေးကော်မရှင်အကြံပြု
*************
အကျဉ်းထောင်တွင် မည့်သည့်ရောဂါဖြစ်သည်ဖြစ်စေ ဆေးတစ်မျိုးတည်းကိုသာပေးနေခြင်းကို ပြုပြင်ရန်နှင့် HIV ရောဂါသည် အချုပ်သားများ ART ဆေးရရှိစေရေး ဆောင်ရွက်ရန်အပါအဝင် တောင်ကြီးခရိုင်အတွင်းမှ အကျဉ်းထောင်နှင့် အချုပ်ထောင်များအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုထားကြောင်း သိရသည်။

ကော်မရှင်က အကျဉ်းထောင်၊ အချုပ်ထောင်များအား သွားရောက်စစ်ဆေးရာတွင် အကျဉ်းကျခံနေရသူများကို သီးခြားတွေ့ဆုံမေးမြန်းခြင်းများအပြင် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လူ့အခွင့်အရေးဆိုင်ရာ သတိထားရမည့် အချက်များ၊ ဝန်ထမ်းများ၏ အခက်အခဲများကိုလည်း မေးမြန်းဆွေးနွေးမှုများ လုပ်ဆောင်ခြင်းမှ တွေ့ရှိချက်များအပေါ်မူတည်၍ အကြံပြုတင်ပြပေးခြင်းဖြစ်ကြောင်း သိရသည်။

ကော်မရှင်၏အကြံပြုချက်တွင် ညောင်ရွှေအကျဉ်းထောင်၌ မည်သည့်ရောဂါဖြစ်သည်ဖြစ်စေ ဆေးတစ်မျိုးတည်းသာပေးနေခြင်းကို ပြုပြင်ရန်၊ နှစ်ကြီးအကျဉ်းသားများအား အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးရေး၊ လူအင်အားနှင့် မိလ္လာမျှတစွာ ထားရှိရန်၊ အယူခံတက်လိုသည့် အကျဉ်းသားအတွက် ကူညီပေးရန်၊ အကျဉ်းသားအား မိသားစုနှင့်တွေ့ဆုံနိုင်ရန် စဉ်းစားပေးရန်၊ နံနက်အိပ်ရာထချိန် မျက်နှာသစ်ခွင့်ပေးရန်တို့ကို အကြံပြုထားကြောင်း သိရသည်။

ထီးခမ်းစိုက်/မွေးစခန်းတွင် စာကြည့်တိုက်၌ စာအုပ်များ ထပ်မံဖြည့်ဆည်းပြီး ဖတ်ရှုရန်နေရာ ပြင်ဆင်ပေးရန်၊ သောက်ရေသန့်ဘူးများ သန့်ရှင်းစွာထားပေးရန်၊ စခန်းတွင်း ရေဆိုးများရှိနေ၍ ရေစီးရေလာကောင်းစေရန်၊ အိပ်ဆောင် ဖယောင်းပုဆိုးများ လဲလှယ်ပေးရန်နှင့် တောင်လေးလုံးစိုက်/မွေးစခန်းတွင် မီးဖိုကြီးရှိ အစားအသောက်များနှင့် ရေကန်များတွင် ယင်ကောင်များ ကင်းရှင်းစေရန်၊ မိုးယိုနေသည့် ဆေးခန်းပြုပြင်ရန်တို့ အကြံပြုထားကြောင်း သိရသည်။

အချုပ်ထောင်တွင် HIV ရောဂါသည် အချုပ်သား (၁၀) ဦးကို ART ဆေးရရှိစေရေး ဆောင်ရွက်ရန်၊ အမျိုးသမီးဆောင် ရေချိုးခန်း ပြင်ဆင်ပေးရန်၊ အဝတ်လှန်းတန်းများ ပြုလုပ်ပေးရန်တို့ကို အကြံပြုထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်နှင့် (၃၁) ရက်နေ့များတွင် ညောင်ရွှေအကျဉ်းထောင်၊ တောင်ကြီး အချုပ်ထောင်၊ စိုက်/မွေးစခန်းများနှင့် ရဲစခန်းအချုပ်ခန်းများအား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အကြံပြု ချက်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့တွင် ကော်မရှင်၏သတင်းထုတ်ပြန်ချက်သိရသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့နှင့် (၃၁)ရက်နေ့များတွင် တောင်ကြီးခရိုင်အတွင်းရှိ အကျဉ်းဦးစီးဌာန၊ ဘန်းကန်၊ ထီးခမ်း၊ တောင်လေးလုံး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများ၊ ညောင်ရွှေအကျဉ်းထောင်၊ အေးသာယာမြို့မရဲစခန်းအချုပ်ခန်း၊ တောင်ကြီးမြို့မရဲစခန်းအချုပ်ခန်း၊ နယ်မြေရဲစခန်းအချုပ်ခန်း၊ တောင်ကြီးအချုပ်ထောင်၊ စဝ်စံထွန်းဆေးရုံအချုပ်ခန်း၊ မြို့နယ်တရားရုံးအချုပ်ခန်းများသို့ သွားရောက်ပြီး အကျဉ်းထောင်အတွင်း အကျဉ်းသားများ အိပ်ဆောင်၊ စားဖိုကြီး၊ စာကြည့်တိုက်များနှင့် ဆေးပေးခန်းများကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကော်မရှင်အဖွဲ့သည် စက်တင်ဘာလ (၁၂) ရက်နေ့မှစ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရဲစခန်းအချုပ်ထောင်၊ ဆေးရုံအချုပ်ထောင်နှင့် ကျိုင်းတုံမြို့ရှိ အကျဉ်းထောင်၊ ဆေးရုံအချုပ်များကို စက်တင်ဘာလ(၁၂)ရက်နေ့မှ (၁၅)ရက်နေ့အထိ စစ်ဆေးနေကြပြီး အကြံပြုချက်များကို ဝန်ကြီးဌာနထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo:MHRC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~