ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်ရေကို ရေကင်းအဖွဲ့ဖြင့် စောင့်ကြည့်နေ

ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်ရေကို ရေကင်းအဖွဲ့ဖြင့် စောင့်ကြည့်နေ
စကျတငျဘာ 5, 2018
By Tachileik News Agency

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်ရေမြင့်တက်နေသဖြင့် မြစ်ရေ အခြေအနေကို ရေကင်းဖြင့် စောင့်ကြည့်နေရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ ည(၉)နာရီ အချိန်တွင် သံလွင်တံတား (ဖားဆောင်း) ယက်မအောက် (၁၀) ပေ (၆) လက်မခန့်အထိ ကင်းလွတ် နေဆဲဖြစ်ပြီး ဖားဆောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရေကင်း တာဝန်ချထား၍ အနီးကပ် ကြပ်မတ်နေကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်အတွင်း သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနံဘေးတွင် နေထိုင်သော အိမ်ထောင်စုများ၊ ၀မ်အောင်း (ရှမ်း) ကျေးရွာနှင့် ခဲမဖြူကျေးရွာများမှ ရေဝင်သည့်နေအိမ်များမှ အိမ်ထောင်စုများကို ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် သံလွင်တံတား(ဖားဆောင်း) စုပေါင်း ဂိတ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်သူများ ပူးပေါင်းပြီး ရေကင်းချထားဆောင်ရွက်ခြင်း၊ ရပ်ကွက် အတွင်းသို့ မီးသတ်တပ်ဖွဲ့နှင့် ရပ်/ကျေး တာဝန်ရှိသူများ မှ Hand Speaker များဖြင့် ရေဘေးအန္တရာယ် သတိပေးခြင်းများဆောင်ရွက်နေပြီး ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများအတွက် ရိက္ခာ ထောက်ပံ့ဆောင်ရွက်နိုင်ရေးကို သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရသည်။

မြစ်ရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်ကာကွယ်ရေးကို ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်မိရပ်ဖများ စုပေါင်း ဆောင်ရွက်နေကြကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်ရမြေင့်တက်နေသဖြင့် မြစ်ရေ အခြေအနေကို ရေကင်းဖြင့် စောင့်ကြည့်နေရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ ည(၉)နာရီ အချိန်တွင် သံလွင်တံတား (ဖားဆောင်း) ယက်မအောက် (၁၀) ပေ (၆) လက်မခန့်အထိ ကင်းလွတ် နေဆဲဖြစ်ပြီး ဖားဆောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရေကင်း တာဝန်ချထား၍ အနီးကပ် ကြပ်မတ်နေကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်အတွင်း သံလွင်မြစ်ရမြေင့်တက်လာမှုကြောင့် မြစ်ကမ်းနံဘေးတွင် နေထိုင်သော အိမ်ထောင်စုများ၊ ဝမ်အောင်း (ရှမ်း) ကျေးရွာနှင့် ခဲမဖြူကျေးရွာများမှ ရေဝင်သည့်နေအိမ်များမှ အိမ်ထောင်စုများကို ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် သံလွင်တံတား(ဖားဆောင်း) စုပေါင်း ဂိတ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်သူများ ပူးပေါင်းပြီး ရေကင်းချထားဆောင်ရွက်ခြင်း၊ ရပ်ကွက် အတွင်းသို့ မီးသတ်တပ်ဖွဲ့နှင့် ရပ်/ကျေး တာဝန်ရှိသူများ မှ Hand Speaker များဖြင့် ရေဘေးအန္တရာယ် သတိပေးခြင်းများဆောင်ရွက်နပြေီး ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများအတွက် ရိက္ခါ ထောက်ပံ့ဆောင်ရွက်နိုင်ရေးကို သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရသည်။

မြစ်ရမြေင့်တက်မှုကြောင့် ရေဘေးအန္တရာယ်ကာကွယ်ရေးကို ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်မိရပ်ဖများ စုပေါင်း ဆောင်ရွက်နကြေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~