ဖယ္ခံုၿမိဳ႕တြင္ တပ္မွ ျပန္လည္စြန္႔လႊတ္သည့္ လယ္ယာေျမ ႏွင့္ လယ္ယာေျမလုပ္ပိုင္ခြင့္ လက္မွတ္မ်ား ျပည္နယ္အစိုးရအဖြဲ႔မွ လာေရာက္ ေပးအပ္

ဖယ္ခံုၿမိဳ႕တြင္ တပ္မွ ျပန္လည္စြန္႔လႊတ္သည့္ လယ္ယာေျမ ႏွင့္ လယ္ယာေျမလုပ္ပိုင္ခြင့္ လက္မွတ္မ်ား ျပည္နယ္အစိုးရအဖြဲ႔မွ လာေရာက္ ေပးအပ္
စက်တင်ဘာ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေတာင္ပိုင္း)  ဖယ္ခုံၿမိဳ႕နယ္၊ မိုးၿဗဲၿမိဳ႕ရွိ အမွတ္ (၄၂၂)တပ္ရင္းမွ ျပန္လည္စြန္႔လႊတ္ေပးသည့္ သိမ္း ဆည္းေျမယာမ်ားႏွင့္ ေခါင္းအိေက်းရြာရိွေျမယာမ်ားအတြက္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ(၇ ) မ်ားကို၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၈) ရက္ေန႔တြင္ ထုတ္ေပးေၾကာင္း သိရသည္။

"ျပန္လည္စြန္႔လႊတ္ေျမမွာပါဝင္တဲ့ လယ္ယာေျမမ်ားကို မူလေတာင္သူမ်ားထံ ယာယီ လုပ္ပိုင္ခြင့္ျပဳ လက္မွတ္ ပုံစံ (၃)နဲ႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ၿပီး သားစဥ္ေျမးဆက္ အာမခံခ်က္ရရိွၿပီး အသုံးခ်ပိုင္ခြင့္ အမည္ေပါက္ ရရိွေစရန္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ(၇) မ်ားရရိွေရး ဆက္လက္ ေဆာင္ရြက္ေပးလွ်က္ရိွေနပါတယ္" ဟု ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာသည္။

မိုးၿဗဲၿမိဳ႕ရိွအမွတ္ (၄၂၂)တပ္ရင္းမွ သိမ္းဆည္းထားေသာ ေျမယာမ်ားထဲမွ ျပန္လည္စြန္႔လႊတ္သည့္ ေျမဧကေပါင္း (၃၇၇.၇၃) ဧကမွ ေတာင္သူ (၂၅၀)ေက်ာ္၏ ယာေျမမ်ားျဖစ္သည့္(၂၄၆.၄၈)ဧကႏွင့္ ဖယ္ခံုၿမိဳ႕နယ္ ေခါင္းအိေက်းရြာမွ ေတာင္သူ (၁၃၀)၏ လယ္ယာေျမ (၂၃၁.၀၃)ဧကတို႔အား လယ္ေျမ လုပ္ပိုင္ခြင့္ လက္မွတ္ ပုံစံ(၇) အား ထုတ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ကို အခုလိုလုပ္ေပးတဲ့အေပၚ တကယ္ေက်းဇူးတင္သင့္တဲ့သူေတြကို အကုန္ ေက်းဇူးတင္တယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဆီမွာ တပ္ကသိမ္းထားၿပီး ျပန္မရေသးတဲ့ ယာေျမေတြ ရိွေနေသးတယ္။ ဒီေတာင္သူေတြအတြက္ပါ ထပ္ၿပီးႀကိဳးစားေပးဖို႔ အစိုးရအေနနဲ႔ ကူညီေပးဖို႔ ကြၽန္ေတာ္ ဒီေန႔ ဝန္ႀကီးခ်ဳပ္ကိုေျပာဖို႔ႀကိဳးစားခဲ့ေပမဲ့ မရခဲ့ဘူး။ ေထြအုပ္ေတြက ဒါေတြမေျပာဖို႔ တားထားတယ္။ ဒါကိုေတာ့ အစိုးရကို အသိေပးခ်င္တာေပါ့။ ျပန္မရေသးတဲ့ေျမယာေတြ အမ်ားႀကီးက်န္ေနတယ္။ ထပ္ၿပီးႀကိဳးစားေပးပါလို႔" ဟု မိုးၿဗဲၿမိဳ႕ တပ္သိမ္းေျမျပန္လည္ရရိွေရး ဦးေဆာင္လႈပ္ရွားေနသူ ဦးေအာင္မိ်ဳးခန္႔က ေျပာသည္။

အဆိုပါ လယ္ယာေျမလုပ္ကိုင္ခြင့္ လက္မွတ္ထုတ္ေပးရာသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး၊ စိုက္ပ်ိဳးေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး၊ လူမႈေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီး၊ ကယန္းတိုင္းရင္းသားေရးရာဝန္ႀကီးႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ အမှတ် (၄၂၂)တပ်ရင်းမှ ပြန်လည်စွန့်လွှတ်ပေးသည့် သိမ်း ဆည်းမြေယာများနှင့် ခေါင်းအိကျေးရွာရှိမြေယာများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇ ) များကို၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် ထုတ်ပေးကြောင်း သိရသည်။

"ပြန်လည်စွန့်လွှတ်မြေမှာပါဝင်တဲ့ လယ်ယာမြေများကို မူလတောင်သူများထံ ယာယီ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၃)နဲ့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး သားစဉ်မြေးဆက် အာမခံချက်ရရှိပြီး အသုံးချပိုင်ခွင့် အမည်ပေါက် ရရှိစေရန် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) များရရှိရေး ဆက်လက် ဆောင်ရွက်ပေးလျှက်ရှိနေပါတယ်" ဟု ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောသည်။

မိုးဗြဲမြို့ရှိအမှတ် (၄၂၂)တပ်ရင်းမှ သိမ်းဆည်းထားသော မြေယာများထဲမှ ပြန်လည်စွန့်လွှတ်သည့် မြေဧကပေါင်း (၃၇၇.၇၃) ဧကမှ တောင်သူ (၂၅၀)ကျော်၏ ယာမြေများဖြစ်သည့်(၂၄၆.၄၈)ဧကနှင့် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာမှ တောင်သူ (၁၃၀)၏ လယ်ယာမြေ (၂၃၁.ဝ၃)ဧကတို့အား လယ်မြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇) အား ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ကို အခုလိုလုပ်ပေးတဲ့အပေါ် တကယ်ကျေးဇူးတင်သင့်တဲ့သူတွေကို အကုန် ကျေးဇူးတင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ တပ်ကသိမ်းထားပြီး ပြန်မရသေးတဲ့ ယာမြေတွေ ရှိနေသေးတယ်။ ဒီတောင်သူတွေအတွက်ပါ ထပ်ပြီးကြိုးစားပေးဖို့ အစိုးရအနေနဲ့ ကူညီပေးဖို့ ကျွန်တော် ဒီနေ့ ဝန်ကြီးချုပ်ကိုပြောဖို့ကြိုးစားခဲ့ပေမဲ့ မရခဲ့ဘူး။ ထွေအုပ်တွေက ဒါတွေမပြောဖို့ တားထားတယ်။ ဒါကိုတော့ အစိုးရကို အသိပေးချင်တာပေါ့။ ပြန်မရသေးတဲ့မြေယာတွေ အများကြီးကျန်နေတယ်။ ထပ်ပြီးကြိုးစားပေးပါလို့" ဟု မိုးဗြဲမြို့ တပ်သိမ်းမြပြေန်လည်ရရှိရေး ဦးဆောင်လှုပ်ရှားနေသူ ဦးအောင်မျိုးခန့်က ပြောသည်။

အဆိုပါ လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးရာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~