
စကျတငျဘာ 17, 2018
By 🌸




ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းတုံမြို့နယ်တွင် မိမိနေအိမ်ကို မီးပြန်ရှို့သဖြင့် နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံး
******************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်၊ နမ့်ဟူးခွန်ကျေးရွာတွင် မိမိနေအိမ်ကို မီးပြန်ရှို့သဖြင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားပြီး နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။

နမ့်ဟူးခွန်ကျေးရွာမှ အသက်(၃၁)နှစ်အရွယ် လယ်မယ်ဂူ၏ သက်ကယ်မိုး၊ ဝါးကပ်ကာ၊ ဝါးကြမ်းခင်းနေအိမ်မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့ ည(၉)နာရီခွဲအချိန်တွင် မီးလောင်ကျွမ်းသဖြင့် ပုံပါကျင်နယ်မြေစခန်းမှ ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဒေသခံ စုစုပေါင်းအင်အား (၅၀)ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကို (၁၅)မိနစ်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။

မီးလောင်မှုအား စုံစမ်းရာ နေအိမ်ပိုင်ရျင် လယ်မယ်ဂူက နေအိမ်မီးဖိုချောင်၏ အဖီသက်ကယ်မိုးကို မီးခြစ်ဖြင့် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် ပုံပါကျင်နယ်မြေရဲစခန်းတွင် (ပ)၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~