ျမန္မာႏုိင္ငံတြင္ မွတ္ပံုတင္ထားျခင္းမရိွသည့္ ေဆးဝါးမ်ား ေစ်းကြက္တြင္ေတြ႔ရိွရ၍ ေဆးဝါးဝယ္ယူသံုးစြဲသူမ်ား သတိထားဝယ္ယူၾကရန္ FDA အသိေပး

ျမန္မာႏုိင္ငံတြင္ မွတ္ပံုတင္ထားျခင္းမရိွသည့္ ေဆးဝါးမ်ား ေစ်းကြက္တြင္ေတြ႔ရိွရ၍ ေဆးဝါးဝယ္ယူသံုးစြဲသူမ်ား သတိထားဝယ္ယူၾကရန္ FDA အသိေပး
စက်တင်ဘာ 2, 2018
By 🌸
ျမန္မာႏိုင္ငံတြင္ မွတ္ပံုတင္ထားျခင္းမရိွသည့္ တရားမဝင္ေဆးဝါး(၈)မ်ိဳးကို ေစ်းကြက္တြင္ ေတြ႔ရိွထားေၾကာင္း အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ထုတ္ျပန္ထားၿပီး ျမန္မာနိုင္ငံတြင္ မွတ္ပုံတင္ထားျခင္း မရွိေသာေဆးဝါးမ်ား၊ ေဆးဝါးအတု၊ စံမညီေဆးဝါးမ်ားကို တင္သြင္း ျဖန႔္ျဖဴး၊ ေရာင္းခ်ျခင္းမ်ားျပဳလုပ္ပါက အမ်ိဳးသားေဆးဝါးဥပေဒပုဒ္မ(၁၈)အရ တရားစြဲဆိုအေရးယူမည္ျဖစ္ေၾကာင္း အသိေပးထားသည္။
အဆိုပါ ေဆးဝါး(၈)မ်ိဳးမွာ Regenta Eye/Ear Drops ၊ Phenolphthalein Tablets ၊ Ninazol Tablets ၊ Piyenchin Solution၊ Compound Miconazole Nitrate Cream ၊ Chlorpheniramine Tablets၊ Diclo-M Tablets ႏွင့္ Oxytocin Injection တို႔ျဖစ္ေၾကာင္း အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၃၁)ရက္ေန႔တြင္ ထုတ္ျပန္ထားျခင္းျဖစ္သည္။


က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ အရည္အေသြးစစ္မွန္ေကာင္းမြန္ၿပီး၊ ေဘးဥပါဒ္ အႏၲရာယ္ကင္းရွင္းကာ အက်ိဳးအာနိသင္ရွိေသာေဆးဝါးမ်ားကို အမ်ားျပည္သူတို႔သုံးစြဲနိုင္ရန္ စနစ္ တက်စိစစ္ကြပ္ကဲၾကပ္မတ္လ်က္ရွိပါသည္။

အမ်ားျပည္သူအေနျဖင့္ ေဆးဝါးမ်ား ဝယ္ယူသံုးစြဲရာတြင္ ျမန္မာႏုိင္ငံတြင္ မွတ္ပံုတင္ထားျခင္းမရိွသည့္ ေဆးဝါးမ်ားအား ဝယ္ယူသံုးစြဲျခင္းမျပဳရန္၊ ဆရာဝန္ညႊန္ၾကားခ်က္ျဖင့္ ဝယ္ယူသံုးစြဲရန္ႏွင့္  ျပည္သူ႔ က်န္းမာေရးအတြက္ ေစာင့္ေရွာက္မႈ ေဆာင္႐ြက္ေပးသူမ်ားအေနျဖင့္လည္း မိမိတို႔သုံးစြဲေနသည့္ ေဆးဝါးမ်ားႏွင့္ပတ္သက္၍ သံသယျဖစ္ဖြယ္တစ္စုံတစ္ရာရွိပါက သက္ဆိုင္ရာသို႔ အေၾကာင္းၾကားေပးရန္ကိုလည္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက တုိက္တြန္းႏိႈးေဆာ္ထားသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ဈေးကွက်တွင်တွေ့ရှိရ၍ ဆေးဝါးဝယ်ယူသုံးစွဲသူများ သတိထားဝယ်ယူကြရန် FDA အသိပေး
***********
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တရားမဝင်ဆေးဝါး(၈)မျိုးကို ဈေးကွက်တွင် တွေ့ရှိထားကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသောဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများကို တင်သွင်း ဖြန့်ဖြူး၊ ရောင်းချခြင်းများပြုလုပ်ပါက အမျိုးသားဆေးဝါးဥပဒေပုဒ်မ(၁၈)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ ဆေးဝါး(၈)မျိုးမှာ Regenta Eye/Ear Drops ၊ Phenolphthalein Tablets ၊ Ninazol Tablets ၊ Piyenchin Solution၊ Compound Miconazole Nitrate Cream ၊ Chlorpheniramine Tablets၊ Diclo-M Tablets နှင့် Oxytocin Injection တို့ဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး၊ ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသောဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ် တကျစိစစ်ကွပ်ကဲကြပ်မတ်လျက်ရှိပါသည်။

အများပြည်သူအနေဖြင့် ဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများအား ဝယ်ယူသုံးစွဲခြင်းမပြုရန်၊ ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူသုံးစွဲရန်နှင့်  ပြည်သူ့ ကျန်းမာရေးအတွက် စောင့်ရှောက်မှု ဆောင်ရွက်ပေးသူများအနေဖြင့်လည်း မိမိတို့သုံးစွဲနေသည့် ဆေးဝါးများနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်တစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားပေးရန်ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~