မႈခင္းသတင္းေထာက္ကဒ္ျပ၍ လစဥ္ေၾကးေတာင္းခံသည္ဟု အမႈဖြင့္ခံရသူ (၅)ဦးအနက္ (၃)ဦးကို ဖမ္းမိျခင္းမရိွေသး

မႈခင္းသတင္းေထာက္ကဒ္ျပ၍ လစဥ္ေၾကးေတာင္းခံသည္ဟု အမႈဖြင့္ခံရသူ (၅)ဦးအနက္ (၃)ဦးကို ဖမ္းမိျခင္းမရိွေသး
စက်တင်ဘာ 9, 2018
By Tachileik News Agency
မေကြးတိုင္းေဒသႀကီး၊ ေအာင္လံၿမိဳ႕တြင္ မီးေသြးေရာင္းသူထံ ျပည္သူ႔ဝန္ထမ္းမ်ားျဖစ္သည္ဟုဆိုကာ မႈခင္းသတင္းေထာက္ကဒ္ျပ၍ လစဥ္ေၾကးေတာင္းခံသူ(၅)ဦးကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၆)ရက္ေန႔က အမႈဖြင့္တုိင္ၾကားထားရာ (၂)ဦးကို အာမခံေပးထားၿပီး က်န္(၃)ဦးကို စက္တင္ဘာလ(၉)ရက္ေန႔အထိ ဖမ္းဆီးရမိျခင္း မရိွေသးေၾကာင္း သိရသည္။

“ႏွစ္ေယာက္ပဲ ကၽြန္ေတာ္တုိ႔ မိပါေသးတယ္။ ဒါက အာမခံေပးလုိ႔ရတဲ့ အမႈျဖစ္လို႔ သူတို႔ကို အာမခံ ေပးထားပါတယ္။ က်န္တဲ့ (၃)ေယာက္ကေတာ့ ဘယ္လိုျဖစ္ေနတယ္ မသိဘူး။ အိမ္မွာ သြားရွာတာေတာ့ မေတြ႔ေသးဘူး။ ကၽြန္ေတာ္တို႔ေတြ႔တာက ဟန္ေအးရယ္၊ ဝင္းေမာင္(ခ)မင္းသားႀကီးရယ္ကိုေတာ့ အာမခံေပးထားပါတယ္”ဟု ေအာင္လံၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး စိုးညြန္႔ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ စက္တင္ဘာလ(၉)ရက္ေန႔တြင္ ေျပာသည္။

ေအာင္လံၿမိဳ႕မွ မီးေသြးေရာင္းသူ ဦးသိန္းေဇာ္အား ျမင့္ေအာင္၊ ဝင္းေမာင္(ခ)မင္းသားႀကီး၊ မင္းကို၊ သိန္းေဇာ္ႏွင့္ ဟန္ေအးတို႔ (၅)ဦးက မႈခင္းသတင္းေထာက္ကဒ္မ်ားျပၿပီး ၎တို႔သည္ မႈခင္း သတင္းေထာက္၊ မႈခင္းတပ္ဖြဲ႕၊ သတင္းရဲတပ္ဖြဲ႕၊ စရဖ၊ စစစ အဖြဲ႕မ်ားမွျဖစ္ေၾကာင္းႏွင့္ ဦးသိန္းေဇာ္ အေနျဖင့္ အမ်ားႏွင့္သက္ဆုိင္ေသာပစၥည္း ကာကြယ္သည့္ဥပေဒအရ ေထာင္(၁၀)ႏွစ္အထိက် ႏိုင္သျဖင့္ လစဥ္ေၾကးေပးပါက တုိင္ၾကားမည္ မဟုတ္ေၾကာင္း ေျပာဆိုကာ ေငြေၾကးေတာင္းခံခဲ့ျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕ထံအမႈဖြင့္ တုိင္ၾကားလာျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔က ျပည္သူ႔ဝန္ထမ္းေတြလို႔ ေျပာတယ္ေပါ့။ ဒါေတြက တရားလို ေျပာျပခ်က္ေတြေပါ့ေနာ္။ ငါတုိ႔က ျပည္သူ႔ဝန္ထမ္းေတြျဖစ္တယ္။ ဒါေၾကာင့္ ဒီကဒ္ေတြရိွတယ္။ မင္းတုိ႔ ေငြေၾကးမေပးရင္ (၁၀)ႏွစ္အထိ ေထာင္ဒဏ္က်ႏုိင္တယ္ဆိုၿပီး ေငြေၾကးေတာင္းခံတယ္ေပါ့။ ဒါက မွန္တယ္ မွားတယ္ေတာ့ မသိေသးဘူးေပါ့။ တရားလို တုိင္တန္းခ်က္ကို ရဲတပ္ဖြဲ႕က စစ္ေဆးတုန္းပဲ ရိွပါေသးတယ္။ ကၽြန္ေတာ္က အမႈစစ္ မဟုတ္ေတာ့ အမႈစဖြင့္စဥ္က တုိင္တန္းခ်က္ျဖစ္စဥ္ကိုပဲ သိပါေသးတယ္” ဟု ေအာင္လံၿမိဳ႕မ ရဲစခန္းမွ စခန္းမွဴး  ဒုရဲမွဴး စိုးညြန္႔ဦးက ေျပာသည္။

အဆုိပါ တုိင္ၾကားမႈကို ေအာင္လံၿမိဳ႕မရဲစခန္းတြင္ (ပ) ၈၉၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၉/၁၇၀/၁၁၄ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

အဆိုပါ(၅)ဦးအဖြဲ႔ကို ဦးသိန္းေဇာ္က တစ္လတစ္ႀကိမ္ သို႔မဟုတ္ တစ္လ ႏွစ္ႀကိမ္ ေငြေၾကး ေပးေဆာင္ခဲ့ရကာ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၃၀)ရက္ေန႔က ဦးသိန္းေဇာ္၏ လုပ္ငန္း မိတ္ေဆြမ်ားေရွ႕တြင္ အဆိုပါအဖြဲ႕က ေငြေၾကးေတာင္းခံရာမွ ၎တို႔အဖြဲ႕သည္ ရဲတပ္ဖြဲ႕ဝင္မ်ား မဟုတ္ေၾကာင္း သိခဲ့ရသျဖင့္ အမႈဖြင့္ တုိင္ၾကားျခင္းျဖစ္သည္ဟု အမႈဖြင့္တုိင္ၾကားခ်က္တြင္ ေဖၚျပထားျခင္းျဖစ္သည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~


မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် မီးသွေးရောင်းသူထံ ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟုဆိုကာ မှုခင်းသတင်းထောက်ကဒ်ပြ၍ လစဉ်ကြေးတောင်းခံသူ(၅)ဦးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့က အမှုဖွင့်တိုင်ကြားထားရာ (၂)ဦးကို အာမခံပေးထားပြီး ကျန်(၃)ဦးကို စက်တင်ဘာလ(၉)ရက်နေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

“နှစ်ယောက်ပဲ ကျွန်တော်တို့ မိပါသေးတယ်။ ဒါက အာမခံပေးလို့ရတဲ့ အမှုဖြစ်လို့ သူတို့ကို အာမခံ ပေးထားပါတယ်။ ကျန်တဲ့ (၃)ယောက်ကတော့ ဘယ်လိုဖြစ်နေတယ် မသိဘူး။ အိမ်မှာ သွားရှာတာတော့ မတွေ့သေးဘူး။ ကျွန်တော်တို့တွေ့တာက ဟန်အေးရယ်၊ ဝင်းမောင်(ခ)မင်းသားကြီးရယ်ကိုတော့ အာမခံပေးထားပါတယ်”ဟု အောင်လံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးညွန့်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ စက်တင်ဘာလ(၉)ရက်နေ့တွင် ပြောသည်။

အောင်လံမြို့မှ မီးသွေးရောင်းသူ ဦးသိန်းဇော်အား မြင့်အောင်၊ ဝင်းမောင်(ခ)မင်းသားကြီး၊ မင်းကို၊ သိန်းဇော်နှင့် ဟန်အေးတို့ (၅)ဦးက မှုခင်းသတင်းထောက်ကဒ်များပြပြီး၎င်းတို့သည် မှုခင်း သတင်းထောက်၊ မှုခင်းတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ စရဖ၊ စစစ အဖွဲ့များမှဖြစ်ကြောင်းနှင့် ဦးသိန်းဇော် အနဖြေင့် အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်သည့်ဥပဒေအရ ထောင်(၁၀)နှစ်အထိကျ နိုင်သဖြင့် လစဉ်ကြေးပေးပါက တိုင်ကြားမည် မဟုတ်ကြောင်း ပြောဆိုကာ ငွေကြေးတောင်းခံခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံအမှုဖွင့် တိုင်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က ပြည်သူ့ဝန်ထမ်းတွေလို့ ပြောတယ်ပေါ့။ ဒါတွေက တရားလို ပြောပြချက်တွေပေါ့နော်။ ငါတို့က ပြည်သူ့ဝန်ထမ်းတွဖြေစ်တယ်။ ဒါကြောင့် ဒီကဒ်တွေရှိတယ်။ မင်းတို့ ငွေကြေးမပေးရင် (၁၀)နှစ်အထိ ထောင်ဒဏ်ကျနိုင်တယ်ဆိုပြီး ငွေကြေးတောင်းခံတယ်ပေါ့။ ဒါက မှန်တယ် မှားတယ်တော့ မသိသေးဘူးပေါ့။ တရားလို တိုင်တန်းချက်ကို ရဲတပ်ဖွဲ့က စစ်ဆေးတုန်းပဲ ရှိပါသေးတယ်။ ကျွန်တော်က အမှုစစ် မဟုတ်တော့ အမှုစဖွင့်စဉ်က တိုင်တန်းချက်ဖြစ်စဉ်ကိုပဲ သိပါသေးတယ်” ဟု အောင်လံမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိုးညွန့်ဦးက ပြောသည်။

အဆိုပါ တိုင်ကြားမှုကို အောင်လံမြို့မရဲစခန်းတွင် (ပ) ၈၉၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၉/၁၇၀/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ(၅)ဦးအဖွဲ့ကို ဦးသိန်းဇော်က တစ်လတစ်ကြိမ် သို့မဟုတ် တစ်လ နှစ်ကြိမ် ငွေကြေး ပေးဆောင်ခဲ့ရကာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၃၀)ရက်နေ့က ဦးသိန်းဇော်၏ လုပ်ငန်း မိတ်ဆွေများရှေ့တွင် အဆိုပါအဖွဲ့က ငွေကြေးတောင်းခံရာမှ၎င်းတို့အဖွဲ့သည် ရဲတပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း သိခဲ့ရသဖြင့် အမှုဖွင့် တိုင်ကြားခြင်းဖြစ်သည်ဟု အမှုဖွင့်တိုင်ကြားချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~