ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ေဒသခံမ်ားသတင္းေပးခ်က္အရ တရားမဝင္လုပ္ကိုင္ေနသည့္ သစ္စက္မ်ားကို ဖမ္းဆီးရမိ

ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ေဒသခံမ်ားသတင္းေပးခ်က္အရ တရားမဝင္လုပ္ကိုင္ေနသည့္ သစ္စက္မ်ားကို ဖမ္းဆီးရမိ
စက်တင်ဘာ 18, 2018
By Tachileik News Agency

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါတမငယ္ေက်းရြာအနီးတြင္ တရားမဝင္လုပ္ကိုင္ေနသည့္ သစ္စက္မ်ားကို ၂၀၁၈ ခုနွစ္ စက္တင္ဘာလ (၁၇) ရက္ေန႔က ေဒသခံမ်ား၏ သတင္းေပးခ်က္အရ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါတမငယ္ေက်းရြာအစြန္ ေတာင္ယာခင္းအနီးတြင္ တရားမဝင္ သစ္စက္ လုပ္ကိုင္ေနေၾကာင္း ေဒသခံမ်ားက အသိေပးတုိင္ၾကားသျဖင့္ သက္ဆိုင္ရာ တာဝန္႐ွိသူမ်ားက သြားေရာက္ရွာေဖြရာ  ဦးထူးကလို၏ သစ္စက္အား ဦးစြာ ဝင္ေရာက္ဖမ္းဆီးမိၿပီး ( ၂၂) ေကာင္အင္ဂ်င္ သစ္ခြဲစက္(၁)ခုႏွင့္ သစ္မ်ားဖမ္းဆီရမိခဲ့ကာ ဦးဖ်ားရယ္၏ သစ္စက္တြင္ သစ္ခြဲစက္အား မေတြ႔ရဘဲ သစ္အနည္းငယ္ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

 "ကြၽန္ေတာ္တို႔ မေန႔က ေဒါတမငယ္ရြာအစြန္မွာ ဖမ္းမိတယ္။ ရပ္ကြက္က မေက်နပ္လို႔ တိုင္တာေပါ့။ အရင္ဆုံး သြားစစ္ေတာ့ ထူးကလိုရဲ႕ သစ္စက္မွာ စက္ေရာသစ္ေတြေရာ လက္ပူးလက္ၾကပ္မိတယ္။ ေနာက္သူက သူ႔စက္ကိုဖမ္းလို႔ မေက်နပ္လို႔ ထပ္ၿပီး ေဖာ္ေတာ့ ရြာစြန္က ဦးဖ်ားရယ္ရဲ႕ သစ္စက္ကိုပါ ထပ္သြားဖမ္းတယ္။ ဒါေပမဲ့ သစ္စက္မွာ သစ္နည္းနည္းပဲ႐ွိတယ္။ စက္ကိုေတာ့ မေတြ႕ရေတာ့ဘူး။ သူႀကိဳသိလို႔ ယူၿပီးျမန္ျမန္သြားဖြက္ထားတာပဲ ျဖစ္မယ္။ မေက်နပ္လို႔ တိုင္ၾကတာပါ။ ဥပေဒအတိုင္း ကြၽန္ေတာ္တို႔ ဆက္လုပ္သြားပါမယ္ "ဟု ကယားျပည္နယ္ သဘာဝပတ္ဝန္းက်င္ႏွင့္ သယံဇာတဝန္ႀကီး ဦးတီရယ္က တာခ်ီလိတ္သတင္းအင္ဂ်င္စီသို႔ ေျပာသည္။

ဖမ္းဆီးရမိထားေသာ ကြၽန္းသစ္ (၇) တန္ခန္႔ႏွင့္ စက္မ်ားအား သိမ္းဆည္းထားၿပီး တရားမဝင္ သစ္စက္လုပ္ငန္း လုပ္ကိုင္သူမ်ားကို ဥပေဒအတိုင္း ဆက္လက္အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ကျေးရွာအနီးတွင် တရားမဝင်လုပ်ကိုင်နေသည့် သစ်စက်များကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့က ဒေသခံများ၏ သတင်းပေးချက်အရ ဖမ်းဆီးရမိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ကျေးရွာအစွန် တောင်ယာခင်းအနီးတွင် တရားမဝင် သစ်စက် လုပ်ကိုင်နေကြောင်း ဒေသခံများက အသိပေးတိုင်ကြားသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ရှာဖွေရာ ဦးထူးကလို၏ သစ်စက်အား ဦးစွာ ဝင်ရောက်ဖမ်းဆီးမိပြီး ( ၂၂) ကောင်အင်ဂျင် သစ်ခွဲစက်(၁)ခုနှင့် သစ်များဖမ်းဆီရမိခဲ့ကာ ဦးဖျားရယ်၏ သစ်စက်တွင် သစ်ခွဲစက်အား မတွေ့ရဘဲ သစ်အနည်းငယ်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

 "ကျွန်တော်တို့ မနေ့က ဒေါတမငယ်ရွာအစွန်မှာ ဖမ်းမိတယ်။ ရပ်ကွက်က မကျေနပ်လို့ တိုင်တာပေါ့။ အရင်ဆုံး သွားစစ်တော့ ထူးကလိုရဲ့ သစ်စက်မှာ စက်ရောသစ်တွေရော လက်ပူးလက်ကြပ်မိတယ်။ နောက်သူက သူ့စက်ကိုဖမ်းလို့ မကျေနပ်လို့ ထပ်ပြီး ဖော်တော့ ရွာစွန်က ဦးဖျားရယ်ရဲ့ သစ်စက်ကိုပါ ထပ်သွားဖမ်းတယ်။ ဒါပေမဲ့ သစ်စက်မှာ သစ်နည်းနည်းပဲရှိတယ်။ စက်ကိုတော့ မတွေ့ရတော့ဘူး။ သူကြိုသိလို့ ယူပြီးမြန်မြန်သွားဖွက်ထားတာပဲ ဖြစ်မယ်။ မကျေနပ်လို့ တိုင်ကြတာပါ။ ဥပဒေအတိုင်း ကျွန်တော်တို့ ဆက်လုပ်သွားပါမယ် "ဟု ကယားပြည်နယ် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဝန်ကြီး ဦးတီရယ်က တာချီလိတ်သတင်းအင်ဂျင်စီသို့ ပြောသည်။

ဖမ်းဆီးရမိထားသော ကျွန်းသစ် (၇) တန်ခန့်နှင့် စက်များအား သိမ်းဆည်းထားပြီး တရားမဝင် သစ်စက်လုပ်ငန်း လုပ်ကိုင်သူများကို ဥပဒေအတိုင်း ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~