ေသမင္းတမန္ရထားလမ္း (၇၅)ႏွစ္ျပည့္ ေအာက္ေမ့ဖြယ္ အခမ္းအနား ေအာက္တိုဘာလ (၁၇)ရက္တြင္ က်င္းပမည္

ေသမင္းတမန္ရထားလမ္း (၇၅)ႏွစ္ျပည့္ ေအာက္ေမ့ဖြယ္ အခမ္းအနား ေအာက္တိုဘာလ (၁၇)ရက္တြင္ က်င္းပမည္
စက်တင်ဘာ 13, 2018
By 🌸
ေသမင္းတမန္ရထားလမ္း(ျမန္မာ - ထုိင္းရထားလမ္း)ေဖါက္လုပ္သည့္ (၇၅)ႏွစ္ျပည့္ ေအာက္ေမ့ဖြယ္ အခမ္းအနားကို ၾသစေၾတးလ်သံရံုးက မဟာမိတ္ကိုယ္စားလွယ္မ်ားအပါအဝင္ ျမန္မာႏွင့္ ဩစေၾတးလ်တို႔က မြန္ျပည္နယ္၊ သံျဖဴဇရပ္စစ္သခ်ႋဳင္းတြင္ ၂၀၁၈၊ ေအာက္တိုဘာလ (၁၇) ရက္ေန႔၌ က်င္းပမည္ျဖစ္ရာ တက္ေရာက္လိုသူမ်ားကို ၾသစေတးလ်သံရံုးက ဖိတ္ေခၚထားသည္။

အဆိုပါ အခမ္းအနားတက္ေရာက္လိုသူမ်ားအေနျဖင့္ အေသးစိတ္အခ်က္အလက္မ်ားကို [email protected] သို႔ စံုစမ္းႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါရထားလမ္းမွာ ဒုတိယကမာၻစစ္အတြင္း ျမန္မာႏိုင္ငံအတြင္းမွ ဂ်ပန္တပ္မ်ားအတြက္ အေထာက္အပံ့ျဖစ္ေစရန္ ၁၉၄၂ ခုႏွစ္ စက္တင္ဘာလ ၁၉၄၃ခုႏွစ္ ေအာက္တိုဘာအထိ ဂ်ပန္အင္ပါယာက ျမန္မာလူမ်ိဳးမ်ားႏွင့္ မဟာမိတ္စစ္သားမ်ားကို အတင္းအက်ပ္ေစခိုင္းေဖါက္လုပ္ေစခဲ့ျခင္းျဖစ္ၿပီး မဟာမိတ္တပ္သား (၃၀၀၀၀)၊ ႐ိုမူရွာေခၚ အင္ဒိုနီးရွား၊ မေလးရွားႏွင့္ စကၤာပူအလုပ္သမားမ်ားႏွင့္ ျမန္မာေခၽြးတပ္သား (၈၀၀၀၀) ခန္႔ ေသဆံုးခဲ့ရေၾကာင္း မွတ္တမ္းမ်ားအရ သိရသည္။

ျမန္မာႏုိင္ငံ မြန္ျပည္နယ္၊ သံျဖဴဇရန္ၿမိဳ႕မွ ဘုရားသံုးဆူေတာင္ၾကားကို ျဖတ္ေက်ာ္ကာ ထုိင္းနိုင္ငံ ဘန္ေပါင္ၿမိဳ႕သို႔ ေဖါက္လုပ္ထားျခင္းျဖစ္ၿပီး ဘန္ေပါင္ရိွ ဘန္ေကာက္ - စကၤာပူ မီးရထားလမ္းႏွင့္ ဆက္သြယ္ရန္ ရည္ရြယ္ခဲ့ကာ ရထားလမ္း ေဖာက္လုပ္ၿပီးစီးသည့္ အထိမ္းအမွတ္ပဲြကို ၁၉၄၃ ခုႏွစ္၊ ေအာက္တိုဘာလ (၂၅)ရက္ေန႔တြင္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 

မုိင္ေပါင္း(၂၅၀)ေက်ာ္ ရွည္လ်ားသည့္ ရထားလမ္းတြင္ ေကြးျမစ္ေပၚ၌ တံတားတည္ေဆာက္ျခင္းလည္း ပါဝင္ၿပီး အဆိုပါ ရထားလမ္းပိုင္းတည္ေဆာက္ရန္အတြက္ ျမန္မာႏုိင္ငံတြင္းမွ ၿဗိတိသွ်တုိ႔ ဆုတ္ခြာစဥ္က က်န္ခဲ့သည့္ သံလမ္းမိုင္ စုစုေပါင္း (၂၈၅၂) မုိင္မွ မိုင္ (၃၀၀)ခန္႔ကို ျဖဳတ္ယူတည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သံျဖဴဇရပ္ၿမိဳ႕အနီးတြင္ ေသမင္းတမန္မီးရထားလမ္း ေဖာက္လုပ္ခဲ့ျခင္း အထိမ္းအမွတ္ျပတုိက္ႏွင့္ မဟာမိတ္ စစ္သခ်ိဳၤင္းတုိ႔ရိွၿပီး အဆိုပါစစ္သခ်ိၤဳင္းတြင္ ဒုတိယ ကမၻာစစ္အတြင္းက က်ဆံုးခဲ့သည့္ အဂၤလိပ္၊ ကေနဒါ၊ ဩစေၾတးလ်၊ နယူးဇီလန္၊ အိႏၵိယ၊ ျမန္မာ၊ မေလးရွားႏွင့္ နယ္သာလန္ စသည့္ နိုင္ငံမ်ားမွ စစ္သည္ေပါင္း (၃၆၁၇) ဦးကို ျမဳပ္ႏွံထားျခင္းျဖစ္ေၾကာင္း မွတ္တမ္းမ်ားအရ သိရသည္။

အဆိုပါ စစ္သခ်ိဳၤင္းကို ၁၉၄၆ ခုႏွစ္၊ ဒီဇင္ဘာလ( ၁၈)ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းနွင့္ ဘုရင္ခံ ဆာဟူး ဘတ္ရန္႔တုိ႔ လာေရာက္ဖြင့္လွစ္ေပးထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Photo: Min Latt, The Death Railway Museum

~~~~~~~~⊰❂ unicode ~~~~~~~~
သေမင်းတမန်ရထားလမ်း (၇၅)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား အောက်တိုဘာလ (၁၇)ရက်တွင် ကျင်းပမည်
**************
သေမင်းတမန်ရထားလမ်း(မြန်မာ - ထိုင်းရထားလမ်း)ဖေါက်လုပ်သည့် (၇၅)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို သြစတြေးလျသံရုံးက မဟာမိတ်ကိုယ်စားလှယ်များအပါအဝင် မြန်မာနှင့် ဩစတြေးလျတို့က မွန်ပြည်နယ်၊ သံဖြူဇရပ်စစ်သင်္ချိုင်းတွင် ၂၀၁၈၊ အောက်တိုဘာလ (၁၇) ရက်နေ့၌ ကျင်းပမည်ဖြစ်ရာ တက်ရောက်လိုသူများကို သြစတေးလျသံရုံးက ဖိတ်ခေါ်ထားသည်။

အဆိုပါ အခမ်းအနားတက်ရောက်လိုသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို [email protected] သို့ စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရထားလမ်းမှာ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံအတွင်းမှ ဂျပန်တပ်များအတွက် အထောက်အပံ့ဖြစ်စေရန် ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၁၉၄၃ခုနှစ် အောက်တိုဘာအထိ ဂျပန်အင်ပါယာက မြန်မာလူမျိုးများနှင့် မဟာမိတ်စစ်သားများကို အတင်းအကျပ်စေခိုင်းဖေါက်လုပ်စေခဲ့ခြင်းဖြစ်ပြီး မဟာမိတ်တပ်သား (၃၀၀၀၀)၊ ရိုမူရှာခေါ် အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူအလုပ်သမားများနှင့် မြန်မာချွေးတပ်သား (၈၀၀၀၀) ခန့် သေဆုံးခဲ့ရကြောင်း မှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံ မွန်ပြည်နယ်၊ သံဖြူဇရန်မြို့မှ ဘုရားသုံးဆူတောင်ကြားကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ ဘန်ပေါင်မြို့သို့ ဖေါက်လုပ်ထားခြင်းဖြစ်ပြီး ဘန်ပေါင်ရှိ ဘန်ကောက် - စင်္ကာပူ မီးရထားလမ်းနှင့် ဆက်သွယ်ရန် ရည်ရွယ်ခဲ့ကာ ရထားလမ်း ဖောက်လုပ်ပြီးစီးသည့် အထိမ်းအမှတ်ပွဲကို ၁၉၄၃ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မိုင်ပေါင်း(၂၅၀)ကျော် ရှည်လျားသည့် ရထားလမ်းတွင် ကွေးမြစ်ပေါ်၌ တံတားတည်ဆောက်ခြင်းလည်း ပါဝင်ပြီး အဆိုပါ ရထားလမ်းပိုင်းတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံတွင်းမှ ဗြိတိသျှတို့ ဆုတ်ခွာစဉ်က ကျန်ခဲ့သည့် သံလမ်းမိုင် စုစုပေါင်း (၂၈၅၂) မိုင်မှ မိုင် (၃၀၀)ခန့်ကို ဖြုတ်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သံဖြူဇရပ်မြို့အနီးတွင် သေမင်းတမန်မီးရထားလမ်း ဖောက်လုပ်ခဲ့ခြင်း အထိမ်းအမှတ်ပြတိုက်နှင့် မဟာမိတ် စစ်သချိုၤင်းတို့ရှိပြီး အဆိုပါစစ်သချိၤုင်းတွင် ဒုတိယ ကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့သည့် အင်္ဂလိပ်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ မြန်မာ၊ မလေးရှားနှင့် နယ်သာလန် စသည့် နိုင်ငံများမှ စစ်သည်ပေါင်း (၃၆၁၇) ဦးကို မြုပ်နှံထားခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

အဆိုပါ စစ်သချိုၤင်းကို ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ( ၁၈)ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဘုရင်ခံ ဆာဟူး ဘတ်ရန့်တို့ လာရောက်ဖွင့်လှစ်ပေးထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo: Min Latt, The Death Railway Museum

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~