ေက်ာင္းသူတစ္ဦးအား အဓမၼျပဳက်င့္ကာ သတ္ျဖတ္ၿပီး အေလာင္းမီးရႈိ႕ေဖ်ာက္ဖ်က္သူ အမ်ဳိးသားႏွစ္ဦးကို မေသမခ်င္း ႀကိဳးေပးသတ္ရန္ (၉)လ၀န္းက်င္အၾကာတြင္ တရားရံုးက အမိန္႔ခ်

ေက်ာင္းသူတစ္ဦးအား အဓမၼျပဳက်င့္ကာ သတ္ျဖတ္ၿပီး အေလာင္းမီးရႈိ႕ေဖ်ာက္ဖ်က္သူ အမ်ဳိးသားႏွစ္ဦးကို မေသမခ်င္း ႀကိဳးေပးသတ္ရန္ (၉)လ၀န္းက်င္အၾကာတြင္ တရားရံုးက အမိန္႔ခ်
စက်တင်ဘာ 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ ဆယ္တန္းေက်ာင္းသူတစ္ဦးကို အဓမၼျပဳက်င့္ၿပီး သတ္ျဖတ္ကာ အေလာင္းကိုမီးရိႈ႕ေဖ်ာက္ဖ်က္ခဲ့သည့္ စိုးလြင္ႏွင့္ စိုင္းရွဲန္(ခ)အိုက္ပီးတို႔ကို မေသမခ်င္းႀကိဳးေပးသတ္ရန္  ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၇)ရက္ေန႔ ညေနပိုင္းက က်ိဳင္းတုံခရိုင္ ဒုတိယခရိုင္တရားရုံးက အမိန္႔ခ်မွတ္လုိက္သည္။

“ဒီတရားခံ ႏွစ္ေယာက္လုံးကို ေသဒဏ္ေပးလိုက္တာပါ။ ႏွစ္ေယာက္လုံးက မုဒိန္းက်င့္ၿပီးေတာ့ အေလာင္းကို ေဖ်ာက္တာ။ တစ္ေယာက္က ေသဆုံးသူကို ေခါင္းပိုင္းကေန ဓာတ္ဆီေလာင္းၿပီး မီးရိႈ႕ခဲ့သလို ေနာက္တစ္ေယာက္က ေျခေထာက္ကေန မီးရိႈ႕ခဲ့တယ္ဆိုၿပီး တရားခြင္မွာ ဝန္ခံခဲ့တယ္။ တစ္ေယာက္က မုဒိန္းက်င့္ေနတဲ့ အခ်ိန္မွာ တစ္ေယာက္က လက္ကိုင္ေပးထားတယ္လို႔ သူတို႔ထဲက တစ္ေယာက္က ေျဖာင့္ခ်က္ေပးထားတယ္။ သူတို႔ လုပ္သြားတာေတြက လူမဆန္ဘူး။ ေတာ္ေတာ္ကို ရက္စက္တယ္။ ဒီလိုမွ မလုပ္ရင္လည္း ျပည္သူေတြရဲ႕ ဘဝက မလုံၿခံဳဘူးလို႔ ခံစားေနရမွာ”ဟု က်ိဳင္းတုံခရိုင္တရားရုံးမွ ဒုတိယခရိုင္တရားသူႀကီး ဦးေက်ာ္ျမင့္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ စက္တင္ဘာလ(၁၇)ရက္ေန႔ ညေနပိုင္းက ေျပာသည္။

ယခုကဲ့သို႔ ရာဇသတ္ႀကီးပုဒ္မ ၃၀၂(၁)(ဂ)အရ မေသမခ်င္းလည္ပင္းႀကိဳးကြင္းစြပ္သတ္ရန္ အမိန္႔ခ်မွတ္ျခင္းမွာ က်ိဳင္းတံုၿမိဳ႕တြင္ ပထမဆံုးအႀကိမ္ျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတုံ - လြယ္ေမြကားလမ္း မိုင္တိုင္အမွတ္(၈/၄)အနီးရိွ ေခ်ာက္အတြင္း ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ (၂၂)ရက္ေန႔က မီးေလာင္ကၽြမ္းထားသည့္ အမ်ိဳးသမီးအေလာင္းေတြ႔ရိွရာမွ က်ဳးလြန္သူ(၂)ဦးအား ရဲတပ္ဖြဲ႕က က်ိဳင္းတံုႏွင့္ သာစည္ၿမိဳ႕မ်ားတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

အေလာင္းကိုေတြ႔ရစဥ္က မီးေလာင္ကၽြမ္းထားသျဖင့္ ေသဆံုးသူအား အတည္ျပဳႏုိင္ရန္ အခက္အခဲ ျဖစ္ခဲ့ေသာ္လည္း ေသဆံုးသူ၏လက္စြပ္က်န္ခဲ့ေၾကာင္း မီဒီယာမ်ားတြင္ သတင္းေဖၚျပခဲ့ၿပီးေနာက္ ေသဆံုးသူႏွင့္နီးစပ္သူက ရဲစခန္းတြင္ သက္ေသခံပစၥည္းလက္စြပ္အား လာေရာက္ၾကည့္ရႈ အတည္ျပဳေပးႏုိင္ခဲ့သျဖင့္ အမႈအား လ်င္ျမန္စြာ ေဖၚထုတ္ႏုိင္ခဲ့ျခင္းျဖစ္သည္။

က်ဴးလြန္သူ(၂)ဦးအနက္ စိုးလြင္ကို ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၅)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕၌ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့ၿပီးေနာက္ ျပစ္မႈက်ဴးလြန္ေၾကာင္း ဒီဇင္ဘာလ (၂၆)ရက္ေန႔တြင္ စစ္ေဆးေပၚေပါက္ခဲ့ကာ က်ဴးလြန္သူတစ္ဦးျဖစ္သည့္ အုိက္ပီး(ခ)စိုင္းရွဲန္ကို သာစည္ၿမိဳ႕တြင္ ယာဥ္တိုက္မႈအတြက္ သြားေရာက္၍ တရားရင္ဆိုင္ေနစဥ္ သာစည္ရဲတပ္ဖြဲ႔က ဖမ္းဆီးထိန္းသိမ္းႏုိင္ခဲ့ျခင္းျဖစ္သည္။

တရားခံမ်ားအား ဖမ္းဆီးရမိႏိုင္ရန္အတြက္ နယ္ထိန္းအဖြဲ႕မ်ားမွ အဖြဲ႕(၃)ဖြဲ႕ခြဲကာ ေနရာအႏွံ႕ လိုက္လံ စုံစမ္းရွာေဖြ ဖမ္းဆီးစံုစမ္းခဲ့ၿပီးေနာက္ ေသဆံုးသူက်န္ခဲ့သည့္လက္စြပ္မွ တစ္ဆင့္ ေသဆံုးသူအား အတည္ျပဳႏိုင္ၿပီး (၂၄)နာရီအတြင္း တရားခံမ်ားဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ ဒီဇင္ဘာလ (၂၂)ရက္ေန႔က (ပ) ၂၃၂/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၂၁၀ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ကာ အလောင်းကိုမီးရှို့ဖျောက်ဖျက်ခဲ့သည့် စိုးလွင်နှင့် စိုင်းရှဲန်(ခ)အိုက်ပီးတို့ကို မသေမချင်းကြိုးပေးသတ်ရန် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့ ညနေပိုင်းက ကျိုင်းတုံခရိုင် ဒုတိယခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်သည်။

“ဒီတရားခံ နှစ်ယောက်လုံးကို သေဒဏ်ပေးလိုက်တာပါ။ နှစ်ယောက်လုံးက မုဒိန်းကျင့်ပြီးတော့ အလောင်းကို ဖျောက်တာ။ တစ်ယောက်က သေဆုံးသူကို ခေါင်းပိုင်းကနေ ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့သလို နောက်တစ်ယောက်က ခြေထောက်ကနေ မီးရှို့ခဲ့တယ်ဆိုပြီး တရားခွင်မှာ ဝန်ခံခဲ့တယ်။ တစ်ယောက်က မုဒိန်းကျင့်နေတဲ့ အချိန်မှာ တစ်ယောက်က လက်ကိုင်ပေးထားတယ်လို့ သူတို့ထဲက တစ်ယောက်က ဖြောင့်ချက်ပေးထားတယ်။ သူတို့ လုပ်သွားတာတွေက လူမဆန်ဘူး။ တော်တော်ကို ရက်စက်တယ်။ ဒီလိုမှ မလုပ်ရင်လည်း ပြည်သူတွေရဲ့ ဘဝက မလုံခြုံဘူးလို့ ခံစားနေရမှာ”ဟု ကျိုင်းတုံခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးကျော်မြင့်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁၇)ရက်နေ့ ညနေပိုင်းက ပြောသည်။

ယခုကဲ့သို့ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)အရ မသေမချင်းလည်ပင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်ခြင်းမှာ ကျိုင်းတုံမြို့တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံ - လွယ်မွေကားလမ်း မိုင်တိုင်အမှတ်(၈/၄)အနီးရှိ ချောက်အတွင်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့က မီးလောင်ကျွမ်းထားသည့် အမျိုးသမီးအလောင်းတွေ့ရှိရာမှ ကျုးလွန်သူ(၂)ဦးအား ရဲတပ်ဖွဲ့က ကျိုင်းတုံနှင့် သာစည်မြို့များတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အလောင်းကိုတွေ့ရစဉ်က မီးလောင်ကျွမ်းထားသဖြင့် သေဆုံးသူအား အတည်ပြုနိုင်ရန် အခက်အခဲ ဖြစ်ခဲ့သော်လည်း သေဆုံးသူ၏လက်စွပ်ကျန်ခဲ့ကြောင်း မီဒီယာများတွင် သတင်းဖော်ပြခဲ့ပြီးနောက် သေဆုံးသူနှင့်နီးစပ်သူက ရဲစခန်းတွင် သက်သေခံပစ္စည်းလက်စွပ်အား လာရောက်ကြည့်ရှု အတည်ပြုပေးနိုင်ခဲ့သဖြင့် အမှုအား လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကျူးလွန်သူ(၂)ဦးအနက် စိုးလွင်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် ကျိုင်းတုံမြို့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ကြောင်း ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် စစ်ဆေးပေါ်ပေါက်ခဲ့ကာ ကျူးလွန်သူတစ်ဦးဖြစ်သည့် အိုက်ပီး(ခ)စိုင်းရှဲန်ကို သာစည်မြို့တွင် ယာဉ်တိုက်မှုအတွက် သွားရောက်၍ တရားရင်ဆိုင်နေစဉ် သာစည်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

တရားခံများအား ဖမ်းဆီးရမိနိုင်ရန်အတွက် နယ်ထိန်းအဖွဲ့များမှ အဖွဲ့(၃)ဖွဲ့ခွဲကာ နေရာအနှံ့ လိုက်လံ စုံစမ်းရှာဖွေ ဖမ်းဆီးစုံစမ်းခဲ့ပြီးနောက် သေဆုံးသူကျန်ခဲ့သည့်လက်စွပ်မှ တစ်ဆင့် သေဆုံးသူအား အတည်ပြုနိုင်ပြီး (၂၄)နာရီအတွင်း တရားခံများဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် ဒီဇင်ဘာလ (၂၂)ရက်နေ့က (ပ) ၂၃၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၁၀ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~