တာချီလိတ်ခရိုင် မိုင်းယုမြို့တွင် ဘုန်းကြီးကျောင်းပိုင် ဆိုင်ကယ်အား ခိုးယူသူကို ဖမ်းဆီး ရမိ

စက်တင်ဘာ 21, 2018
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းပိုင်  ဆိုင်ကယ်တစ်စီး  ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ ညနေ (၃) နာရီခွဲက ခိုးယူခံရပြီးနောက် ခိုးယူသူကို ယင်းနေ့မှာပင် ပြန်လည် ဖမ်းဆီးရမိကြောင်းသိရသည်။

ဝမ်ကျိုင်းကျေးရွာ ဘုန်းကြီးကျောင်း တောင်အောက် ကိုးမိုင်ခန့်အကွာတွင် ရပ်ထားသည့် ဘုန်းကြီးကျောင်းပိုင် ဆိုင်ကယ်အား လိမ္မော်ရောင်အင်္ကျီ လက်တို ဝတ်ဆင်ထားသော လူတစ်ဦးက ခိုးယူမောင်းနှင် ထွက်ပြေးသွားကြောင်း ကျောင်းထိုင်ဆရာတော်က ဝမ်တာကြန့်ကျေးရွာအုပ်စု ဝမ်ကျိုင်းကျေးရွာ အဆင်းလမ်းအနီး လယ်တွင် အလုပ် လုပ်ကိုင်နေသူ ဦးအိုက်ကောင်းအား လာရောက် ပြောပြလာသဖြင့် ဦးအိုက်ကောင်း၊ တစ်ရွာတည်းနေ ဦးအိုက်အင်နှင့် မိုင်းယောင်းမြို့နယ်ရဲစခန်းမှ ဟွေထမ်းကျေးရွာမှ ကင်းလှည့်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်-မိုင်းယောင်းသွားလမ်း မုန်းလိုက်တံတား လုံခြုံရေးနှင့် စစ်ဆေးရေး ဂိတ်တွင် ဆိုင်ကယ်ခိုးယူသွားသည့်  နာတာလည်(ခ) ရာပါ ဆိုသူကို ဖမ်းဆီးရမိလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ခိုးယူသူ နာတာလည်(ခ) ရာပါအား မိုင်းယုနယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုကိုနိုင်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ~~~~~~~~

မ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းပိုင်  ဆိုင်ကယ်တစ်စီး  ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ ညနေ (၃) နာရီခွဲက ခိုးယူခံရပြီးနောက် ခိုးယူသူကို ယင်းနေ့မှာပင် ပြန်လည် ဖမ်းဆီးရမိကြောင်းသိရသည်။

ဝမ်ကျိုင်းကျေးရွာ ဘုန်းကြီးကျောင်း တောင်အောက် ကိုးမိုင်ခန့်အကွာတွင် ရပ်ထားသည့် ဘုန်းကြီးကျောင်းပိုင် ဆိုင်ကယ်အား လိမ္မော်ရောင်အင်္ကျီ လက်တို ဝတ်ဆင်ထားသော လူတစ်ဦးက ခိုးယူမောင်းနှင် ထွက်ပြေးသွားကြောင်း ကျောင်းထိုင်ဆရာတော်က ဝမ်တာကြန့်ကျေးရွာအုပ်စု ဝမ်ကျိုင်းကျေးရွာ အဆင်းလမ်းအနီး လယ်တွင် အလုပ် လုပ်ကိုင်နေသူ ဦးအိုက်ကောင်းအား လာရောက် ပြောပြလာသဖြင့် ဦးအိုက်ကောင်း၊ တစ်ရွာတည်းနေ ဦးအိုက်အင်နှင့် မိုင်းယောင်းမြို့နယ်ရဲစခန်းမှ ဟွေထမ်းကျေးရွာမှ ကင်းလှည့်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်-မိုင်းယောင်းသွားလမ်း မုန်းလိုက်တံတား လုံခြုံရေးနှင့် စစ်ဆေးရေး ဂိတ်တွင် ဆိုင်ကယ်ခိုးယူသွားသည့်  နာတာလည်(ခ) ရာပါ ဆိုသူကို ဖမ်းဆီးရမိလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ခိုးယူသူ နာတာလည်(ခ) ရာပါအား မိုင်းယုနယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုကိုနိုင်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~