တာခ်ီလိတ္ - ၀မ္ပံုသြားလမ္းေပၚတြင္ ဓါတ္တိုင္အား ယာဥ္၀င္တိုက္မိရာမွ ယာဥ္ေမာင္းမွာ ေဆးရံုတြင္ ေသဆံုးၿပီး ယာဥ္မွာ မီးေလာင္

တာခ်ီလိတ္ - ၀မ္ပံုသြားလမ္းေပၚတြင္ ဓါတ္တိုင္အား ယာဥ္၀င္တိုက္မိရာမွ ယာဥ္ေမာင္းမွာ ေဆးရံုတြင္ ေသဆံုးၿပီး ယာဥ္မွာ မီးေလာင္
စက်တင်ဘာ 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းဖုန္း(က)ေက်းရြာအုပ္စု၊ တာခ်ီလိတ္ - ဝမ္ပံု ကားလမ္းတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၁)ရက္ေန႔ နံနက္(၈)နာရီေက်ာ္က ေမာ္ေတာ္ယာဥ္(၁)စီး လမ္းေဘး ဓါတ္တုိင္အား ဝင္တိုက္မိ၍ ယာဥ္ေမာင္းေသဆံုးၿပီး ေမာ္ေတာ္ယာဥ္ မီးေလာင္သြားေၾကာင္း သိရသည္။

CALDINA အမ်ိဳးအစား ေမာ္ေတာ္ယာဥ္တစ္စီး နံနက္(၈)နာရီေက်ာ္အခ်ိန္က လမ္းေဘးဓါတ္တိုင္ ဝင္တိုက္မိထားေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးရာ ယာဥ္ေမာင္းေနရာတြင္ သတိလစ္ေနသည့္ အမ်ိဳးသားတစ္ဦးကို ေတြ႔ရသျဖင့္ တာခ်ီလိတ္ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ရာ ေဆးရံုတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္မွာ နံနက္(၈)နာရီ (၂၀)မိနစ္ ဝန္းက်င္တြင္ မီးခိုးမ်ားထြက္လာၿပီး မီးစ တင္ေလာင္ကၽြမ္းသျဖင့္ မီးသတ္တပ္ဖြဲ႕က နံနက္(၉)နာရီတြင္ ေရာက္လာၿပီး ၿငိႇမ္းသတ္ေပးခဲ့ေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္သူမွာ မိုင္းဖုန္း(က)ေက်းရြာမွ အသက္(၅၈)ႏွစ္အရြယ္ ဦးေအာင္ႏုိင္ ဆိုသူျဖစ္ေၾကာင္း သိရၿပီး တာခ်ီလိတ္ဘက္မွ ဝမ္ပံုဘက္သို႔ ေမာင္းႏွင္လာစဥ္ ယာဥ္တို္က္မႈ ျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္မဆင္မျခင္ေမာင္းႏွင္သည့္ ေအာင္ႏုိင္အား ဝမ္ပံုနယ္ေျမရဲစခန္းတြင္ ယာဥ္(ပ)၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄ က/၂၈၅/၂၇၉ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲျမင့္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ တာချီလိတ် - ဝမ်ပုံ ကားလမ်းတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့ နံနက်(၈)နာရီကျော်က မော်တော်ယာဉ်(၁)စီး လမ်းဘေး ဓာတ်တိုင်အား ဝင်တိုက်မိ၍ ယာဉ်မောင်းသေဆုံးပြီး မော်တော်ယာဉ် မီးလောင်သွားကြောင်း သိရသည်။

CALDINA အမျိုးအစား မော်တော်ယာဉ်တစ်စီး နံနက်(၈)နာရီကျော်အချိန်က လမ်းဘေးဓာတ်တိုင် ဝင်တိုက်မိထားကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ယာဉ်မောင်းနေရာတွင် သတိလစ်နေသည့် အမျိုးသားတစ်ဦးကို တွေ့ရသဖြင့် တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

မော်တော်ယာဉ်မှာ နံနက်(၈)နာရီ (၂၀)မိနစ် ဝန်းကျင်တွင် မီးခိုးများထွက်လာပြီး မီးစ တင်လောင်ကျွမ်းသဖြင့် မီးသတ်တပ်ဖွဲ့က နံနက်(၉)နာရီတွင် ရောက်လာပြီး ငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ် မောင်းနှင်သူမှာ မိုင်းဖုန်း(က)ကျေးရွာမှ အသက်(၅၈)နှစ်အရွယ် ဦးအောင်နိုင် ဆိုသူဖြစ်ကြောင်း သိရပြီး တာချီလိတ်ဘက်မှ ဝမ်ပုံဘက်သို့ မောင်းနှင်လာစဉ် ယာဉ်တို်က်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သည့် အောင်နိုင်အား ဝမ်ပုံနယ်မြေရဲစခန်းတွင် ယာဉ်(ပ)၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ က/၂၈၅/၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲမြင့်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~