ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္(၁)တြင္ တစ္ပတ္အတြင္း ယာဥ္အိုယာဥ္ေဟာင္း (၁၇)စီး ဖမ္းမိ

ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္(၁)တြင္ တစ္ပတ္အတြင္း ယာဥ္အိုယာဥ္ေဟာင္း (၁၇)စီး ဖမ္းမိ
စက်တင်ဘာ 12, 2018
By 🌸
ထုိင္းႏုိင္ငံနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္(၁) တြင္ ျဖတ္သန္းသြားလာေနသည့္ ယာဥ္အိုယာဥ္ေဟာင္းမ်ားအား ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလဆန္းမွ စတင္ဖမ္းဆီးေနရာ စက္တင္ဘာလ (၁၂)ရက္ေန႔အထိ ယာဥ္အစီးေရ(၁၇)စီး ဖမ္းဆီးထားၿပီးျဖစ္ေၾကာင္း သိရသည္။

“အခုလက္ရိွမွာေတာ့ တံတားေပၚမွာ ယာဥ္အိုယာဥ္ေဟာင္းေတြ သိပ္မေတြ႔ေတာ့ဘူး။ သူတုိ႔ ဝပ္ေရွာ့ေတြမွာ ျပင္ဆင္တာေတြ လုပ္ေနၾကပါတယ္။ အခုအခ်ိန္ထိ စုစုေပါင္း (၁၇)စီးကို အမႈဖြင့္ၿပီး တရားရံုးမွာ ဒဏ္ေၾကးေဆာင္ထားၿပီးပါၿပီ”ဟု တာခ်ီလိတ္ခရိုင္ ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(၁၁၇)မွ ဒုရဲမွဴး ေဇာ္မင္းသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆုိပါတံတားမွာ လူအဝင္အထြက္ႏွင့္ တစ္ပိုင္တစ္ႏုိင္ကုန္သြယ္ေရးအတြက္ ကုန္စည္သယ္ေဆာင္ရာတြင္ အသံုးျပဳခြင့္ေပးထားျခင္းျဖစ္ၿပီး ကုန္စည္သယ္ေဆာင္ျခင္းကို ထုိင္းလိုင္စင္တပ္ထားသည့္ ယာဥ္အိုယာဥ္ေဟာင္းမ်ားျဖင့္ သယ္ေဆာင္ေနသျဖင့္ ဖမ္းဆီးေနျခင္းျဖစ္ေၾကာင္း သိရသည္။

နယ္စပ္ၿမိဳ႕ တာခ်ီလိတ္တြင္ ထုိင္းႏုိင္ငံလိုင္စင္နံပါတ္ျပားပါသည့္ ေမာ္ေတာ္ယာဥ္မ်ားကို  ႏွစ္ႏုိင္ငံ နားလည္မႈ စာခၽြန္လႊာအရ ၿမိဳ႕အထြက္မယ္ယန္းဂိတ္အထိ ခြင့္ျပဳေပးထားၿပီး လူစီးယာဥ္မ်ား၊ တစ္ႏုိင္တစ္ပိုင္ ကုန္စည္သယ္သည့္ယာဥ္မ်ားကို ခ်စ္ၾကည္ေရးတံတား အမွတ္(၁)မွလည္းေကာင္း၊ ဆီေဘာက္ဆာႏွင့္ လုပ္ငန္းသံုးယာဥ္မ်ားကို ခ်စ္ၾကည္ေရးတံတား အမွတ္(၂)မွလည္းေကာင္း ခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းနံပါတ္ျပားတပ္ထားသည့္ ေမာ္ေတာ္ယာဥ္မ်ားအား တာခ်ီလိတ္ၿမိဳ႕တြင္း ခြင့္ျပဳထားရာတြင္ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူမ်ားအေနျဖင့္ ျမန္မာႏုိင္ငံသားမ်ားျဖစ္ပါက ျမန္မာႏုိင္ငံမွ သတ္မွတ္လိုင္စင္ႏွင့္ ျမန္မာႏုိင္ငံသားမဟုတ္သူမ်ားအတြက္ အာဆီယံလုိင္စင္တုိ႔ကို ခြင့္ျပဳေပးထားျခင္းျဖစ္ၿပီး လက္ရိွတြင္ ယာဥ္အိုယာဥ္ေဟာင္းမ်ားအား ဖမ္းဆီးၿပီး ဒဏ္ေၾကးေဆာင္ေစကာ ယာဥ္အားျပင္ဆင္ေစေၾကာင္း သိရသည္။

ယာဥ္အိုယာဥ္ေဟာင္းမ်ားကို ဖမ္းဆီးရမိပါက တရားရံုးတြင္ ဒဏ္ေၾကးေပးေဆာင္ေစရာ ကားတစ္စီးလွ်င္ အနိမ့္ဆံုးဒဏ္ေၾကး က်ပ္(၅၀၀၀၀)၊ ဆုိင္ကယ္တစ္စီးလွ်င္ အနိမ့္ဆံုးဒဏ္ေၾကး က်ပ္(၃၀၀၀၀) ဒဏ္ေၾကး ေဆာင္ေစၿပီး ယာဥ္အား ျပဳျပင္ေစေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Aung Kyaw Win Sein

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)တွင် တစ်ပတ်အတွင်း ယာဉ်အိုယာဉ်ဟောင်း (၁၇)စီး ဖမ်းမိ
***************
ထိုင်းနိုင်ငံနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁) တွင် ဖြတ်သန်းသွားလာနေသည့် ယာဉ်အိုယာဉ်ဟောင်းများအား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလဆန်းမှ စတင်ဖမ်းဆီးနေရာ စက်တင်ဘာလ (၁၂)ရက်နေ့အထိ ယာဉ်အစီးရေ(၁၇)စီး ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိမှာတော့ တံတားပေါ်မှာ ယာဉ်အိုယာဉ်ဟောင်းတွေ သိပ်မတွေ့တော့ဘူး။ သူတို့ ဝပ်ရှော့တွေမှာ ပြင်ဆင်တာတွေ လုပ်နေကြပါတယ်။ အခုအချိန်ထိ စုစုပေါင်း (၁၇)စီးကို အမှုဖွင့်ပြီး တရားရုံးမှာ ဒဏ်ကြေးဆောင်ထားပြီးပါပြီ”ဟု တာချီလိတ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၁၁၇)မှ ဒုရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါတံတားမှာ လူအဝင်အထွက်နှင့် တစ်ပိုင်တစ်နိုင်ကုန်သွယ်ရေးအတွက် ကုန်စည်သယ်ဆောင်ရာတွင် အသုံးပြုခွင့်ပေးထားခြင်းဖြစ်ပြီး ကုန်စည်သယ်ဆောင်ခြင်းကို ထိုင်းလိုင်စင်တပ်ထားသည့် ယာဉ်အိုယာဉ်ဟောင်းများဖြင့် သယ်ဆောင်နေသဖြင့် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်မြို့ တာချီလိတ်တွင် ထိုင်းနိုင်ငံလိုင်စင်နံပါတ်ပြားပါသည့် မော်တော်ယာဉ်များကို  နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအရ မြို့အထွက်မယ်ယန်းဂိတ်အထိ ခွင့်ပြုပေးထားပြီး လူစီးယာဉ်များ၊ တစ်နိုင်တစ်ပိုင် ကုန်စည်သယ်သည့်ယာဉ်များကို ချစ်ကြည်ရေးတံတား အမှတ်(၁)မှလည်းကောင်း၊ ဆီဘောက်ဆာနှင့် လုပ်ငန်းသုံးယာဉ်များကို ချစ်ကြည်ရေးတံတား အမှတ်(၂)မှလည်းကောင်း ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနံပါတ်ပြားတပ်ထားသည့် မော်တော်ယာဉ်များအား တာချီလိတ်မြို့တွင်း ခွင့်ပြုထားရာတွင် မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် မြန်မာနိုင်ငံသားများဖြစ်ပါက မြန်မာနိုင်ငံမှ သတ်မှတ်လိုင်စင်နှင့် မြန်မာနိုင်ငံသားမဟုတ်သူများအတွက် အာဆီယံလိုင်စင်တို့ကို ခွင့်ပြုပေးထားခြင်းဖြစ်ပြီး လက်ရှိတွင် ယာဉ်အိုယာဉ်ဟောင်းများအား ဖမ်းဆီးပြီး ဒဏ်ကြေးဆောင်စေကာ ယာဉ်အားပြင်ဆင်စေကြောင်း သိရသည်။

ယာဉ်အိုယာဉ်ဟောင်းများကို ဖမ်းဆီးရမိပါက တရားရုံးတွင် ဒဏ်ကြေးပေးဆောင်စေရာ ကားတစ်စီးလျှင် အနိမ့်ဆုံးဒဏ်ကြေး ကျပ်(၅၀၀၀၀)၊ ဆိုင်ကယ်တစ်စီးလျှင် အနိမ့်ဆုံးဒဏ်ကြေး ကျပ်(၃၀၀၀၀) ဒဏ်ကြေး ဆောင်စေပြီး ယာဉ်အား ပြုပြင်စေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - Aung Kyaw Win Sein

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~