ပြင့္ျဖဴၿမိဳ႕နယ္မွ ႏွစ္ေပါင္း (၁၃၀)ဝန္းက်င္သက္တမ္းရိွ ဘားဝပ္ေက်ာင္း ပ်က္စီးယိုယြင္းေန

ပြင့္ျဖဴၿမိဳ႕နယ္မွ ႏွစ္ေပါင္း (၁၃၀)ဝန္းက်င္သက္တမ္းရိွ ဘားဝပ္ေက်ာင္း ပ်က္စီးယိုယြင္းေန
စက်တင်ဘာ 12, 2018
By 🌸
မေကြးတိုင္းေဒသႀကီး ပြင္႔ျဖဴၿမိဳ႕နယ္၊ လယ္ကိုင္းၿမိဳ႕ေဟာင္းရိွ ႏွစ္ေပါင္း(၁၃၀)ဝန္းက်င္ရိွေနၿပီျဖစ္သည့္ ဘားဝပ္ဘုန္းေတာ္ႀကီးေက်ာင္းကို ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ ယဥ္ေက်းမႈဦးစီးဌာနက ျပဳျပင္မႈအခ်ိဳ႕ ျပဳလုပ္ခဲ့ေသာ္လည္း ျပသာဒ္မ်ား၊ တိုင္မ်ားႏွင့္ ၾကမ္းခင္းမ်ား ယိုယြင္းပ်က္စီးေနဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဘုန္းေတာ္ႀကီးေက်ာင္းမွာ ေက်ာင္းခန္းေပါင္း (၁၆၅)ခန္း၊ ေက်ာင္းတိုင္ေပါင္း(၁၆၅) တိုင္ရိွၿပီး ေတာင္ေျမာက္(၆၇)ေပ ၊ အေ႐ွ႕အေနာက္ (၁၂၈)ေပ ၊ ေျမျပင္မွ အေဆာင္မအထိ အျမင္႔ (၃၉.၉) ေပ ၊ အေဆာင္မမွ ျပသာဒ္အထိ အျမင္႔(၇၅)ေပ ၊ ေလွကားထစ္(၁၂)ထစ္ပါ ေလွကား (၆)စင္းတို႔ျဖင္႔ ဖြဲ႔စည္း တည္ေဆာက္ထားသည့္ ႀကီးမားသည့္ေက်ာင္းေတာ္ႀကီးျဖစ္ၿပီး လက္ရိွတြင္ တုိင္အလံုးေပါင္း (၅၀)ခန္႔မွာ ယိုင္နဲ႔ေနေၾကာင္း သိရသည္။

"လက္႐ွိအေျခအေနကေတာ႔ ၾကမ္းခင္းေတြ သိပ္မေကာင္းဘူး။ ျပသာဒ္ေဆာင္ လံုးဝမျပင္ရေသးဘူး။ ယိုင္ေနတဲ့တိုင္အလံုးႀကီး (၃၀)ေလာက္နဲ႔ အရန္တိုင္ အလံုး(၂၀)က ျပန္မတ္ဖို႔လိုေနပါတယ္။ အေပၚ ျပ သာဒ္ကလည္း ျပတ္က်ေတာ႔မယ့္ အေနအထား ျဖစ္ေနတယ္။ လံုးလံုးပ်က္ဆီးသြားရင္ေတာ႔ ယဥ္ေက်းမႈ အေမြအႏွစ္က အလကားျဖစ္သြားမယ္ ” ဟု လယ္ကိုင္းေဒသခံတစ္ဦးျဖစ္သူ ဦးဝင္းျမင္႔ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆုိပါေက်ာင္းေတာ္ႀကီးမွာ ေရွးေဟာင္း႐ုပ္စံုေက်ာင္းမ်ားႏွင့္ အသြင္တူသည့္ ေဇတဝန္ေက်ာင္း အမ်ိဳးအစားျဖစ္ၿပီး ျမန္မာသကၠရာဇ္(၁၂၅၀)ခုႏွစ္တြင္ လယ္ကိုင္းၿမိဳ႕အုပ္ႀကီး ဦးအံေထာ္နီႏွင္႔ ဇနီးေဒၚအံေထာ္နီတို႔က ေငြဒဂၤါး (၁၀)တင္းအကုန္အက်ခံ ေဆာက္လုပ္လွဴဒါန္းခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္အဆိုပါေက်ာင္းအား သံဃာေတာ္မ်ားႏွင့္ ေဒသခံမ်ားက ေစာင့္ေရွာက္ေနၿပီး ေက်ာင္းအတြင္း ယဥ္ေက်းလိမၼာသင္တန္းမ်ား၊ ကြန္ပ်ဴတာသင္တန္းမ်ား ဖြင့္လွစ္ျခင္း၊ ေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ႏွင့္ စႏၵကူးနံ႔သာ ေက်ာင္းေတာ္ရာ ဘုရားပဲြေတာ္ခ်ိန္မ်ား၌ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးမ်ားႏွင့္ ေရွးေဟာင္းအေမြအႏွစ္ စိတ္ဝင္စားသူမ်ား လာေရာက္လည္ပတ္ျခင္းမ်ားရိွေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ပွင့်ဖြူမြို့နယ်မှ နှစ်ပေါင်း (၁၃၀)ဝန်းကျင်သက်တမ်းရှိ ဘားဝပ်ကျောင်း ပျက်စီးယိုယွင်းနေ
***************
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့ဟောင်းရှိ နှစ်ပေါင်း(၁၃၀)ဝန်းကျင်ရှိနေပြီဖြစ်သည့် ဘားဝပ်ဘုန်းတော်ကြီးကျောင်းကို ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ယဉ်ကျေးမှုဦးစီးဌာနက ပြုပြင်မှုအချို့ ပြုလုပ်ခဲ့သော်လည်း ပြသာဒ်များ၊ တိုင်များနှင့် ကြမ်းခင်းများ ယိုယွင်းပျက်စီးနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းခန်းပေါင်း (၁၆၅)ခန်း၊ ကျောင်းတိုင်ပေါင်း(၁၆၅) တိုင်ရှိပြီး တောင်မြောက်(၆၇)ပေ ၊ အရှေ့အနောက် (၁၂၈)ပေ ၊ မြေပြင်မှ အဆောင်မအထိ အမြင့် (၃၉.၉) ပေ ၊ အဆောင်မမှ ပြသာဒ်အထိ အမြင့်(၇၅)ပေ ၊ လှေကားထစ်(၁၂)ထစ်ပါ လှေကား (၆)စင်းတို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် ကြီးမားသည့်ကျောင်းတော်ကြီးဖြစ်ပြီး လက်ရှိတွင် တိုင်အလုံးပေါင်း (၅၀)ခန့်မှာ ယိုင်နဲ့နေကြောင်း သိရသည်။

"လက်ရှိအခြေအနေကတော့ ကြမ်းခင်းတွေ သိပ်မကောင်းဘူး။ ပြသာဒ်ဆောင် လုံးဝမပြင်ရသေးဘူး။ ယိုင်နေတဲ့တိုင်အလုံးကြီး (၃၀)လောက်နဲ့ အရန်တိုင် အလုံး(၂၀)က ပြန်မတ်ဖို့လိုနေပါတယ်။ အပေါ် ပြ သာဒ်ကလည်း ပြတ်ကျတော့မယ့် အနေအထား ဖြစ်နေတယ်။ လုံးလုံးပျက်ဆီးသွားရင်တော့ ယဉ်ကျေးမှု အမွေအနှစ်က အလကားဖြစ်သွားမယ် ” ဟု လယ်ကိုင်းဒေသခံတစ်ဦးဖြစ်သူ ဦးဝင်းမြင့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကျောင်းတော်ကြီးမှာ ရှေးဟောင်းရုပ်စုံကျောင်းများနှင့် အသွင်တူသည့် ဇေတဝန်ကျောင်း အမျိုးအစားဖြစ်ပြီး မြန်မာသက္ကရာဇ်(၁၂၅၀)ခုနှစ်တွင် လယ်ကိုင်းမြို့အုပ်ကြီး ဦးအံထော်နီနှင့် ဇနီးဒေါ်အံထော်နီတို့က ငွေဒင်္ဂါး (၁၀)တင်းအကုန်အကျခံ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်အဆိုပါကျောင်းအား သံဃာတော်များနှင့် ဒေသခံများက စောင့်ရှောက်နေပြီး ကျောင်းအတွင်း ယဉ်ကျေးလိမ္မာသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ခြင်း၊ ရွှေစက်တော်ဘုရားပွဲတော်နှင့် စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားပွဲတော်ချိန်များ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများနှင့် ရှေးဟောင်းအမွေအနှစ် စိတ်ဝင်စားသူများ လာရောက်လည်ပတ်ခြင်းများရှိကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~