တာခ်ီလိတ္တြင္ က်င္းပသည့္ ျမန္မာႏုိင္ငံလူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔အခမ္းအနားသို႔ ျမန္မာႏွင့္ ထုိင္းမွ လူဦးေရ (၆၀၀)ေက်ာ္တက္ေရာက္

တာခ်ီလိတ္တြင္ က်င္းပသည့္ ျမန္မာႏုိင္ငံလူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔အခမ္းအနားသို႔ ျမန္မာႏွင့္ ထုိင္းမွ လူဦးေရ (၆၀၀)ေက်ာ္တက္ေရာက္
စက်တင်ဘာ 13, 2018
By 🌸
ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာႏုိင္ငံလူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အခမ္းအနားကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၃)ရက္ေန႔က က်င္းပရာ ေဒသတြင္း သက္ဆုိင္ရာ ဌာနမ်ား၊ အဖြဲ႕အစည္းႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ဘက္မွ သက္ဆုိင္ရာအဖြဲ႕မ်ားအပါအဝင္ စုစုေပါင္း လူဦးေရ (၆၀၀)ေက်ာ္ တက္ေရာက္ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ ဟုတ္တက္ခမ္းမတြင္ က်င္းပသည့္ အဆိုပါအခမ္းအနားတြင္ လူကုန္ကူးမႈတုိက္ဖ်က္ေရးအထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ခရိုင္အတြင္း အေျခခံပညာေက်ာင္းမ်ားတြင္ က်င္းပခဲ့သည့္ ၿပိဳင္ပြဲမ်ားမွ ဆုရေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ဆုခ်ီးျမႇင့္ျခင္း၊ ေက်ာင္းသားေက်ာငး္သူမ်ားက ေတးသရုပ္ေဖၚႏွင့္ တစ္ခန္းရပ္ျပဇာတ္ကျပျခင္းတို႔ ပါဝင္ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားကို ခရုိင္လူကုန္ကူးမႈ တားဆီးကာကြယ္ေရးအဖြဲ႕ဥကၠဌ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ ဒုဥကၠဌ (ေခတၱ) ခရိုင္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး အုန္းလြင္၊ ခရိုင္/ၿမိဳ႕နယ္လူကုန္ကူးမႈ တားဆီးကာကြယ္ေရးအဖြဲ႕ဝင္မ်ား၊ ဌာနဆုိင္ရာမ်ား၊ တာခ်ီလိတ္ေရေၾကာင္းရဲတပ္ဖြဲ႕ (ဝမ္ပံု) တပ္ဖြဲ႕ခြဲမွဴး ဒုရဲမွဴးႀကီး ရဲဝင့္ေနာင္ႏွင့္ တပ္ဖြဲ႕စုမွဴး၊ တပ္ဖြဲ႕စိတ္မွဴးမ်ား၊ ျမန္မာ - ထုိင္းနယ္စပ္လူကုန္ကူးမႈပူးေပါင္းတုိက္ဖ်က္ေရးဆုိင္ရာ ေကာ္မတီဝင္မ်ား၊ ထုိင္းႏုိင္ငံ မယ္ဆုိင္လဝကမွ တရားမဝင္ေရႊ႕ေျပာင္းအလုပ္သမားလႊဲေျပာင္းေရးအဖြဲ႕၊ မယ္ဆုိင္ရဲစခန္းမွဴး၊ မယ္ဆုိင္ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးအဖြဲ႕၊ မယ္ဆုိင္ မူးယစ္အဖြဲ႕၊ တာခ်ီလိတ္ၿမိဳ႕ရိွ အေျခခံပညာေက်ာင္းမ်ားမွ ဆရာ/ဆရာမမ်ားႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ ႏုိင္ငံေရးပါတီမ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ားစသည္ျဖင့္ စုစုေပါင္း လူဦးေရ (၆၆၀) တက္ေရာက္ေၾကာင္း သိရသည္။

သတင္း #ၾကည္စိုးလင္း
ဓါတ္ပံု - ေအာင္ေက်ာ္ဝင္းစိန္၊ ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ကျင်းပသည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားသို့ မြန်မာနှင့် ထိုင်းမှ လူဦးရေ (၆၀၀)ကျော်တက်ရောက်
***************
မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့က ကျင်းပရာ ဒေသတွင်း သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ သက်ဆိုင်ရာအဖွဲ့များအပါအဝင် စုစုပေါင်း လူဦးရေ (၆၀၀)ကျော် တက်ရောက်ကြကြောင်း သိရသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် ဟုတ်တက်ခမ်းမတွင် ကျင်းပသည့် အဆိုပါအခမ်းအနားတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအထိမ်းအမှတ်အဖြစ် တာချီလိတ်ခရိုင်အတွင်း အခြေခံပညာကျောင်းများတွင် ကျင်းပခဲ့သည့် ပြိုင်ပွဲများမှ ဆုရကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်း၊ ကျောင်းသားကျောင်းသူများက တေးသရုပ်ဖေါ်နှင့် တစ်ခန်းရပ်ပြဇာတ်ကပြခြင်းတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ဒုဥက္ကဌ (ခေတ္တ) ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းလွင်၊ ခရိုင်/မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာချီလိတ်ရေကြောင်းရဲတပ်ဖွဲ့ (ဝမ်ပုံ) တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ရဲဝင့်နောင်နှင့် တပ်ဖွဲ့စုမှူး၊ တပ်ဖွဲ့စိတ်မှူးများ၊ မြန်မာ - ထိုင်းနယ်စပ်လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ကော်မတီဝင်များ၊ ထိုင်းနိုင်ငံ မယ်ဆိုင်လဝကမှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားလွှဲပြောင်းရေးအဖွဲ့၊ မယ်ဆိုင်ရဲစခန်းမှူး၊ မယ်ဆိုင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့၊ မယ်ဆိုင် မူးယစ်အဖွဲ့၊ တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများစသည်ဖြင့် စုစုပေါင်း လူဦးရေ (၆၆၀) တက်ရောက်ကြောင်း သိရသည်။

သတင်း #ကြည်စိုးလင်း
ဓါတ်ပုံ - အောင်ကျော်ဝင်းစိန်၊ ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~