ဘိန္းစိမ္းမ်ားကို ဆုိင္ကယ္ဒူးကာႏွင့္ ကာဗာမ်ားအတြင္း ထည့္သြင္းသယ္လာသူမ်ားကို က်ိဳင္းတံုတြင္ဖမ္းမိ

ဘိန္းစိမ္းမ်ားကို ဆုိင္ကယ္ဒူးကာႏွင့္ ကာဗာမ်ားအတြင္း ထည့္သြင္းသယ္လာသူမ်ားကို က်ိဳင္းတံုတြင္ဖမ္းမိ
စက်တင်ဘာ 16, 2018
By 🌸
ဘိန္းစိမ္း (၁၄.၁)ကီလိုကို ဆုိင္ကယ္ ဒူးကာႏွင့္ ကာဗာမ်ားအတြင္း ထည့္သြင္း သယ္ေဆာင္လာသူ(၂)ဦးကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္၊ က်ိဳင္းတုံ - ေတာင္ႀကီးလမ္း၊ က်ိဳင္းေဖာင္းပူးေပါင္းစစ္ေဆးေရး စခန္းတြင္ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတုံမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၄) ရက္ေန႔ ေန႔လယ္ (၁၁)နာရီ (၄၅)မိနစ္အခ်ိန္တြင္ က်ိဳင္းေဖာင္းပူးေပါင္းစစ္ေဆးေရးစခန္း၌ စစ္ေဆးေနစဥ္ ေတာင္ႀကီးဘက္မွ က်ိဳင္းတံုဘက္သို႔ အိုက္စိုင္းႏွင့္ အိုက္ေဖးတို႔ႏွစ္ဦး ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္ႏွစ္စီးကိုရွာေဖြရာ အိုက္စိုင္း၏ဆိုင္ကယ္ဒူးကာႏွင့္ကာဘာမ်ားအတြင္းမွ ဘိန္းစိမ္း (၈) ကီလိုႏွင့္ ေငြ (၇၅,၀၀၀) က်ပ္ကိုလည္းေကာင္း၊ အိုက္ေဖး၏ဆိုင္ကယ္ဒူးကာႏွင့္ကာဘာမ်ားအတြင္းမွ ဘိန္းစိမ္း (၆) ဒသမ (၁) ကီလိုႏွင့္ ေငြ (၄၅,၀၀၀)က်ပ္တို႔ကိုလည္းေကာင္း သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးသယ္ေဆာင္လာသည့္ အိုက္စိုင္းကို  မယ(ပ) ၁၈၅/၂၀၁၈၊ မူူး/စိတ္ ၁၉(က)/၂၀(က)ျဖင့္လည္းေကာင္း၊ အိုက္ေဖ့ကို မယ(ပ)၁၈၆/၂၀၁၈၊ မူူး/စိတ္ ၁၉(က)/၂၀(က)ျဖင့္လည္းေကာင္း က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ဘိန်းစိမ်းများကို ဆိုင်ကယ်ဒူးကာနှင့် ကာဗာများအတွင်း ထည့်သွင်းသယ်လာသူများကို ကျိုင်းတုံတွင်ဖမ်းမိ
***************
ဘိန်းစိမ်း (၁၄.၁)ကီလိုကို ဆိုင်ကယ် ဒူးကာနှင့် ကာဗာများအတွင်း ထည့်သွင်း သယ်ဆောင်လာသူ(၂)ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်း၊ ကျိုင်းဖောင်းပူးပေါင်းစစ်ဆေးရေး စခန်းတွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့ နေ့လယ် (၁၁)နာရီ (၄၅)မိနစ်အချိန်တွင် ကျိုင်းဖောင်းပူးပေါင်းစစ်ဆေးရေးစခန်း၌ စစ်ဆေးနေစဉ် တောင်ကြီးဘက်မှ ကျိုင်းတုံဘက်သို့ အိုက်စိုင်းနှင့် အိုက်ဖေးတို့နှစ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှစ်စီးကိုရှာဖွေရာ အိုက်စိုင်း၏ဆိုင်ကယ်ဒူးကာနှင့်ကာဘာများအတွင်းမှ ဘိန်းစိမ်း (၈) ကီလိုနှင့် ငွေ (၇၅,၀၀၀) ကျပ်ကိုလည်းကောင်း၊ အိုက်ဖေး၏ဆိုင်ကယ်ဒူးကာနှင့်ကာဘာများအတွင်းမှ ဘိန်းစိမ်း (၆) ဒသမ (၁) ကီလိုနှင့် ငွေ (၄၅,၀၀၀)ကျပ်တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးသယ်ဆောင်လာသည့် အိုက်စိုင်းကို  မယ(ပ) ၁၈၅/၂၀၁၈၊ မူူး/စိတ် ၁၉(က)/၂၀(က)ဖြင့်လည်းကောင်း၊ အိုက်ဖေ့ကို မယ(ပ)၁၈၆/၂၀၁၈၊ မူူး/စိတ် ၁၉(က)/၂၀(က)ဖြင့်လည်းကောင်း ကျိုင်းတုံမြို့မရဲစခန်းတွင်အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~